ရန်ကုန်ကာဒီနယ်ချားလ်မောင်ဘိုက ဖိလစ်ပိုင်နိုင်ငံသမ်္မတ ဘန်နစ်နို အက်စ် အကွီနိုအား သွားရောက်တွေ့ဆုံတော်မူ

17

မနီလာ၊ ဖေဖော်ဝါရီလ ၁၊

ဖိလိပိုင်နိုင်ငံ စီဘူးမြို့တွင်ကျင်းပနေသော ၅၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံသို့ ကြွချီတော်မူသော ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်အဖြစ်ရောက်ရှိနေသော ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်မောင်ဘိုအား ဖိလစ်ပိုင်နိုင်ငံသမ်္မတ ဘန်နစ်နို အက်စ် အကွီနို (၃) က ဖေဖော်ဝါရီလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် မိမိသမ်္မတနန်းတော်၌ လက်ခံတွေ့ဆုံခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရ၏အက်တနက်စာမျက်နှာမှတဆင့် သိရှိရသည်။

၎င်းတွေ့ဆုံပွဲသို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးမှ ပထမအတွင်းဝန်ဘုန်းတော်ကြီး ချီဘူဂီ၊ စီဘူးကက်သလစ်ဆရာတော်ကြီး ဂျိုးဇက် ပလ်မာ၊ ရန်ကုန်လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်နှင့် ကာဒီနယ်ချားလ်စ်ဘို၏ကိုယ်ရေးအတွင်းရေးမှူးဖြစ် သော ဘုန်းတော်ကြီး ဒေါ်မိနစ်ဆာဗီယိုတို့လည်း တက်ရောက်ကြသည်ဟု သတင်းရရှိသည်။ ဝင်းလှိုင်ဦး

1768  Views
Previous: ရန်ကုန်မြို့တော် လှိုင်သာယာတွင် ပရိတ်သူငယ်တော်ယေဇူးကက်သလစ်ဘုရားကျောင်းကို ဖွင့်လှစ်ပွဲကျင်းပ
Next: ပြည်ကက်သလစ်သာသနာ၊ ခဝဲတိုက်နယ်၊ ခဝဲရွာတွင် စိန်မေရီ ဘုရားရှိခိုးကျောင်းသစ်ဖွင့်ပွဲကျင်းပ