ရဟန်းမင်းကြီးဖရန်းစစ် အရှင်သူမြတ်၏လူငယ်များအတွက် ထုတ်ဝေသော စာချွန်တော်၏အနှစ်ချုပ်

Pope Francis greets young people during a meeting with them at the diocesan John Paul II Youth Center in Sarajevo, Bosnia-Herzegovina, June 6. The pope made a one-day visit to Bosnia-Herzegovina to encourage a minority Catholic community in the faith and to foster dialogue and peace in a nation still largely divided along ethnic lines. (CNS photo/Paul Haring) See POPE-BOSNIA June 6, 2015.


ဗာတီကန်၊ ဧပြီလ ၂၊ ၂၀၁၉ Vatican News

၂၀၁၈ ခုနှစ် အောက်တိုဘာလကပြုလုပ်ခဲ့သော တကမာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ လူငယ်များအရေး ညီလာခံမှ ထွက်ပေါ်လာသော ဆွေးနွေးချက်များကို အနှစ်ချုပ်ပြီး ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ““အသက်ရှင်တော်မူသောသခင်ခရစ်တော်”” ဟု အဓိပ်္ပါယ်ရသော ကမ်္ဘာ့လူငယ်များနှင့် ပတ်သက်သော စာချွန်တော်”” ကို ရေးသားထုတ်ပြန်တော်မူလိုက်သည်။
၎င်းစာချွန်တော်ကို ရဟန်းမင်းကြီးက အီတလီနိုင်ငံ လိုရေးတိုမြို့ရှိ အပျိုကညာစင်မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုအားကိုးဆုတောင်းရာနေရာ ဘုရားကျောင်းတော်ကြီးတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းစာချွန်တော်ကို ရဟန်းမင်းကြီး ရုံးတော်၏ သတင်းထုတ်ပြန်ရေးဌာနက စာချွန်တော်ပါအချက်များကို အခြေခံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ရဟန်းမင်းကြီးက အသက်ရှင်တော်မူသော ခရစ်တော်သည် သင်တို့ကိုလည်း ရှင်သန်ရန် အလိုရှိကြောင်း ဖြင့် စာချွန်တော်ကို အစပြုထားပြီး အသင်းတော်သည် သင်တို့၏ ပြင်းပြသော ယုံကြည်ခြင်း၊ မိမိအသိစိတ်ဖြင့် ပါဝင်လုပ်ဆောင်ခြင်းနှင့် သင်တို့၏ သစ်လွင်သော အရှိန်အဟုန်ကို အလိုရှိကြောင်းနှင့် အဆုံးသတ်ထားပါသည်။ ယင်းစာချွန်တော်တွင် အခန်း (၉) ခုခွဲထားပြီး စာပိုဒ်ပေါင်း (၂၉၉) ပိုဒ်ပါဝင်၍ ယင်းစာချွန်တော်သည် လူငယ်များအတွက်သာမက ကမ်္ဘာပေါ်ရှိ ယုံကြည်သူ ဘာသာဝင်အားလုံးကို ရည်ရွယ်ထားကြောင်း ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဖော်ပြထားပါသည်။ လူငယ်များ၏ ခေါ်တော်မူခြင်း နှင့် မိမိယုံကြည်ခြင်းကို စမ်းစစ်ရန် အခန်း (၉) ၏ အနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါသည်။

အခန်း ၁။ ။ လူငယ်နှင့် နှုတ်ကပတ်တော်
အခန်း (၁) မှာက ရဟန်းမင်းကြီးဖရန်းစစ် အရှင်သူမြတ်က ရေးသားရာတွင်၊ တချိန်တစ်ခါက လူငယ်တွေရဲ့ကဏ္ဍဟာ အသိအမှတ် အပြု မခံခဲ့ရတဲ့အချိန်တွေရှိခဲ့သလို့ တစ်ချို့သော ကျမ်းပိုဒ်တွေမှာ လူငယ်တွေကို ဘုရားသခင်က အမြင်တစ်မျိုးနဲ့မြင်ကြောင်း ဓမ်္မဟောင်းကျမ်းကို အခြေခံပြီး ဖော်ပြထားပါသည်။ သို့သော် ဓမ်္မသစ်ကျမ်းစာမှာ အမြဲတမ်း နုပျိုပြီး လူငယ်ဖြစ်နေသော သခင်ခရစ်တော်က လူငယ်တွေကို အမြဲနုပျိုစေ သော နှလုံးသားကို မိမိတို့အား ပေးကမ်းလိုကြောင်း၊ တဖက်တွင်မူ လူအများထဲတွင် ကြီးမြတ်လိုသူသည် အငယ်ဆုံး သောလူငယ်ကဲ့သို့ ဖြစ်ဖို့လိုအပ်ကြောင်းကို အမြဲသွန်သင်နေကြောင်း (ရှင်လုကာ ၂၂း၂၆)၊ ခရစ်တော်ဘုရား အတွက်က အသက်အရွယ်သည် အခွင့်အရေးကို ဖန်တီးပေးခြင်းမဟုတ်သလို အသက်ငယ်လို့ တန်ဖိုးမရှိ၊ အရာမရောက်ခြင်း လည်း မဟုတ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့သည် လူငယ်ဘဝ၌ ကောင်းသောအလုပ်များကို လုပ်ကိုင်ခဲ့ ခြင်းအပေါ်တွင် နောင်တရစရာ မလိုဟု အားပေးတော်မူသည်။

