ယူကရိန်းနိုင်ငံအရေးဆွေးနွေးဖို့ ဗာတီကန်နိုင်ငံတွင်ဖွင့်လှစ်ထားသော ရုရှားနိုင်ငံသံရုံးကို ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် သွားရောက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အီတလီနိုင်ငံ Rome မြို့တော်မှာရှိတဲ့ ဗာတီကန်နိုင်ငံတွင်ဖွင့်လှစ်ထားသော ရုရှားနိုင်ငံသံရုံးကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ပုဂ္ဂိုလ်ရေးအရသွားရောက်ပြီး ယူကရိန်းက စစ်ပွဲနဲ့ပတ်သက်လို့သူရဲ့စိုးရိမ်ပူပန်မှုကို ဖေါ်ပြခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အခုလို သွားရောက်တဲ့ အစဉ်အလာမရှိပါဘူး။ သူ့ရဲ့ ဗာတီကန် ကျောင်းတော်မှာသာ နိုင်ငံတကာကသံအမတ်တွေ၊ နိုင်ငံခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံလေ့ရှိပါတယ်။

အခုလို ဗာတီကန်ကျောင်းတော်ရဲ့ အပြင်ဘက်ကိုထွက်ပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ရရှားသံရုံးကိုသွားရောက်တာဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ပူပန်မှု အတိုင်းအတာကိုဖေါ်ပြနေတာဖြစ်ပါတယ်။

အခုလိုရုရှားသံရုံးကိုသွားရောက်တာဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သူရဲ့စိုးရိမ်ပူပန်မှု တွေကိုဖေါ်ပြဖို့အတွက်သွားရောက်တာဖြစ်တယ်လို့ ဗာတီကန်ကျောင်းတော်ရဲ့ပြောရေး ဆိုခွင့်ရှိသူ Matteo Burni ကပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ရုရှားသံရုံးမှာ နာရီဝက်လောက်ကြာခဲ့တယ်လို့လည် းသူကပြောဆိုပါတယ်။

ယူကရိန်းအရေးကိုဆွေးနွေးဖြေရှင်းဖို့ပုပ်ရဟန်းမင်းကြီးကတိုက်တွန်းထားပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့ကိုလည်း ယူကရိန်းအတွက်ဥပုပ်စောင့်ပြီးဆုတောင်းပေးဖိုနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရုရှားကိုလူသိရှင်ကြားဝေဖန်တာမျိုးတော့မလုပ်ပါဘူး။ ရုရှားအော်သိုဒေါ့ ခရစ်ယန်ကျောင်းတော်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိလိုတဲ့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဆက်ဆံရေးမပြေလည်မှာကို စိုးရိမ်ပုံရပါတယ်။

330  Views
Previous: ရုရှားနိုင်ငံက ယူကရိန်းအပေါ် တိုက်ခိုက်တဲ့လုပ်ရပ်ဟာ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီကို နောက်ပြန်လှည့်စေ
Next: NUG ဝန်ကြီးတွေအပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