မလေးရှားနိုင်ငံရောက်၊ ချင်း (လိုင်လူမျိုး) ကက်သလစ်ဘာသာဝင်များထံ မြန်မာနိုင်ငံမှသာသနာပြုခြင်း (၁၀) နှစ်ပြည့်ဂျူဗလီကျင်းပခြင်း


မလေးရှားနိုင်၊ ဧပြီလ ၃၀၊ ၂၀၁၉

မလေးရှားနိုင်ငံရောက်၊ ချင်း (လိုင်လူမျိုး) ကက်သလစ်ဘာသာဝင်များထံ သာသနာပြုနေခြင်း (၁၀) နှစ်ပြည့်ဂျူဗလီပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့က ကွာလာလွမ်ပူရ်မြို့တွင် စည်ကားစွာ ကျင်းပနိုင်ခဲ့သည်။ ၎င်းပွဲတော်ကို စိန်ဂျွန်ကာသီဒြယ်ဘုရားကျောင်း၏ ခန်းမဆောင်တွင် ကျင်းပရာ၊ မလေးရှားနိုင်ငံ ရောက် မြန်မာကက်သလစ်အဖွဲ့အစည်း၏ဝိညာဉ်ရေးတာဝန်ခံဖြစ်တော်မူသော ကလေးကက်သလစ်သာသနာမှ ဖာသာရ်ရောဘတ်၊ ဖိတ်ကြားခံရသော ဖာသာရ်ဒေးဗစ်ခင်မှုန်းနှင့် ဂျိုးဇက်ကုန်ဇမှုန်းတို့နှင့်အတူ မလေးရှား နိုင်ငံရောက်၊ လူမျိုးစုအသီးသီးမှ မြန်မာကက်သလစ်အဖွဲ့အစည်းများနှင့်ဘာသာဝင်ပေါင်း ဦးရေ (၁၀၀၀) နီးပါး တက်ရောက်ကြသည်။ နိုင်ငံရေးနှင့်စီးပွားရေးအခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့်၊ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းသွားကြသော ချင်းလူမျိုးများသည် မလေးရှားနိုင်ငံတွင် ဘာသာရေး၊ လူမှုရေးဆိုင် ရာများကို လုပ်ကိုင်နိုင်ရေးအတွက် ခရစ်ယာန်ဂိုဏ်းကွဲများက လူမျိုးစုကိုအခြေခံသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာရ ဃ့မငျအငညေ ၤနူူသတျ့ငဈ အဖွဲ့အစည်းများကို စတင်ထူထောင်လာခဲ့ကြသော်လည်း၊ ဝတ်ပြုကိုးကွယ် မှုများတွင်မူ ခရစ်ယာန်ဂိုဏ်းကွဲများ၏ ဝတ်နည်းအတိုင်းသာ ပြုလုပ်လာကြသဖြင့် တချို့သော ကက်သလစ် ခရစ်ယာန် ဘာသာဝင်များသည် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိတ်သဟာရထဲသို့ ကူးပြောင်းမှုများ ရှိလာကြသည့်အပြင် ၎င်းခရစ်ယာန်ဂိုဏ်းပေါင်းစုံမိတ်သဟာရလုပ်ပုံကို မနှစ်သက်သော ချင်းကက်သလစ်ဘာသာဝင်များကလည်း စတင်ခွဲထွက်ရန် စီစဉ်လာကြလေသည်။
ထို့ကြောင့် မလေးရှားနိုင်ငံရောက်၊ ချင်း (နှာရိန်းစကားကို ပြောဆိုသော လူသုဗ်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များထဲမှ ဦးမာတင်းဗီယားလင်းတို့ ဦးဆောင်သောအဖွဲ့က မလေးရှားနိုင်ငံရောက်၊ ချင်း (နှာရိန်းစကားကို ပြောဆိုသော လူသုဗ်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များ ူကအကလ ဃအေ့သူငခ ဃသာာကညငအပ သ် ြေူပျေငေ (ူဃဃြ) ကို စတင်ထူထောင်ရန် အဆိုပြုလာကြလေသည်။ ၎င်းအဆိုပြုမှုကို မလေးရှားနိုင်ငံ ရောက်၊ ချင်း (နှာရိန်းစကားကို ပြောဆိုသော လူသုဗ်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များက သဘောတူကြပြီး နောက် လိုအပ်သော အကြံအဥဏ်များနှင့်အကူအညီများကို မြန်မာနိုင်ငံ၊ ရန်ကုန်ရှိ ဦးဂျိုးဇက် ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးအား အကူအညီလှမ်းတောင်းခဲ့ကြသည်။
