ဘုရားနှင့်အနီးကပ် အတူရှိနေသလို လူတွေနဲ့လည်း အတူရှိကြဖို့ ဆရာတော်အသစ်များအား ရဟန်းမင်းကြီး တိုက်တွန်း


စက်တင်ဘာ ၁၂၊ ၂၀၁၉၊ ဗာတီကန်

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က၂၀၁၈ ခုနှစ်က သိက်္ခာခံယူခဲ့သော ဆရာတော်သစ်များနှင့် တွေဆုံရာတွင် ဘုရားနှင့် အနီးကပ် အတူရှိနေသလို လူတွေနဲ့လည်း အတူရှိကြရန် ဆရာတော်အသစ်များအား စက်တင်ဘာ ၁၂ ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။
အရှင်သူမြတ်က ““ကျွနု်ပ်တို့ရဲ့လုပ်ငန်းစဉ်ဟာ အသင်းတော်နှင့် အတူရှိနေသလို ကမ်္ဘာကြီးကိုလည်း ဘုရားသခင်၏ စက်္ကရမင်းတူတွေနဲ့ နီးစပ်အောင် လုပ်ဆောင်ပေးဖို့ဖြစ်တယ်။ ကမ်္ဘာကြီးက ဘုရားနဲ့နီးစပ်ဖို့ရှာဖွေနေ တယ်။ ဒီနေရာမှာ သိုးထိန်းကောင်များ၏ ဘဝပေးဆပ်ပြီး အစေခံသော နူးညံ့သိမ်မွေ့မှုများပေးဆပ်ခြင်း မရှိတော့ရင် အသင်းတော်ကိုယ်၌ကိုက ပျောက်ဆုံးနေသလိုပါပဲ”” ဟု ဆရာတော်အသစ်များအား သတိပေးတော်မူ လိုက်သည်။
အရှင်သူမြတ်က ကက်သလစ်ဆရာတော်ကြီးများ၏ အဓိကတာဝန်များကို အောက်ပါအချက် (၅) ချက် ဖြင့် မီးမောင်းထိုးပြပေးတော်မူလိုက်သည်။ ၎င်းတို့မှာ
(၁) ဘုရားနှင့် နီးစပ်စွာ နေခြင်း
(၂) ဘုရား၏ သားသမီးများနှင့် အတူရှိခြင်း
(၃) ကောင်းသော ဆာမာရီတန် နှင့် နီးစပ်ခြင်း
(၄) ဆင်းရဲသားများနှင့် အတူရှိခြင်း
(၅) နားထောင်တတ်ခြင်း

(၁) ဘုရားနှင့် နီးစပ်စွာ နေခြင်း
ဘုရားနှင့် နီးစပ်စွာနေခြင်းဟာ ဆရာတော်ကြီးများရဲ့ အဓိက ရှင်သန်ရမည်အ့သက်တာဖြစ်တယ်၊ ထို့အတွက်သာလျှင် ကျွနု်ပ်တို့တည်ရှိနေကြခြင်း ဖြစ်တယ်။ ဘုရားနဲ့ နီးစပ်မှုမရှိရင် ဘုရားနဲ့ ဆက်သွယ်လိုမရဘူး၊ ဘုရားနဲ့ နီးစပ်မှုမရှိတော့ရင် မျိုးစေ့ကြဲချသူနဲ့ မနီးစပ်တော့ရင် မျိုးစေ့တွေရှင်သန်ကြီးထွားမှုမှာ ဒို့တတွေစိတ်ရှည် သည်းခံစွာ ပါဝင်နိုင်မှာမဟုတ်ဘူး။

(၂) ဘုရား၏ သားသမီးများနှင့် အတူရှိခြင်း
ကျွနု်ပ်တို့၏အဓိက လုပ်ဆောင်ရမည့်အချက်က ဘုရားသခင်က ကျွန်ုပ်တို့လက်မှာအပ်နှံထားတဲ့ သူရဲ့သားသမီးတွေနဲ့ နီးစပ်စွာရှိနေဖို့ပဲ၊ ညီအစ်ကိုယ်မောင်နှတွေရဲ့ ဝမ်းသာခြင်း ဝမ်းနည်းခြင်းတွေကို ကျွန်ုပ်တို့ရဲ့ နှလုံးသားနဲ့ခံစားရမယ်၊ ကိုယ့်ကိုကိုယ်ဂုဏ်ဖော်ဖို့မဟုတ်၊ သခင်ခရစ်တော်က သင်တို့ရဲ့နှုတ်ကကြေငြာတဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေ၊ သင်တို့ရဲ့ သနားကြင်နာတတ်သော နှစ်သိမ့်ပေးသည့်လက်တွေကနေ လူတွေကို ထိတွေ့နေတယ် ဆိုတာ ဆရာတော်တို့ သတိရှိကြပါ။ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ရဲ့ အသက်ရှင် နေထိုင်မှုနဲ့ဟောပြော သက်သေခံရမယ်၊ လောကလူသားတွေရဲ့ တွက်ချက်တိုင်းတာခြင်းမျိုးနဲ့မတူသော အတိုင်းအတာ မရှိသော ချစ်ခြင်းမေတ်္တာမျိုးနဲ့ ရှင်သန်ရမှာဖြစ်တယ်။

