မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအကြား ပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ပုပ်ရဟန်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင် ရပ်တည်ခွင့်ကို လေးစားဖို့ တနင်္ဂနွေနေ့  (၁၉ ဇွန်လ ၂၀၂၂ ခုနှစ်) နေ့ ဆုတောင်းပွဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ဝမ်းနည်းစရာ သတင်းတွေကို သူ့အနေနဲ့ နောက်ထပ်ကြားရပြန်တယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရပြီး၊ သူတို့အတွက် အခြေခံလူသားချင်းစာနာမှု အထောက်အပံတွေလည်း မရှိဘူးဖြစ်နေတယ်လို့ ရေရှုခရစ်တော် လူဝင်စားခြင်းနေ့ ဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင် ဝတ်ပြုဆုတောင်းသူတွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့တောင်းဆိုချက်တွေမှာ သူလည်းအတူ ပူးပေါင်းပါဝင်ကြောင်းနဲ့ မြန်မာပြည်သူတွေကိုနိုင်ငံတကာ အသိုင်းအဝိုင်းက မေ့လျော့မထားပါဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်ခွင့် ဆိုတာကို လေးစားကြဖို့ တိုက်တွန်းလိုက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကိုလည်း လေးစားကြဖို့ ၊ မတိုက်ခိုက်ကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

St. Peter ရင်ပြင်က ဆုတောင်းပွဲကို တက်ရောက်လာကြာတဲ့ အီတလီနိုင်ငံမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းအတွက် ပုပ်ရဟန်းမင်းကြီးက အထူးတလည် ကောင်းချီးပေးခဲ့ပါတယ်။

412  Views
Previous: ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့ အွန်လိုင်းအစည်းအဝေးကျင်းပ
Next: ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာ ပို့ခွင့်ရ