မြန်မာနိုင်ငံ၊ ရန်ကုန်ရှိ ဦးဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးက ဟားခါးကက်သလစ်ဆရာတော်ကြီး နီးကော်လပ်စ်မန်းထန်အား မသိစေဘဲ၊ နှာရိန်းကျောင်းထိုင်ဘုန်းတော်ကြီး ဒေါ်မီနစ်ကုန်တီလ်နှင့်တိုင်ပင်ပြီးနောက်၊ ကက်သလစ်ဓမ်္မဆရာတစ်ပါးကို မလေးရှားနိုင်ငံသို့ ပို့ဆောင်စေလွှတ်ပေးရန်နှင့် အဖွဲ့အစည်း၏အခြေခံဥပဒေ များကို ရေးဆွဲပေးရန်ဆုံးဖြတ်ခဲ့ကြလေသည်။
နှာရိန်းကျောင်းထိုင်ဘုန်းတော်ကြီး ဒေါ်မီနစ်ကုန်တီလ်၏သဘောတူညီမှုဖြင့် ဦးဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးနှင့်ဒေါ်အေမီတို့၏မိသားစုသည် မိမိတို့၏ကိုယ်ပိုင်ငွေဖြင့် သီဆဲန်ကျေးရွာမှ ကက်သလစ်ဓမ်္မဆရာ ဂျွန်ဒါရ်ထောင်းအား ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်သွားကြ ပြီး ၎င်းနေ့၌ မလေးရှားနိုင်ငံရောက်၊ ချင်း (နှာရိန်းစကားကို ပြောဆိုသော လူသုဗ်လူမျိုးနွယ်စု) ကက်သလစ် ဘာသာဝင်များ ူကအကလ ဃအေ့သူငခ ဃသာာကညငအပ သ် ြေူပျေငေ (ူဃဃြ) အဖွဲ့မဟုတ်ဘဲ၊ လူနည်းစုဖြစ်ကြသော ဟားခါးစကားပြောသူများကိုပါ ကူညီနိုင်ရန် ရည်ရွယ်ပြီး မလေးရှားနိုင်ငံရောက်၊ ချင်း (ဟားခါးစကားကို ပြောဆိုသော လိုင်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များအဖွဲ့အစည်း ူငေ ဃအေ့သူငခ ဃသာာကညငအပ သ် ြေူပျေငေ (ူဃဃြ) ကို တရားဝင်စတင်ဖွဲ့စည်းလိုက်ကြသည်။
ကက်သလစ်ဓမ်္မဆရာ ဂျွန်ဒါရ်ထောင်းက ဟားခါးဆရာတော်နီကော်လပ်စ်အား အသိမပေးဘဲ မလေးရှား နိုင်ငံသို့ သွားရမည်ကို ကြောက်ပါသဖြင့် ““ကျွန်တော့်ဇနီးက ဓမ်္မဆရာအလုပ်ကနေ အဖြုတ်မခံရအောင် သေချာ လုပ်ခိုင်းပါ”” ဟု မှာထားကြောင်းဖြင့် ဦးကုန်ဇမှုန်းအားနှင့် ဖာသာရ်ကုန်တီလ်တို့အား တောင်းဆိုခဲ့ကြောင်း၊ သူတို့နှစ်ဦးကလည်း တောင်းဆိုသည့်အတိုင်း ဖြစ်စေမည်ဟု အာမခံကြကြောင်း၊ သို့သော် မလေးရှားကို ရောက်ပြီး တစ်လမကြာခင်တွင် ဟားခါးကက်သလစ်သာသနာ၏လက်ထောက်ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန် (လက်ရှိ ကလေးကက်သလစ်သာသနာပိုင်ဆရာတော်ကြီး) က မလေးရှားနိုင်ငံကို ရောက်ရှိလာပြီး မမျှော်လင့်ဘဲ ဆရာတော် နဲ့တွေ့ဆုံသောအခါ၊ မလေးရှားနိုင်ငံရောက်၊ ချင်း (ဟားခါးစကားကို ပြောဆိုသော လိုင်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များအဖွဲ့အစည်း ူငေ ဃအေ့သူငခ ဃသာာကညငအပ သ် ြေူပျေငေ (ူဃဃြ) မှ လူကြီးများက ဆရာတော်ကြီးအား ဤအဖွဲ့အစည်းအကြောင်းနှင့်ဓမ်္မဆရာ လာရောက်ကြောင်းကို ရှင်းပြကြသည့်အပေါ် ဆရာတော်ကြီးက အားပေးစကားများပြောကြားခဲ့ကြောင်း၊ သို့သော် ဆရာ ဂျွန်ဒါရ်ထောင်းကမူ အလုပ်ပြုတ်သွား မည်ကို စိုးရိမ်ကာ ၎င်းညတွင် ချွေးရောပြန်ပြီး အဖျားတက်ခဲ့သည်ဟု ဦးဗီယာလင်းက ပြန်ပြောင်းပြောဆိုသည်။