(၃) ကောင်းသော ဆာမာရီတန်နှင့်နီးစပ်ခြင်း
ဆရာတော်တွေရဲ့ ဘုရားနဲ့နီးစပ်ခြင်းဟာ အပြောအဟောကောင်းရုံသက်သက်မဟုတ်၊ ကိုယ့်ကိုယ်ကို အမွန်းတင်နေဖို့မဟုတ် တစ်ပါးသူအတွက် အစေခံခြင်းမှာ အသင့်ဖြစ်နေဖို့သာဖြစ်တယ်။ ကောင်းသော ဆာမာရီတန်ကဲ့သို့သော အသက်တာမှာ ရှင်သန်နေဖို့ ဖြစ်တယ်။ ပြသနာတွေကို မသိကျိုးကျွန်ပြုခြင်း၊ ခေါင်းရှောင် ခြင်းမျိုး မဖြစ်ရ၊ လမ်းလွှဲသွားတာမျိုး လူတွေကို စောင့်နေရာအောင် လုပ်တာမျိုးမဖြစ်စေရ။ စားပွဲမှာ အချိန်ကုန်နေခြင်းမျိုးထက် လူတွေအတွက် အချိန်ပေးဖို့၊ လူတွေနဲ့ အမြဲထိတွေမူ့ရှိနေဖို့ လိုအပ်တယ်။ ကောင်းသော ဆာမာရီတန်ဟာ ဒဏ်ရာတွေကို ဆေးထည့်ပေးခြင်း၊ စည်းကြပ်ပေးခြင်းမှာ သူ့ရဲ့လက်တွေကိုညစ်ပေစေခဲ့တယ်။ ဒါ့ကြောင့် ဘုရားသခင်ရဲ့ သားသမီးတွေနဲ့အတူရှိခြင်းဆိုတာ သူတို့ရဲ့ နာကျင်မှုတွေ ပျော်ရွှင်မှုတွေနဲ့ အတူ ရှိနေဖို့၊ ဝေမျှခံစားဖို့ဖြစ်တယ်။

(၄) ဆင်းရဲသားများ နှင့် အတူရှိခြင်း
ဆင်းရဲသားများအပေါ်မှာ ဘယ်လောက်ဂရုစိုက်သလည်းဆိုတဲ့အရာက သင့်ရဲ့နည်းစပ်မှုကို တိုင်းတာ သော အရာဖြစ်တယ်။ ဖြူစဉ်ရိုးသားတဲ့ အသက်တာ ရှင်သန်ခြင်းဆိုတာ သခင်ခရစ်တော်ဟာ ကျွန်ုပ်တို့ဘဝအတွက် ပြီးပြည့်စုံသောအရာအဖြစ် သက်သေခံခြင်းဖြစ်ပြီး ကျွန်ုပ်တို့ကိုဝန်းရံနေတဲ့ တန်ဖိုးရှိတဲ့အရာတွေဟာ ဆင်းရဲသားတွေသာဖြစ်နေခြင်းက၊ သိုးထိန်းကောင်းဆိုတာ ပုံဖော်နေခြင်းပါ။ ကျွနု်ပ်ဆိုလိုတဲ့အဓိပ်္ပါယ်က ဖခင်တစ်ဦးရဲ့ဘဝအသက်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ သင့်ကို အဖေလို့သတ်မှတ်ထားသူတွေ၊ သင့်ရဲ့လက်ကို အပ်နှံထားသူတွေရဲ့ ဘဝတွေကို မြင်နိုင်၊ စောင့်ရှောက်နိုင်ရမယ်၊ သူတိုအ့တွက် ငိုကြွေးနိုင်ရမယ်။

(၅) နားထောင်တတ်ခြင်း
ဆရာတော်များဟာ နားထောင်တတ်သော နောက်လိုက်ကောင်းတွေဖြစ်ကြရမယ်၊ နားထောင်တက်တဲ့သူ တွေအတွက် ကြားရမဲ့အရာတွေက နားဝင်ချိုသောအရာများကိုတော့ အမြဲကြားရမှာမဟုတ်ပါဘူး။ ကိုယ်ပြောသမျှ ခေါင်းငြိမ့်နေတတ်သောYes men တွေနဲ့ပဲ ဝန်းရံမနေပါစေနဲ့။ ဘာသာသူသိုးစုများဆီသို့ မကြာခဏ သွားရောက် လည်ပတ်ကြပါ၊ ဘာသာဝင်များနှင့်တွေ့ဆုံသလို သူတို့ကိုကြည့်ရှုနေရသော ဘုန်းတော်ကြီးများနှင့် လည်း တွေ့ဆုံကြပါ၊ အမိမယ်တော်ကဲ့သို့ ဘုရားရဲ့ နှစ်သိမ့်ပေးမှုကို သယ်ဆောင်သွားသူများအဖြစ် သွားရောက် ကြည့်ရှု့ကြပါ။

(၆) ဘုန်းတော်ကြီးများနှင့် နီးစပ်စွာနေခြင်း
ဘုန်းတော်ကြီးများသည် ဆရာတော်များအတွက် အနီးစပ်ဆုံးမိတ်ဆွေများ ဖြစ်ကြပါတယ်။ နောက်ဆုံး အချက်အနေနှင့် ဘုန်းတော်ကြီးများနှင့် နီးကပ်စွာနေကြဖို့၊ သူတို့ကို ချစ်ဖို့၊ အဖော်ပြုပေးဖို့၊ ခွန်အားပေးကြရမှာ ဖြစ်ပါတယ်။

772  Views
Previous: တကမ်္ဘာလုံးမှာ ရှိသော ကက်သလစ်သာသနာတော်က ကလေးသူငယ်များ၏ဘ၀ လုံခြုံရေးကို ကာကွယ်ပေးရမည်
Next: ငါတို့အမေဟာ ကောင်းကင်တံခါးဝမှာ စောင့်နေဟု အမိမေရီ၏ကောင်းကင်ဘုံ ပင့်ဆောင်ခြင်းခံရသောပွဲနေ့၌ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဟောကြား