ယခုဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၆ ရာခိုင်နှုန်းကျော်ရှိမည်ဟု ကမ်္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်မစ်ရှင်အဖွဲ့ ခန့်မှန်း


ရန်ကုန်၊ ဒီဇင်ဘာလ ၁၄၊ ၂၀၁၈

မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးမှု (ွီဏ)က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း ကျော်ရှိမည်ဟု ကမ်္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအ ဖွဲ့အိုင်အမ်အက်ဖ်မစ်ရှင်အဖွဲ့က ခန့်မှန်းသည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ကမ်္ဘာ့ဘဏ်က မှန်းဆထားပြီး အိုင်အမ်အက်ဖ်မစ်ရှင်အဖွဲ့က ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့် မှန်းသည်။
ကုန်ထုတ်လုပ်မှု၊ ဆောက် လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီးတိုးတက်မှုနှုန်း လျော့နည်းခြင်းကြောင့် ယခင် ဘဏ္ဍာနှစ်ထက် စီးပွားရေးတိုး တက်မှု ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းစေကြောင်း ကမ်္ဘာ့ ဘဏ်ကထုတ်ပြန်သော မြန်မာ နိုင်ငံစီးပွားရေးစောင့်ကြည့်အစီ ရင်ခံစာတွင် ဖော်ပြသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုက ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ ကြောင်း နိုင်ငံတကာငွေကြေးရန် ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်မစ်ရှင် အဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံ့စီးပွားရေးတိုးတက်မှု နှုန်းကျဆင်းခြင်းက ရခိုင်ပြည် နယ်တွင် ဖြစ်ပွားနေသောပဋိပက်္ခ များကြောင့်ဖြစ်သည်ဟု အဖွဲ့အ စည်းနှစ်ခုစလုံးက ခန့်မှန်းသည်။
ကမ်္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက်္ခများ ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအ ပေါ် ရိုက်ခတ်ပြီးခရီးသွားလုပ်ငန်း ကျဆင်းခြင်းက ဂျီဒီပီတိုးတက်မှု နှုန်းလျော့နည်းစေသည်ဟု ကမ်္ဘာ့ ဘဏ်ကဆိုသည်။
မြန်မာနိုင်ငံအတွက် ဥရော ပနိုင်ငံများ၏ ကုန်သွယ်ရေးအ ခွန်ကင်းလွတ်ခွင့် ပြန်လည်ကန့် သတ်ခံရနိုင်မှုက ပြည်ပမှ ဘဏ္ဍာ ငွေအထောက်အပံ့နှင့် ရင်းနှီးမြှုပ် နှံမှုကို ကျဆင်းစေပြီး ဂျီဒီပီတိုး တက်မှုလျော့နည်း၍ အလုပ်အ ကိုင်များဆုံးရှုံးမှုကိုဖြစ်စေသည် ဟု အိုင်အမ်အက်ဖ်မစ်ရှင်အဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြသည်။
““စီးပွားရေးပြုပြင်ပြောင်းလဲ မှုများ ဆက်လက်အားစိုက်လုပ်ဖို့ လိုနေသလို ရခိုင်ပြည်နယ်ပဋိပက်္ခ အခြေအနေကို လူမှုအသိုင်းအ ဝိုင်းအတွက် အကောင်းဆုံးနည်း လမ်းတွေ ရှာဖွေဖော်ထုတ်ဖို့လို ပါတယ်”” ဟု ကမ်္ဘာ့ဘဏ် မြန်မာ၊ ကမေ်္ဘာဒီးယားနှင့် လာအိုနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူးမစ်္စအယ် လင်ဂိုးစလ်တိန်းက ပြောသည်။
အစိုးရဘဏ္ဍာရေးမူဝါဒတွင် အခွန်ရငွေတိုးမြှင့်ရန်၊ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်မှုကို ထိန်း သိမ်းထားရန်၊ ဗဟိုဘဏ်မှ အစိုး ရလိုငွေဖြည့်ဆည်းရေးကို လျှော့ ချပယ်ဖျက်ရန်၊ လျှပ်စစ်ဓာတ် အားခများ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံပိုင်စီးပွားရေးများအမြတ်ရ အောင် စီမံအုပ်ချုပ်ဆောင်ရွက် ရန်တို့လိုအပ်သည်ဟု အိုင်အမ် အက်ဖ်မစ်ရှင်အဖွဲ့က အကြံပြု သည်။

745  Views
Previous: The Catholic Bishops’ Conference of Myanmar, offer recommendations to our Catholic Faithful On CORONAVIRUS Outbreak
Next: “မေတ်္တာဟာ အရာအားလုံးရဲ့ အခြေခံပါပဲ” (အင်တာဗျူး)