ယခင် အစိုးရ၏ စီမံကိန်းများ ဖျက်ချင်တိုင်း ဖျက်မရဟု အတိုင်ပင်ခံ ပြော ကလေးမြို့တွင် ဒေသခံ လူထုနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်


ကလေးမြို့၊ ဇန်နဝါရီလ၊ ၂၂၊ ၂၀၁၉၊ ထက်နိုင်ဇော် ဧရာဝတီ

ယခင် အစိုးရ လက်ထက်က ပြုလုပ်ခဲ့သည့် စီမံကိန်းများကို မိမိတို့ မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ ဖျက်သိမ်းမည် ဆိုပါက မိမိတို့နိုင်ငံကို မည်သူကမျှ အယုံအကြည် ရှိတော့မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဇန်နဝါရီ ၂၂ ရက်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့် ဒေသခံများ တွေ့ဆုံပွဲ၌ ကျောင်းသား တ၏ မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်သည်။
“ဥပမာ ဆိုပါစို့။ စီးပွားရေး လုပ်ငန်းတခုကို နိုင်ငံခြားကနေ လာပြီးတော့ ထူထောင်ထားတယ်။ အဲဒီအချိန်တုန်းက ခွင့်ပြုခဲ့တဲ့ အစိုးရက မရှိတော့တဲ့ အခါကျတော့ နောက်အစိုးရက အေး ဒါက ငါတို့ ခွင့်မပြုခဲ့တဲ့ စီမံကိန်းမို့လို့ ဖျက်စေ ဆိုပြီးတော့ ဖျက်လိုက်ရင် နောင် ဘယ်စီးပွားရေး လုပ်ငန်းရှင်ကမှ ဒီနိုင်ငံမှာ ရင်းနှီးချင်တော့မှာ မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခင် အစိုးရနှင့် ကတိကဝတ် ထားခဲ့ပြီး နောင်အစိုးရက ကတိမတည်သည့်အခါ ယုံကြည်၍ မရသည့် မယုံကြည်သင့် သည့် နိုင်ငံ ဖြစ်သွားတော့မည် ဖြစ်ကြောင်း၊ အစိုးရတိုင်း၏ တာဝန်သည် နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရမည် ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ်္ဂိုလ်က ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်သည် လက်ရှိ ကချင်ပြည်နယ် မြစ်ဆုံ ဒေသရှိ တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းကို ပြည်သူ လူထုက ပြင်းထန်စွာ ကန့်ကွက်နေချိန်နှင့်လည်း တိုက်ဆိုင်လျက် ရှိသည်။
တပ်မတော် အစိုးရ လက်ထက်က စတင်ခဲ့သည့် မြစ်ဆုံ စီမံကိန်းကို ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ယခင် သမ်္မတဦးသိန်းစိန် အစိုးရက ယာယီ ရပ်ဆိုင်းပေးခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ြီူ) အစိုးရ လက်ထက် တွင် ပြည်သူက ပို၍ ပြောဆိုမှုများ ရှိလာပြီး လုံး၀ ရပ်ဆိုင်းပေးရန် သဘောထား ရှိကြောင်း ထုတ်ဖော်မှု တချို့လည်း ရှိနေသည်။
ကချင် လူထုက ယခု စီမံကိန်းကို လုံး၀ မဘောမတူကြောင်း၊ ြီူ အစိုးရက မြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မယ်၊ မလုပ် ဘူး မပြောသည်မှာ နိုင်ငံရေး အကြပ်အတည်း ကြုံနေခြင်းနှင့် ယခုကိစ်္စသည် နိုင်ငံရေးနှင့်ပါ ဆက်နွယ်နေ၍ ဖြစ် ကြောင်း မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ပြောဆိုသည်။
ြီူ ၏ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သူ ဦးအင်ထုံးခါးနော်ဆန်က“ကျနော်တို့ကလည်း ပိတ်လိုက်ရင် လည်း တရုတ်ဘက်က စိတ်ဒေါသတွေ ထွက်လာစရာ အကြောင်း ရှိတယ်။ ခွင့်ပြုလိုက်တယ် ဆိုရင်လည်း ပြည်သူက လုံး၀ မကြိုက်တဲ့ အတွက် တနိုင်ငံလုံး အနေအထားနဲ့ ကျနော်တို့ အပေါ်မှာ ဆန်္ဒထုတ်ဖော်မှုတွေ ဖိအားတွေ များလာ နိုင်ပါတယ်”ဟု ဆိုသည်။
