မက်္ကဆီကိုနိုင်ငံရှိ ကြေးဖြင့် ထုလုပ်ထားသောခရစ်တော်၏မိခင်မေရီ ဆင်းတုမှ သံလွင်ဆီမျက်ရည်စီးကျမှုဖြစ်ပေါ်

မက်္ကဆီကို၊ ဇူလိုင် ၁၅၊ ၂၀၁၈

မက်္ကဆီကိုနိုင်ငံရှိ လာခရုစေးကက်သလစ်သာသနာနယ်ရှိ ဟော့မြို့က ဂွါဒါလုပေမယ်တော်ဘုရားကျောင်း ဝင်းရှိ မေရီ (မယ်တော်) ဂူတွင် တည်ထားသော (ကြေးဖြင့်ထုလုပ်ထားသော) မေရီဆင်းတု၏မျက်စိထဲမှ သံလွင်ရည် သည် မေလစတင်ပြီး စီးကျမှု ဖြစ်ပေါ်နေသည်ဟု သတင်းရရှိပါသည်။
၎င်းဆင်းတုကို သက်ဆိုင်ရာအာဏာပိုင်များ၊ ဆရာတော်များနှင့်ဘာသာဝင်များက စစ်ဆေးရာတွင် ၎င်း ဆင်းတုသည် ကြေးဖြင့် သွန်းလောင်းထားပြီး ဆင်းတု၏အထဲတွင် မည်သည့်အရာမျှ ထည့်သွင်းထားခြင်းမရှိသည့် အပြင် ဆင်းတု၏အတွင်းပိုင်းကို ဖွင့်ထားသောစနစ်ဖြင့် ထုလုပ်ထားခြင်း ဖြစ်သည်ကို တွေ့ရှိကြရသည်။
လာခရုစေးကက်သလစ်သာသနာပိုင်ဆရာတော်ကြီး အိုစကာ ကန်တူးက မိမိ၏ နယ်မြေထဲတွင် ယခုကဲ့သို့ တန်ခိုးပြနေသော မယ်တော်၏ ကြေးဆင်းတုမှ စီးကျလာ သော သံလွင်မျက်ရည်နမူနာကို ယူပြီး ဓါတ်ခွဲခန်းသို့ ပို့ ကာ စမ်းသပ်မှုများကို ပြုလုပ်နေပြီးဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်တော်မူလိုက်သည်။
ဆက်လက်ပြီး ၎င်းဆရာတော်က၊ ““ကျွန်တော်တို့အနေနဲ့ကတော့ မယ်တော်ရဲ့မျက်ရည်ဟာ သံလွင်ဆီ ဖြစ်ပါတယ်။ မွှေးရနံ့သင်းသောသံလွင်ဆီ ဖြစ်တယ်ဆိုတာ အတည်ပြုပါတယ်။ တချို့မျက်မြင်သက်သေတွေကတော့၊ ဒီမယ်တော်ရဲ့သံလွင်ဆီမျက်ရည်က နှင်းဆီပန်းလို မွှေးတယ်လို့ ပြောကြသလို ဆေးကြောခြင်း၊ ခရစ်စမတ်အားပေး ခြင်းနှင့် ရဟန်းသိကာခံတဲ့အချိန်မှာလိမ်းကြံဖို့အတွက် ကျွန်တော်က ကောင်းကြီးပေးဖန်ဆင်း ထားတဲ့ဆီနဲ့တူတယ် လို့လည်း သက်သေခံကြပါတယ်”” လို့ မိန့် ကြားတော်မူသည်။
အမှန်စင်စစ်၊ ကြေးဖြင့် သွန်းလုပ်ထားသော မိခင်မေရီဆင်းတု၏မျက်စိတော်မှ သံလွင်ဆီနှင့်တူသော မျက်ရည် စီးကျလာခြင်းသည် မေရီ (မယ်တော်သခင်မ) ၏ တန်ခိုးမဖြစ်နိုင်ဟု ကြိုတင်ကောက်ချက်ချ၍မရပေ။ ဤဆင်းတုမှ မျက်ရည်စီးကျမှုကို မြင်တွေ့ကြရသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက ““ဒါဟာ မယ်တော်မေရီရဲ့ တန်ခိုးပြခြင်း ဖြစ်ပါတယ်။ ဒီဆင်းတုဟာ ကျွန်တော်တို့ ဘုရားကျောင်းထဲမှာ ဘုရားဝတ်ပြုနေကြ တဲ့အချိန်မှာ မျက်ရည်စီးထွက်လာတာ ကျွန်တော်တို့အားလုံး မြင်ပါတယ်”” ဟု အတည်ပြုသက်သေခံကြပါသည်။