အခန်း ၂။ ။ အမြဲတမ်း ငယ်ရွယ်သော ယေဇူးခရစ်တော်
အခန်း (၂) မှာက အမြဲတမ်းငယ်ရွယ်သော ယေဇူးခရစ်တော်ကို အသင်းတော်ရဲ့ စံနမူနာအဖြစ်ထားပြီး အသင်းတော်ဟာ အမြဲတမ်းငယ်ရွယ် သစ်လွင်နေတယ်၊ လူငယ်တွေဟာ သာသနာတော်ရဲ့အစိတ်အပိုင်းတွေ ဖြစ်ကြပေမယ့် သာသနာတော်နဲ့မသက်ဆိုင်သလို မနေကြဖို့လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ၊ လူငယ်တွေဟာ သူများနဲ့မတူသော အတွေးအခေါ်သစ်တွေကို ဖော်ထုတ်ပြီး ရက်ရောစိတ်တွေ၊ အစေခံခြင်းတွေ၊ စင်ကြယ်ခြင်း၊ ဇွဲ့ရှိခြင်း၊ အခွင့် လွှတ်ခြင်းတွေ၊ မိမိအလုပ်အပေါ်မှာ သစ်္စာရှိခြင်းတွေကို လုပ်ဆောင်ရဲကြရမယ်။ တခြားတဖက်မှာလည်း လူငယ်တွေက အသင်းတော်ကို ငြီးငွေ့စရာကောင်းတယ်၊ စိတ်ကသိကအောက်ဖြစ်စရာလို့ ရှု့မြင်ကြတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သခင်ခရစ်တော်ရဲ့ အနှစ်သာရကို ကျွနု်ပ်တို့က ဖော်ပြတဲ့နေရာမှာ သခင်ခရစ်တော် အပေါ် စွဲဆောင်မှု၊ ထိရောက်မှု အားနည်းစေခဲ့တာကို ကျွနု်ပ်တို့ဝန်ခံပါတယ်။ လူငယ်တွေက အသင်းတော်ကို တရားသူကြီးအဖြစ် မမြင်လိုကြဘဲ နားထောင်ပေးသော၊ နားလည်ပေးသော အသင်းတော်အဖြစ် အလို ရှိကြပါတယ်။

အခန်း ၃။ ။ ဘုရားသခင်၏ ယခု အချိန်
အခန်း (၃) မှာက လူငယ်တွေဟာ ကမ်္ဘာကြီးရဲ့ အနာဂတ် ဆိုတာထက် ကမ်္ဘာကြီးကို ပိုမိုတိုးတက်ကောင်း မွန်အောင် ယခုကို လုပ်ဆောင်နေကြသူတွေဖြစ်တယ်၊ အဲ့ဒါကြောင့် လူငယ်တွေက အဆင်သင့်ပြင်ဆင်ပြုလုပ်ထား တဲ့အဖြေတွေ၊ အလွယ်တကူ အဖြေရနိုင်တာမျိုးတွေကို မနှစ်မြို့ကြတော့ဘူး။ ဆက်လက်ပြီး ဒီအခန်း ၃ မှာ ရဟန်းမင်ကြီးဖရန်စစ်အရှင်သူမြတ်မှ ဒီဂျစ်တယ် ခေတ်မှာရှင်သန်နေသူတွေရဲ့ အကျိုးအမြတ်နှင့် ဆုတ်ယုတ်မူတွေ အကြောင်း၊ လိင်မှုကိစ်္စများ၊ အစီအစဉ်အလိုက်ဖြစ်ပေါ်နေတဲ့ မတရားခေါင်းပုံဖြတ်မူများ၊ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့ ဘဝများအကြောင်း စသည့်စိန်ခေါ်မူများကို ထည့်သွင်းဖော်ပြထားပါသည်။ ဒီခေတ်ပျက် အမှောင်ကြီးကို လူငယ်တို့ရဲ့ အကူအညီနဲ့ သစ်လွင်သောခေတ်သစ် တစ်ခုအဖြစ်ပြောင်းလဲနိုင်သော အခွင်အရေးတစ်ခု အဖြစ်ပြုလုပ်ကြဖို့ အကြံပြုထားပါသည်။

