ဘုန်းတော်ကြီး မောရစ်(စ်)ညွန့်ဝေနှင့်ဘုန်းတော်ကြီးမာရ်ကူးတင်ဝင်းတို့အား မြန်မာနိုင်ငံဓမ္မပညာရှင်များအဖြစ် စီဘီစီအမ်က သတ်မှတ်တော်မူ

016-b

ရန်ကုန်၊ ဇန်နဝါရီလ ၂၂၊

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်ကဘုန်းတော်ကြီး မောရစ်(စ်)ညွန့်ဝေနှင့်ဘုန်းတော်ကြီးမာရ်ကူးတင်ဝင်းတို့အား မြန်မာနိုင်ငံဓမ်္မပညာရှင်များ Myanmar Catholic Theologians အဖြစ် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ – ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်သော နှစ်ပတ်လည်မျက်နှာစုံညီလာခံတွင် သတ်မှတ်လိုက်သည်။ ဘုန်းတော်ကြီး မောရစ်(စ်)ညွန့်ဝေသည် ပုသိမ် ကက်သလစ်သာသနာမှ ဖြစ်တော်မူပြီး နှင့်ဘုန်းတော်ကြီးမာရ်ကူးတင်ဝင်းသည် မန်္တလေးကက်သလစ်သာသနာမှ ဖြစ်တော်မူသည်။သူတို့နှစ်ပါးတို့သည် ရောမမြို့တွင် အတွေးအခေါ်ဘာသာရပ်နှင့်ကိုယ်ကျင့်တရားဆိုင်ရာဘာသာရပ်တို့တွင် ဒေါက်တာဘွဲ့များကို ဆွတ်ခူးထားသူများ ဖြစ်ကြသည်။

ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အစည်းအဝေးမှတ်တမ်းအရဆိုရလျှင် ၎င်း ဘုန်းတော်ကြီးနှစ်ပါးတို့သည် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အာရှတိုက်ကက်သ လစ်ဆရာတော်ကြီးများအဖွဲ Federation of Asian Bishops’ Conference (FABC) တွင် မြန်မာနိုင်ငံမှ ဓမ်္မပညာရှင်များအဖြစ် သွားရောက်ပါဝင်ကာ လုပ်ဆောင်ကြမည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့နှစ်ပါးသည် ၂၀၁၅ ခုနှစ်၊ မေလ ၅ – ၇ ရက်နေ့ထိပြုလုပ်သော ဓမ်္မဘာသာရပ်ဆိုင်ရာ အဖွဲ့အစည်း၏ အစည်းအဝေးသို့ တက်ရောက်ကြမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ဓမ်္မပညာရှင်အဖြစ် ရွေးချယ်ခြင်းအပေါ် ဓမ်္မပညာရှင်ဘုန်းတော် ကြီးမောရစ်(စ်) နှင့်ဘုန်းတော်ကြီးမာရ်ကူးတင်ဝင်းတို့၏ ခံစားချက် ကို မေးမြန်း ရာ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း မဆက်သွယ်နိုင်ခဲ့ပေ။ သို့သော် ဘုန်းတော်ကြီးမောရစ်စ်ကမူ၊ မိမိအနေဖြင့် ကြီးလေးတဲ့တာဝန်ဟု လက်ခံထား သလို ပိုပြီးတော့ ကြိုးစားလုပ်ကိုင်သွားရမည်ဟု ခံယူမိကြောင်း ဂလိုရီယား သတင်း ဂျာနယ်သို့ ဖြေကြားပေးတော်မူသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ – ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ တွင် ပြုလုပ်သော နှစ်ပတ်လည်မျက်နှာစုံညီလာခံ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်၏ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တချို့ကို တင်ဆက်ပေးလိုက်ပါသည်။

၁။ ကရုဏာရုံးများကို ငွေစာရင်းစစ် ဝင်ရန် အကြံပြုသည်။
၂။ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွ့ဲချုပ်ဆိုင်ရာ အားကစား၊ အနုပညာနှင့်ယဉ်ကျေးမှုကော်မရှင်ကို အသစ်ဖွဲ့စည်းသည်။ ၎င်းကော်မရှင်ကို ဆရာတော်ဖိလစ်ဇာဟောင်းနှင့်လူငယ်ကော်မရှင်ဒါရိုက်တာတို့က တာဝန်ယူမည် ဖြစ်သည်။
၃။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဗာတီကန်တွင် ပြုလုပ်မည်ဖြစ်သော တကမ်္ဘာလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရဟန်းမင်းအမတ် ဆရာတော်ကြီးချားလ်စ်ဘိုနှင့် အရန်အဖြစ် ဆရာတော် ဖေးလစ်လျန် ခဲန်းထန်တို့ကို ရွေးချယ်သတ်မှတ်သည်။
၄။ ဆရာတော်များအကြားတွင် လုပ်ငန်းတာဝန်များကို ခွဲဝေကြရာ ဆရာတော်လောင်း ဂျွန်စောယောဟန်သည် ခရစ်ယာန်ဂိုဏ်းပေါင်း စုံနှီးနှော်ဖ လှယ်ခြင်းကို တာဝန်ယူမည်ဖြစ်သည်။
၅။ ဟားခါးဆရာတော်လူးစီအူးစ်ဟရယ်ကုန်းသည် မိသားစု၊ အစီပါ၊ အမျိုးသမိးရေးရာကော်မရှင်၏ ဥက်္ကဌတာဝန်ကို တာဝန်ယူ ထားသည်။
၆။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်ဆိုင်ရာပညာရေးကော်မရှင်ကို မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွ့ဲချုပ်ဆိုင်ရာဂရုဏာဖွဲ့စည်းပုံအောက် သို့ ပြောင်းရွှေ့ ကြသည်။ သို့သော် ပညာရေးကော်မရှင်သည် မိမိ၏လုပ်ငန်းများကို လွတ်လပ် စွာ လုပ်ကိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
၇။ နှစ် ၅၀၀ ဂျူဗလီပွဲတောင်ကျင်းပရာတွင် ဘာသာဝင်များ၏လှူဒါန်းငွေသည် ကုန်ကျငွေထက် များသဖြင့် လက်ကျန်အလှူငွေကို နှစ် ၅၀၀ ဂျူဗလီပွဲတော်၏ အမှတ်တရအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျိုးရှိသော လုပ်ငန်း တစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်သည်။
၈။ ဦးဖေးဘီယံမ်မြင့်မောင်အား မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွ့ဲချုပ်ဆိုင်ရာ ပြည်သူ့ဆက်ဆံရေးအတွင်းရေးမှူး အဖြစ်ခန့်အပ်သည်။ ၀၀၂ ဝင်းလှိုင်ဦး

1313  Views
Previous: အားကောင်းလာနေသော မလေးရှားနိုင်ငံရောက် မြန်မာကက်သလစ်ခရစ်ယာန်ဘာသာဝင်များ
Next: ချုံကြားမှ ဘုံဖျားသို့ ရောက်လာကြသော တက်္ကသိုလ်ကျောင်းသူ/သားများ၏ အမျိုးသားပညာရေးဥပဒေတိုက်ပွဲ