ထို့ကြောင့်၊ လာခရုစေးကက်သလစ်သာသနာပိုင်ဆရာတော်ကြီး အိုစကာ ကန်တူးက ““ပထမအနေနဲ့၊ ဒီတန်ခိုးလကဏာက သဘာဝအလျောက်ဖြစ်မဖြစ်ကို စမ်းစစ်ရပါတယ်။ နောက်တစ်ချက်က၊ ဒီသံလွင်ဆီနဲ့တူတဲ့ မျက်ရည်နာမူနာကိုယူပြီး ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးနေပါတယ်။ တတိယအချက်ကတော့၊ ဒီဆင်းတုရဲ့တည်ဆောက် ပုံကို လေ့လာပါတယ်။ အဲဒီဆင်းတုရဲ့အတွင်း ဟောင်းလောင်းထဲမှာက ပင့်ကူအိမ်တွေပဲ ရှိတော့၊ အဲဒီပင့်ကူအိမ် တွေကိုလည်း ဓါတ်ပုံ ရိုက်မှတ် တမ်းယူထားပါ တယ်။ နောက်ပြီးတော့ ဒီဆင်းတုကို ကြေးဖြင့်ထုလုပ်ခဲ့သူကိုပါ ဆက်သွယ်ထားပါတယ်။”” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လာခရုစေးကက်သလစ်သာသနာပိုင်ဆရာတော်ကြီး အိုစကာ ကန်တူးအား အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားကက်သလစ်သာသနာသို့ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် ပြောင်း ရွှေ့ခန့်အပ်လိုက်ပြီး ၎င်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့အထိသာ လာခရုစေးကက်သလစ် သာသနာပိုင်ဆရာတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်သည်။
ဆရာတော်ကြီးအိုစကာကန်တူးက ““လူတွေက တီထွင်ဖန်တီး လုပ်ထားတာ ဟုတ်မဟုတ်ကို အားလုံးက ကြေးဖြင့် သွန်းလုပ် ထားသော မေရီဆင်းတုကို ဝိုင်းစစ်ဆေး ကြတဲ့အခါမှာ၊ ကြေးဆင်းတု အထဲမှာက ဘာမှမရှိဘူး။ ဟောင်းလောင်းကြီးပဲ။ ဒီဟောင်း လောင်းကြီး ထဲကနေ ဘယ်လိုမှ သံ လွင်ဆီ ကဲ့သို့သော မျက် ရည်ဟာ မယ် တော်မေရီ ရဲ့မျက်စိကနေ စီးဆင်း လာစရာအကြောင်းကို ရှာမတွေ့ကြဘူး။”” ဒါက ကျွန်တော်တို့အားလုံးရဲ့နောက်ဆုံးဆုံးဖြတ် ချက်ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ်မူတည်ပြီး၊ ဒီကြေးမေရီဆင်းတုရဲ့မျက်ရည်ဟာ သဘာထက်လွန်ကဲသော ဖြစ်ရပ်အဖြစ် သတ်မှတ်သင့်မသင့်ကိုတော့ အချိန်ယူ ဆန်းစစ် ချက်တွေ ဆက် လုပ်ကြအုံးမှာ ဖြစ်ပါတယ်။ ဘာသာတူတွေရဲ့ သက်သေထွက်ဆိုချက်တွေမှာတော့၊ အမေရိကန်သမတ ဒေါနယ်ထရမ်က အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြသော မိသားစုများကို မိဘများနဲ့သားသမီးများ ခွဲခြားဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် မယ်တော်သခင်မက ဝမ်းနည်းလို့ ဒီလိုဆင်းတုကနေ မျက်ရည်ယိုစီးလာတာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာတော့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကို ရဟန်းမင်းကြီး ဖရန်စစ်ဆီကို အစီရင်ခံ သွားမှာ ဖြစ်ပါတယ်”” ဟု သတင်း ထောက် တွေကို မိန့်ကြားတော်မူသည်။ ၀၀၅ ကုန်ဇမှုန်း

1041  Views
Previous: ဖိလစ်ပိုင်နိုင်ငံ၌ ပြာခံပွဲနေ့တွင်ပြာအသုတ်ခံရသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်တချို့၏ နဖူးတွင်ပူလောင်ခြင်း ခံရမှုဖြစ်ပွား
Next: ရဟန်းမင်းအမတ်ချားလ်စ်ဘိုက ဘုန်းတော်ကြီးနေရီအူးစ်မောင်မောင်အား ရဟန်းမင်းကြီး၏တရားဟောအမှုတော်ဆောင် မွန်ဆီညော်ဘွဲ့ကို ချီးမြှင့်ပေးအပ်တော်မူ