ဘုရားသခင်နှင့်တွေ့ဆုံနိုင်ရန်အတွက် တိတ်ဆိတ်ခြင်းလိုအပ်သည်ဟု ကာဒီနယ်ဆာရတ်က မိန့်ကြားတော်မူ

ရောမ၊ မေလ ၂၅၊ ၂၀၁၇ CNA
ရဟန်းအမတ် ဆရာတော်ကြီးဆာရတ်က အသင်းတော်သည်သာ တိတ်ဆိတ်ခြင်းကို လိုအပ်သည် မဟုတ်ဘဲ တိတ်ဆိတ်သောနေ ထိုင်ခြင်းနှင့် ဘုရားသခင်ကို နားထောင်ခြင်း သည်အထိ ရောက်ဆုံးဖြစ်သည်ဟု မိန့်ကြားတော်မူလိုက်သည်။
ကာဒီနယ်ဆာရတ်က “ကျွန်တော်တို့က မိမိတို့ဟာ ပြောရမယ်၊ တစ်ခုခုလုပ်နေရမယ်။ လှုပ်ရှားနေရမယ် ဆိုတာကို မြင်ကြပါတယ်။ ဒါပေမယ့် တိတ်ဆိတ်ခြင်းဟာ ရှိခိုးကိုးကွယ် မှုပြုခြင်းဖြစ်ပြီး ကောင်းမြတ်မှုပြုခြင်းလည်း ဖြစ်ပါတယ်” ဟုရှင်းပြတော် မူသည်။
ကာဒီနယ်ဆာ ရတ်သည် ရဟန်းမင်းကြီးဆိုင်ရာ ဘုရားရှိခိုး ခြင်းနှင့် စက္ကရမင်းတူးများ ဝိနည်းဆိုင်ရာ ဌာန၏ ဥက္ကဌဖြစ် တော်မူသည်။ ကာဒီ နယ်ဆာရတ်က “တိတ်ဆိတ်ခြင်းသည် လွန်စွာပင် အကျိုးထိရောက် မှုရှိတယ်။ ၎င်းတိတ် ဆိတ်ခြင်းက ခင်ဗျားတို့ ကိုယ့်ကိုကိုယ် သုံးသပ်ခွင့်၊ သိရှိလေ့ လာခွင့်၊ နားထောင်ခွင့်နဲ့ ဘုရားသခင် ကိုလည်း နားထောင်ခွင့် ပေးပါတယ်” ဟု ဟောကြားတော်မူသည်။
ကာဒီနယ် ဆာရတ်က “ဆူညံခြင်း၏ရိုက် ခတ်ခြင်းကို အန်တုပြီး ကျွန်တော်တို့ဟာ ဘုရားရှိခိုးချိန်မှာပဲ ဆိတ်ငြိမ်ခြင်းကို လိုအပ်တာ မဟုတ်ဘဲ စာအုပ်ဖတ်တဲ့အခါ သံစဉ်မြူးစစ်တွေကို နားဆင်တဲ့အခါမှာလည်း ဆိတ်ငြိမ်ခြင်းဟာ လိုအပ်ပါတယ်။ အနားယူဖို့အတွက် လည်း ဆိတ်ငြိမ်ခြင်းကို လိုအပ်ပါတယ်။ တိတ်ဆိတ်ခြင်းက မိမိ၏အသွင်းစိတ်ကို မြင်တွေ့ခွင့်ရရှိ စေပါတယ်” ဟု မိမိရေး သားထုတ်ေ၀ သော “တိတ်ဆိတ်ခြင်း ၏တန်ခိုး” ဟူသော စာအုပ်ထဲတွင် ရေးသားထားသည်။
ကာဒီနယ်ဆာရတ်က “လူတွေဟာ စိတ်ညစ်ရတဲ့ အခြေအနေ တွေကို ရင်ဆိုင်ရတတ်တယ်။ ကျွန်တော် တို့ဘဝမှာ မနက်မိုးလင်း ကနေ မိုးချုပ်တဲ့အထိ တိတ်ဆိတ်ခြင်းကို မရနိုင်ကြဘူး။ ကျွန်တော်တို့ဟာ ကော်လဟာလတွေ၊ သတင်းတွေ၊ ရေဒီယိုတွေနဲ့ တယ်လီဖုန်းတွေ ကိုပဲနားထောင်ကြရတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာဘုရားရှင်နဲ့တွေ့ဆုံနိုင်ဖို့အဓိပ္ပါယ်ရှိတဲ့ဘဝကိုပိုင်ဆိုင်ဖို့အ တွက်တိတ်ဆိတ်ခြင်း ကိုလိုအပ်ကြပါတယ်” ဟု အကျယ်တဝင့် ရေးသားထား တော်မူသည်။