ရဟန်းမင်းကြီးဖရန်စစ်ကတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်း

““ကျင့်ဝတ်ဆိုင်ရာ စိတ်သဘောညီညွတ်ခြင်း” moral unanimity ကို ရှာဖွေကြရန် လမ်းညွှန်ထား

ဗာတီကန်၊ စက်တင်ဘာလ ၁၈၊ ၂၀၁၈

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းတော်မူလိုက်သည်။ ၎င်းဥပဒေသစ်ထဲ၌ ရဟန်းမင်းကြီးက တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ ဓမ်္မညီလာခံမှ ထုတ်ပြန်သောစာတမ်းအား ကက်သလစ်အသင်းတော်၏ တရားဝင်သွန်သင်ချက်ထဲတွင် ထည့်သွင်းပါဝင်သည်ဟု စက်တင်ဘာလ (၁၅) ရက်နေ့က သတ်မှတ် ထုတ်ပြန်လိုက်သည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ ဓမ္မညီလာခံ၏ အထူးကော်မရှင်က ရေးသားပြုစုပြီးအတည်ပြုထားသော စာတမ်းအား ကက်သလစ်အသင်း တော်၏တရားဝင်သွန်သင်ချက်ထဲတွင် ထည့်သွင်းပါဝင်သည်ဟု စက်တင်ဘာလ (၁၅) ရက်နေ့က သတ်မှတ် ထုတ်ပြန်လိုက်သည်။

၎င်းတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ တကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော် ကြီးများ၏ ဓမ္မညီလာခံကို ကျင်းပပြီးနောက် ၎င်းညီလာခံတွင်ဆွေး နွေးချက်များအပေါ် ရဟန်းမင်းကြီးက စာချွန်တော်တစ်ခုကို ရေးသားထုတ်ပြန်ရသောအစဉ်အလာ ရှိနေခဲ့သည်။ သို့မှသာ ၎င်းညီလာခံ၏ဆွေးနွေးချက်သည် ကက်သလစ်အသင်း တော်၏တရားဝင်သွန်သင်ချက်ထဲတွင် ထည့်သွင်းပါဝင်သည်ဟု ယခင်က လက်ခံထားခဲ့ကြသည်။

သို့သော် ရဟန်းမင်းကြီးက ၎င်းလုပ်ထုံးလုပ်နည်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် တကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ ဓမ္မညီလာခံကို ကျင်းပပြီးနောက် ၎င်းညီလာခံတွင်ဆွေး နွေးချက်များ၏အတည်ပြုထားသောစာတမ်းသည် ရဟန်းမင်းကြီး၏ စာချွန်တော်ကို မစောင့်ဆိုင်းတော့ဘဲ ကက်သလစ်အသင်းတော်၏တရားဝင်သွန်သင်ချက်ထဲတွင် အလိုလို ရောက်ရှိလာတော့မည် ဖြစ်သည်ဟု ရဟန်းမင်းကြီးက ကြေညာလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း တကမ်္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ ဓမ်္မညီလာခံ၏ အထူးကော်မရှင် က ရေးသားပြုစုပြီးအတည်ပြုထားသော စာတမ်းကို တရားဝင်ထုတ်ပြန်ရာတွင် ရဟန်းမင်းကြီးက အတည်ပြု လက်မှတ်ရေးထိုးမည်လော၊ အထူးကော်မရှင်အဖွဲ့အဝင်ဆရာတော်များက လက်မှတ်ရေးထိုးမည် လောဟူ သောအချက်က မရှင်းမလင်းဖြစ်နေသေးသည်။

၂၀၁၅ ခုနှစ်က ဗာတီကန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော မိသားစုများအပေါ် တကမ်္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ ဓမ်္မညီလာခံ အထူးကော်မရှင်သည် ညီလာခံ၏စာတမ်းအကြမ်းကို ပြုစုပြီး နောက် ညီလာခံတက်ရောက်သူများအား မဲပေးစနစ်ဖြင့် အတည်ပြုစေခဲ့သည်။ မဲဖြင့်ပေးကြပြီး အများစုက သဘောတူမဲပေးပြီးမှသာလျှင် တကမ်္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏စာတမ်းအကြမ်းကို တရားဝင်စာတမ်းအဖြစ် ဓမ်္မညီလာခံ အထူးကော်မရှင်က ထုတ်ပြန်တော်မူခဲ့သည်။

