ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လက်ထပ်ထိမ်းမြားခြင်းကို တရားမဝင်ဖြစ်စေသည့်လုပ်ထုံးလုပ်နည်းကို လေ့လာမည့် အထူးကော်မရှင်တစ်ခုကို ဖွဲ့စည်း

 017
စက်တင်ဘာလ ၂၁၊ ဗာတီကန်ရေဒီယို

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းကို ပျက်ပြယ်စေသည့်လုပ်ထုံးလုပ်နည်းများ ကို ပြုပြင်ရန်အတွက် လေ့လာရေးအထူးကော်မရှင်တစ်ခုကို သြဂုတ်လ ၂ ရက်၊ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း ဗာတီကန်ရုံးတော်က စက်တင်ဘာ လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

 

၎င်းကော်မရှင်ကို ဆရာတော်ကြီး ပီအို ဗီတို ပင်တိုက ဥက်္ကဌအဖြစ် လုပ်ဆောင်ပြီး ဦးဆောင်သွားမည်ဖြစ်ကာ အဖွဲ့ဝင်များအဖြစ် ကာဒီနယ်ဆရာတော် ကြီး ဖရန်စစ်ကို ကိုဂိုပါမဲရီယို၊ ဆရာတော်ကြီး လူးဝစ်ဖရန်စစ်ကို လာဒါရေးနဲ့ တခြားရဟန်းတော် (၇) ပါးတို့လည်း ပါဝင်ခန့်ထားကြောင်း သိရှိရသည်။

 

၎င်းကော်မရှင်၏တာဝန်သည် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြင်ဆင်ရန်အတွက် အဆိုပြုလွှာတစ်ခုကို ရဟန်းမင်းကြီး ထံ တော်သို့ အဆိုတင်သွင်းရန်ဖြစ်သည့်အပြင် လက်ထပ်ထိမ်းမြားခြင်း၏ ထာဝစဉ်ခိုင်မြဲသော နိယာမကို ကာကွယ်ပေးရင်း လုပ်ထုံးလုပ်နည်းကို အရိုးရှင်း ဆုံး ပြုလုပ်ရန်ဦးတည်ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ ၀၁၇ ဂျိုးဇက်

1736  Views
Previous: ဆရာတော်ကြီးချားလ်စ်ဘိုက လူကုန်ကူးမှုဆိုင်ရာ ကြေညာချက်ထုတ်ပြန်
Next: မြောက်ကိုရီးယားနိုင်ငံမှ တရားတော်အတွက် အသတ်ခံသော ကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင်နှင့်အဖွဲ့သား (၈၀)တို့အား ရဟန်္တာတင်မြှောက်ဖွယ် ရှိ