၎င်းအဖွဲ့သည် (၁၀) နှစ်အတွင်း အသင်းသူ/သားဦးရေပေါင်း (၂၀၀၀) ကျော်ခဲ့သည့်အနက် (၁၀၀၀) ကျော်သည် အနောက်နိုင်ငံကြီးများ (အမေရိကန်၊ သြစတြေးလျား၊ ဥရောပနိုင်ငံများ) သို့ အခြေချနေထိုင်ကြလေ ပြီ ဖြစ်သည်။ လက်ရှိတွင် ၎င်းအဖွဲ့အစည်းထဲတွင် အသင်းသား (၈၀၀) ဝန်းကျင်ဦးရေ ရှိနေသေးသည်။ ၎င်းအဖွဲ့အစည်းသည် ယခုအခါ မိသားစုဝမ်းရေးအတွက် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်ရောက်ရှိနေသော ဟားခါးသာသနာမှ ဓမ်္မဆရာဟောင်းများကို မိမိတို့၏သိုးထိန်းဓမ်္မဆရာအဖြစ် ပြန်လည်ခန့်အပ်ခြင်း၊ ဘုရားကျောင်းသီးသန့်ဌားပြီး ကိုယ်ပိုင်အသင်းအဖွဲ့ဥပဒေနှင့်ရန်ပုံငွေတို့ဖြင့် ပုံမှန်လည်ပတ်နိုင်ခြင်း၊ ဟားခါး ကက်သလစ်ဆရာတော်ကြီး လူစီအူးစ်ဟရယ်ကုန်း၏ အနီးကပ်ပံ့ပို့မှုရရှိနေခြင်း၊ မိမိ၏အသင်းသားများအား ဆေးကြောခြင်းပေးခြင်း၊ ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုသင်တန်းများ ပေးခြင်း၊ ဘုရားစကားသင်ကြားပေးခြင်း၊ လက်ထပ်ထိမ်းမြားပေးခြင်း၊ တနင်္ဂနွေနေ့တိုင်း ဘုရားဝတ်ပြုခြင်း၊ ဟားခါး ကက်သလစ်သာသနာသို့ ငွေကြေး ထောက်ပံ့နိုင်ခြင်း၊ မလေးရှားနိုင်ငံ ရောက် မြန်မာကက်သလစ်အဖွဲ့အစည်း ပြညောမေ ဃအေ့သူငခ ဃသာာကညငအပ သ် ြေူပျေငေ (ဃြဃြ) နှင့်ပူးပေါင်း လုပ်ဆောင်ခြင်း၊ အသင်းသားများ၏ သာရေးနှင့်နာရေးလုပ်ငန်းများကို အားပါးတရ လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။
အနောက်နိုင်ငံကြီးများ (အမေရိကန်၊ သြစတြေးလျား၊ ဥရောပနိုင်ငံများ) သို့ ရောက်ရှိသွားကြသော ချင်း (ဟားခါးစကားကို ပြောဆိုသော လိုင်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များ ူငေ ဃအေ့သူငခ ဃသာာကညငအပ သ် ြေူပျေငေ (ူဃဃြ) သည် မလေးရှားနိုင်ငံ၏အတွေ့အကြုံကို အခြေခံပြီး မိမိတို့ရောက်ရှိသော နိုင်ငံများတွင် နိုင်ငံခြားစကားမတတ်ကျွမ်းသော မိမိလူမျိုးနှင့်ဘာသာဝင်များ အချင်းချင်း ကူညီရိုင်းပင်းနိုင် ကြရန်အတွက် အဖွဲ့အစည်းများကို ဆက်လက်ထူထောင်ကြပြီး ဟားခါးကက်သလစ်ဆရာတော်ကြီး လူစီးအူးစ် ဟရယ်ကုန်းထံမှ ပုံမှန်လည်ပတ်မှုနှင့် ဟားခါးသာသနာမှ ရဟန်းများကို စေလွှတ်ပေးခြင်းများကို ရရှိနေကြပြီ ဖြစ်သည်။
ယခုကဲ့သို့သော နားလည်ပေးမှု၊ အားပေးမှု၊ ကူညီပေးမှု၊ လည်ပတ်မှုတို့ကို ပြုလုပ်ပေးနိုင်သော ဟားခါး ကက်သလစ်ဆရာတော်ကြီး လူစီးအူးစ် ဟရယ်ကုန်း၊ ဂျိုးဇက်ကုန်ဇမှုန်း၊ ဘုန်းတော်ကြီး ဒေါ်မီနစ်ကုန်တီလ်နှင့် ဘုန်းတော်ကြီး ဒေးဗစ်ခင်မှုန်းတို့ကို ရရှိထားခြင်းသည် အနည်းဆုံး နိုင်ငံခြားရောက် ချင်း (ဟားခါးစကား ပြောဆိုသော လိုင်လူမျိုးနွယ်စု) ကက်သလစ်ဘာသာဝင်များအတွက် လောကနိဗာန်ဟု ဆိုရမည် ဖြစ်ပေသည်။

835  Views
Previous: ကာဒီနယ် ချားလ်စ်ဘို၏ ၂၀၁၉ ခုနှစ် ပါစကား သတင်းစကား
Next: ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်ရှိရဟန်းလောင်းများအား ငွေကြေးထောက်ပံ့ကြရန် ဆရာတော်ဂျွန်စောယောဟန်က စာထုတ်ပြန်တော်မူ