ဓမ်္မညီလာခံ အထူးကော်မရှင်ထဲတွင် ဓမ်္မညီလာခံ၏အမြဲတမ်းအတွင်းဝန် ကာဒီနယ် ဘာလ်ဒီးစေရယ် (လက်ရှိတာဝန်ထမ်းဆောင်နေသူ)၊ ညီလာခံအုပ်စုတစ်ခုစီ၏အထွေထွေအတွင်းရေးမှူး၊ အထွေထွေ ဆက်သွယ်သူ၊ ညီလာခံမှ ရွေးကောက်ထားသောကိုယ်စားလှယ်များ၊ ရဟန်းမင်းကြီးက မိမိကိုယ်စား ခန့်လိုသော ပုဂိုလ်များဟူ၍ အနည်းဆုံး လူပုဂိုလ် (၅) ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရှိရပါသည်။

ရဟန်းမင်းကြီး ဖရန်စစ်က ““တကမ်္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများမှ ထွက်ရှိလာသော ဓမ်္မညီလာခံ၏စာတမ်း အကြမ်းကို အတည်ပြုရန်အတွက် မဲပေးစနစ်ဖြင့် ဆုံးဖြတ်ရာတွင် သုံးပုံနှစ်ပုံ၏ မဲပေးထောက်ခံမှုကို ရရှိမှသာလျှင် ၎င်းစာတမ်းအကြမ်းသည် ကက်သလစ်အသင်းတော်၏တရားဝင် သွန်သင်ချက်အဖြစ် တရားဝင်မည်”” ဟုလည်း ပြဌာန်းတော်မူထားသည်။

ဤဥပဒေသစ်ထဲ၌ ရဟန်းမင်းကြီးက ““ညီလာခံသို့တက်ရောက်သော ဓမ်္မညီလာခံဖခင်များအနေဖြင့် ဖြစ်နိုင်လျှင် ““ကျင့်ဝတ်ဆိုင်ရာ စိတ်သဘောညီညွတ်ခြင်း”” moral unanimity ကို ရှာဖွေကြရန် ညီလာခံသို့ တက်ရောက်ကြမည့်သူများကို ဆော်သြတိုက်တွန်းထားတော်မူသည်။

ဤဥပဒေသစ်ထဲ၌ ရဟန်းမင်းကြီးဖရန်စစ်က ရဟန်္တာဖြစ်တော်မူသွားသော ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) ၏ စာကြောင်းကို ကိုးကားလျက် ““ညီလာခံတစ်ခုလုံးသည် ဆွေးနွေးတိုင်ပင်ရသော လှုပ်ရှားမှုသက်သက်သာ ဖြစ်ပြီး ဤညီလာခံတက်ရောက်သူများ၏မဲပေးခြင်းသည် ညီလာခံ၏အရေးကြီးခြင်းကို မမှေးမှိန်မသေးသိမ်စေဘဲ၊ ဆွေးနွေးတိုင်ပင်ပြီး မဲပေးရသောလုပ်ထုံးကို ကျော်လွှားစေသော ““ကျင့်ဝတ်ဆိုင်ရာ စိတ်သဘောညီညွတ်ခြင်း”” moral unanimity ကို ရရှိကြပါက၊ အသင်းတော်ဆိုင်ရာကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားသည်ဟု မီးမောင်းထိုးပြတော်မူသည်။

တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများညီလာခံသည် ကက်သလစ်သာသနာတော်နှင့် ပတ်သက်သော အရေးကြီးသောအကြောင်းအရာများအပေါ်တွင် ရဟန်းမင်းကြီးကို အကြံပြုရသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတကမ်္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများညီလာခံကို ၁၉၆၅ ခုနှစ်တွင် ရဟန်းမင်းကြီး ပေါလူး (၆) က ဥပဒေပြဌားန်ပြီး တရားဝင် စတင်ဖွဲ့စည်းတော်မူခဲ့သည်။ ၀၀၁ ကုန်ဇမှုန်း

904  Views
Previous: ကက်သလစ်ဆရာတော်ကြီးများအား ခန့်အပ်ခြင်းဆိုင်ရာ သဘောတူညီချက်ကို ဗာတီကန်နိုင်ငံနှင့်တရုတ်ကွန်မြူနစ်နိုင်ငံတို့ လက်မှတ်ရေးထိုးပြီ
Next: ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး အလက်ဇန်္ဒားပြုံးချိုနှင့်တွေ့ဆုံမေးမြန်းခန်း