ရဟန်းမင်းကြီးက အာဏာကိုအခြေခံပြီး ကလေးသူငယ်များ၊ ကက်သလစ်သီလရှင်များနှင့် ရဟန်းလောင်းများအပေါ် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုအပေါ် တိုင်ကြားနိုင်ရေးအတွက် ဥပဒေတစ်ခု ပြဌာန်း


ဗာတီကန်၊ မေလ ၉၊ ၂၀၁၉ CNS

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အာဏာကိုအခြေခံပြီး ကလေးသူငယ်များ၊ ကက်သလစ် သီလရှင်များနှင့် ရဟန်းလောင်းများအပေါ် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုအပေါ် တိုင်ကြားကိုင်တွယ်နိုင်ရေးအတွက် ဥပဒေတစ်ခုကို မေလ (၉) ရက်နေ့က ထုတ်ပြန်တော်မူလိုက်သည်။ ၎င်းဥပဒေကို ““သင်တို့သည်လောက၏အလင်း များ ဖြစ်ကြသည်”” ဟု အမည်ပေးထားသည်။ ၎င်းဥပဒေတွင် ပုဒ်မ (၁၉) ခု ပါရှိပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစတင်ပြီး အသက်ဝင်တော့မည်ဖြစ်သည်။
၎င်းဥပဒေ၌ ရဟန်းမင်းကြီးက ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်များနှင့် စပ်လျဉ်းပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုဖြစ်ပေါ်လာလျှင် သတင်းမဖြစ်မနေ ပို့ရန်နှင့် ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်များနှင့်စပ်လျဉ်းပြီး စွပ်စွဲမှုတစ်ခုခု ဖြစ်ပေါ်လာလျှင် ၎င်းသာသနာနှင့်စပ်လျဉ်းသော ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီးက စုံစမ်းစစ်ဆေးခြင်းကို ပြုလုပ်ပိုင်ခွင့် ပြုထားတော်မူသည်။
ရဟန်းမင်းကြီးက ““လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းပြစ်မှုသည် ခရစ်တော်ဘုရားကို ထိခိုက်စေပြီး၊ အစော်ကားခံရသူများ၏ခန်္ဓာကိုယ်၊ စိတ်ပိုင်းနှင့်ဝိညာဉ်ရေးဒါဏ်ရာများကို ဖြစ်ပေါ်စေကာ ယုံကြည်သူအသိုင်း အဝိုင်းကိုလည်း အန်္တရာယ် ပေးသည်။ ဤကဲ့သို့သောပြစ်မှုကိုကိုင်တွယ်ခြင်းကိုတိုးတက်စေရန်အတွက် အဓိက တာဝန်ရှိသူသည် ဆရာတော်ကြီး ဖြစ်သည်။ ထို့ကြောင့်၊ ယုံကြည်သူဘာသာဝင်များ၏ယုံကြည်စိတ်ချခြင်းကို သစ်္စာဖောက်စေသော ဤပြစ်မှုများကို ကာကွယ်ရန်နှင့်တိုက်ဖျက်ရန်အတွက် တကမ်္ဘာလုံးက အတူတူ ကျင့်သုံး သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ရန် လိုအပ်လာသည် ”” ဟု တိတိလင်းလင်း ရေးသားတော်မူသည်။
ဆက်လက်ပြီး ရဟန်းမင်းကြီးက ““ဤဥပဒေသည် ကာနွန်ဥပဒေထဲက ပြဌာန်းထားသော ပညတ်တော်၏ (၆) ပါးမြောက်နှင့်ဆန့်ကျင်သော ကလေးသူငယ်များ (သို့မဟုတ်) ထိခိုက်နာကျင်လွယ်သူများနှင့်လိင်ပိုင်းဆိုင်ရာ ပြုလုပ်ခြင်း၊ အကြမ်းဖျက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ ကလေးငယ်များ၏ ကိုယ်တုံးလုံးဓါတ်ပုံ/ဗီဒိယိုများကို ထုတ်လုပ်ခြင်း (သို့မဟုတ်) ပိုင်ဆိုင်ခြင်းဖြင့် တခြားသူအား လိင်ပိုင်းဆိုင်ရာ ပြုလုပ်စေခြင်းများလည်း ပါဝင်လေသည်။
ဤဥပဒေသစ်သည် ညစ်ညမ်းသောကလေးဓါတ်ပုံများကို အသုံးပြုခြင်း၊ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း၊ အာဏာကို အသုံးပြုပြီး အတင်းအကြပ်လိင်ဆက်ဆံခြင်းစသည့်ရာဇဝတ်များကို စွပ်စွဲခြင်းအပေါ် အစိုးရဥပဒေ (သို့မဟုတ်) ကာနွန်ဥပဒေအရ စုံစမ်းခြင်းအား ဖုံးကွယ်လိုသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည့်လုပ်ရပ်များကို
ဤဥပဒေသစ်က၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခြင်းဖြင့် စွပ်စွဲခံရသူသည် စုံစမ်းစစ်ဆေးခြင်းခံရချိန် အတွင်း၌ အပြစ်ကင်းသူဟု မှတ်ယူရမည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးခြင်းပြီးဆုံးမှသာလျှင် တွေ့ရှိချက်များကို ဗာတီကန်နိုင်ငံရှိသက်ဆိုင်ရာဝန်ကြီးဌာနသို့ ပို့ဆောင်ပြီး ကာနွန်ဥပဒေနှင့်ကိုက်ညီသော ပြစ်မှုများကို ချမှတ်သွား ရမည်ဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး နှင့်သက်ဆိုင်သော ပြစ်မှုအစီရင်ခံစာကိုမူ ရဟန်းမင်းထံသို့ ပေးပို့ရမည်”” ဟု ပြဌာန်းထားသည်။
၎င်းဥပဒေ၏ ပုဒ်မ (၁၆) ၌၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်းပြစ်မှုအား စုံစမ်းစစ်ဆေးခြင်းကာလ သည် ရက်ပေါင်း (၉၀) အဖြစ်သတ်မှတ်လျှင်၊ နောက်ထပ်ရက်များလိုအပ်လျှင် စုံစမ်းခြင်းကာလကို သက်ဆိုင်ရာ ဗာတီကန်အာဏာပိုင်ထံသို့ တောင်းခံရမည်ဟုလည်း ပြဌာန်းထားသည်။
၎င်းဥပဒေ၏ ပုဒ်မ (၁၆) ၌၊ နိုင်ငံတိုင်းရှိ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်းအပေါ် စုံစမ်းစစ်ဆေးခြင်းအတွက် လိုအပ်သော ငွေကြေးများအတွက် ရန်ပုံငွေတစ်ရပ်ကို ကာနွန်ဥပဒေ (၁၁၆၊ ၁၃၀၃) နှင့်အညီထူထောင်ခွင့် ပြုထားလေသည်။

669  Views
Previous: Prayers from Myanmar Church to Missio Austria and in the World
Next: အယ်ဒီတာ့အာဘော် ဘာသာဝင်တစ်ဦးလျှင် တစ်နှစ်လျှင် ကျပ် (၁၀၀၀) လှူဒါန်းသောစနစ်ထူထောင်ကို ထူထောင်ပေးပါ