အခန်း ၄။ ။ ကြီးမားသော အမှန်တရားသုံးခု
အခန်း (၄) မှာက ကြီးမားသော အမှန်တရားသုံးခု အကြောင်းကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ထောက်ပြထားပါသည်။ ပထမအချက်ကား၊ အတိတ်ကထက် အနာဂတ်မှာ၊ တားမြစ်ပိတ်ပင်ခြင်းထက် ပြန်လည်သင့်မြတ်ခြင်းတို့ထက်ကို ပိုသော ချစ်ခြင်းမေတ်္တာဖြင့် ဘုရားသခင်က သင့်ကိုချစ်တယ်။ ဒုတိယအချက် ကား၊ သခင်ခရစ်တော်ဟာ သူရဲ့ပုခုံးပေါ်မှာငါတို့ကိုတင်ဆောင်ပြီး အပြစ်ခွင့်လွှတ်ပေးသော ကယ်တင်ရှင် ဖြစ်တယ်။ တတိယအချက်ကတော့၊ ခရစ်တော်ဟာ အသက်ရှင်သောဘုရားဖြစ်တယ်။ ဒါကြောင့် အပြစ်တင် ဝေဖန်နေတာတွေကိုရပ်ပြီး အနာဂတ်ကို ခရစ်တော်ဘုရားနှင့်အတူ ဦးတည်လျှောက်လှမ်းပါက မဖြစ်နိုင်တာ မရှိကြောင်းဖြင့် အားပေးတော်မူသည်။

အခန်း ၅။ ။ ရွေးချယ်ရမည့် အသက်တာ
ဒီအခန်း (၅) မှာတော့၊ လူငယ်များအနေနဲ့ ခွန်အားပြည့်ဝသော စိတ်အားထက်သန်သော သာသနာပြုများ ဖြစ်ကြဖို့၊ အပြောင်းအလဲကို ရဲဝံ့စွာလုပ်ဆောင်နိုင်သူများဖြစ်ဖို့၊ လက်ရှိဘ၀ (ယခု) အချိန်ကို အသက်ရှင်ပြီး အများကောင်းကျိုး လုပ်ဆောင်နေသူများ ဖြစ်ကြဖို့၊ အခွင့်အရေးကို အရယူဖို့ အမှားတွေပြုလုပ်မိတာကို မကြောက်ဖို့ ရွေးချယ်ရမည့် အသက်တာ အချိန်ကာလအဖြစ် လူငယ်တွေကို ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ရည်ညွန်းအကြံပေးထားပါသည်။

အခန်း ၆။ ။ လူငယ်များနှင့် လူကြီးများ
အခန်း (၆) မှာ လူကြီးတွေရဲ့ အနာဂတ်မျှော်မှန်းချက်နဲ့ လူငယ်တွေရဲ့အမြင်၊ လူကြီးတွေရဲ့ မျှော်မှန်း ချက်ထဲကို လူငယ်တွေ စိမ့်ဝင်နိုင်ခဲ့ရင် အနာဂတ်ကို လူငယ်တွေ ပြိုင်ဖက်ကင်းစွာ ပိုမိုထိုးဖောက်နိုင်လိမ့်မယ်။ လူငယ်တွေက လူကြီးတွေရဲ့ အတွေ့အကြုံတွေကနေ အကျိုးအမြတ်တွေရယူရမယ်၊ အဲ့ဒါကြောင့် လူကြီးတွေနဲ့ လူငယ်တွေရဲ့ပေါင်းသင်းဆက်ဆံရေးဟာ အရေးကြီးတယ်ဟု ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ လူငယ်များကို ထောက်ပြထားပါသည်။

အခန်း ၇။ ။ လူငယ်များ၏ အခန်ကဏ္ဍ
အခန်း (၇) မှာက လူငယ်များကို အတူကွ ခရီးဆက်နိုင်သူများအဖြစ် လက်တွဲခေါ်ဆောင်သော အခွင့်အရေးနှင့် လူငယ်များ၏ လုပ်ငန်းတာဝန်ကို အတင်းအကြပ်မဟုတ်ဘဲ ပြုပြင်ပြောင်းလဲလွယ်သော အရာဖြစ် ဖို့၊ ရဟန်းမင်းကြီးမှ သုံးသပ်ဖော်ပြထားပါသည်။ လူငယ်တွေဟာ ဟောကြားပို့ချပေးသော စနစ်ကြောင့်မဟုတ်ဘဲ၊ စနစ်ကျသော ချစ်ခြင်းမေတ်္တာ ဖြင့်သာ ပါဝင်လှုပ်ရှားလာကြခြင်းဖြစ်တယ်။ ဒါကြောင့် အသစ်သော နည်းလမ်းဖြင့် လူငယ်တွေက စိတ်ဝင်စားအောင် ရဲဝံ့စွာဖော်ဆောင်ပေးရမယ်။ အနုပညာ၊ အားကစား၊ သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဒီကဏ္ဍတွေဟာ ကောင်းမွန်သော သိုးထိန်းလုပ်ငန်းစဉ်တွေဖြစ်တယ် ဟု ဖော်ပြထားပါသည်။

အခန်း ၈။ ။ ဘုရားရှင်ခေါ်တော်မူခြင်း
အခန်း (၈) မှာက ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုတုံ့ပြန်တဲ့နေရာမှာ ငါတို့မှာ ရှိတဲ့ အစွမ်းအစ အားလုံးကို တိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်တယ် ