ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ၀င်းလှိုင်ဦးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါဘေး (ပြည်သူသေဆုံးမှု) နည်းရန်အတွက် နိုင်ငံတော်အစိုးရထံအကြံပြုစာ

ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ၀င်းလှိုင်ဦးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါဘေး (ပြည်သူသေဆုံးမှု) နည်းရန်အတွက် နိုင်ငံတော်အစိုးရထံအကြံပြုစာ

ကျွန်တော်ဟာ ဆရာဝန်မဟုတ်ပေမယ့် Public Health ပြည်သူ့ကျန်းမာရေးကို စိတ်ဝင်စားပြီး စီမံချက်များ ရေးဆွဲအကောင်အထည် ဖော်နေသူ ဖြစ်ပါတယ်။

၁။ နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ကုသရေးအတွက် State Fund ငွေဘယ်လောက်လျာထားလဲဆိုတာကို ပြည်သူကိုချပြသင့်ပါတယ်။ ပြည်သူဆီက အလှုငွေကိုပဲ မမျှော်သင့်ဘူး။ ဒီလိုပြောနိုင်မှပဲ အစိုးရရဲ့ကြိုတင်စီမံမှု၊ ကာကွယ်မှု၊ ပြင်ဆင်ထားမှုများကို ပြည်သူက အားကိုးရဲမှာ ဖြစ်ပါတယ်။

၂။ အစိုးရအနေနဲ့ လူဦးရေ ဘယ်လောက် (ဥပမာ လူ ၃ သိန်း) လောက်က ဒီရောဂါကို ခံရနိုင်တယ်ဆိုတာမျိုးကို ကြိုတင်မှန်းဆ Expected Projection Patients သင့်တယ်။

၃။ ကြိုတင်မှန်းဆထားတဲ့ လူဦးရေကို ကုသရေး အခြေခံပြီး အစိုးရက လိုအပ်သော ဆေးဝါးကိရိယာများ၊ ပညာရှင်များ၊ နေရာထိုင်ခင်းများ၊ အစားအသောက်များ Stockpiling resources ဝယ်ယူသိုလှောင်ထားသင့်ပါတယ်။

၄။ အထက်ပါအချက်များကို နိုင်ငံတော်အစိုးရက ကြေညာထားတာ မတွေ့ရသေးဘူး။ အစိုးရက ဒီလို လုပ်ထားမယ်ဆိုရင် ကြိုတင်ပညာပေးလုပ်ငန်းကနေ ကုသရေးအထိ တာဝန်ယူတဲ့သူတွေဟာ သူတို့လိုအပ်တဲ့ ငွေကြေးတွေနဲ့ အကူအညီတွေကို ရယူပြီး ပြည်သူလူထုကိုအထိရောက်ဆုံး ကာကွယ်/ကုသပေးနိုင်ကြမှာ ဖြစ်ပါတယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ၀င်းလှိုင်ဦး
Phone: 095040477
Email: josephwin@gmail.com

1756  Views
Previous: ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့ဟာ လက်တွဲလုပ်ဆောင်နိုင်ပါကြောင်း ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်း မိန့်ကြား
Next: ဆရာတော်ကြီးမာကုတင်ဝင်းသည် မန်္တလေးကက်သလစ်ခရစ်ယာန်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် (၇)ပါးမြောက်အဖြစ် ပလ်္လင်အပ်နှင်းခြင်း ခံရတော်မူ