တပ်မတော် အစိုးရနှင့် တရုတ် ကုမ်္ပဏီတို့ကြား စာချုပ်ချုပ်ဆိုခဲ့သည်မှာ မည်သည့် အတိုင်းအတာဖြင့် စာချုပ်ခဲ့သည် ကို မသိရသော်လည်း ယင်းစီမံကိန်းကို သမ်္မတဦးသိန်းစိန် လက်ထက်ကပင် ဆန့်ကျင်ခဲ့သလို ယခုလည်း ပြည်သူနှင့် တသားတည်း ဆန့်ကျင်ရန် ရည်ရွယ်ထားပြီး ဖြစ်ကြောင်း ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥိးအောင်သိန်းက ပြောဆိုသည်။
လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ဘဝက မြစ်ဆုံ စီမံကိန်း စာချုပ် ကို ပြည်သူ လူထုသို့ ပွင့်လင်းမြင်သာမှု ရှိစွာ ချပြပေးရန် တောင်းဆိုခဲ့ဖူးပြီး လက်ရှိ အချိန် ြီူ အစိုးရ လက်ထက် အထိ စာချုပ်တွင် မည်သည့် အချက်အလက်များ ပါဝင်နေသည်ကို ပြည်သူ လူထုအား ပြောဆိုခြင်း မရှိသေးပေ။
ဥိးအောင်သိန်းက ““တရုတ် စီမံကိန်းတွေကို ကြည့်ရတာ သူတို့ ကိုယ်ကျိုးမပါဘဲနဲ့ လုပ်တာတော့ မရှိဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ မရှိပါဘူး။ ဥပမာ ရေနံပိုက်လိုင်းကို ကြည့်လိုက်။ စာချုပ် ချုပ်တဲ့သူတွေပဲ အကျိုးခံစား သွားတာ။ ပြည်သူ အကျိုး မပါပါဘူး”ဟု ပြောသည်။
ကချင် ပြည်နယ်တွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် စီမံကိန်းများ၌ တရုတ်နိုင်ငံက အနည်းဆုံး အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထင်ကရ ဧရာဝတီမြစ်၏ မြစ်ဆုံတွင် တည်ရှိပြီး အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်သည့် စီမံကိန်းကို ဆည်၏ လူမှု ဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်သည့် ပြည်သူ လူထု၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် သမ်္မတဦးသိန်းစိန်က ရွှေ့ဆိုင်းခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်“ကချင်ပြည်နယ်မှ အခြေအနေများကို ဆွေးနွေးရေး အတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့် ကချင် တိုင်းရင်းသား ခေါင်းဆောင်တချို့ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ံသညါ ူငညေါ ဟုန်လျံက တွေ့ ဆုံပြီးနောက် ကချင် ခေါင်းဆောင်များက မြစ်ဆုံစီမံကိန်းကို ထောက်ခံကြောင်း တရုတ် သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ ပြည်သူ လူထုကြား ဝေဖန်မှုများ ပြင်းထန်ခဲ့ကြသည်။
ထို့နောက် တရုတ်သံအမတ်နှင့် တွေ့ဆုံခဲ့သည့် ကချင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ ကလည်း ၎င်းတို့ အနေဖြင့် မြစ်ဆုံ စီမံကိန်းကို မထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ရသည်။

761  Views
Previous: မြန်မာနိုင်ငံတွင် ခိုင်းနွားအကောင်ရေ (၉၅) သိန်းရှိဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ
Next: ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ စိုးရိမ်ရန် မလိုဟု ဆို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင် ။ မိုးမိုး ။ ဧရာဝတီ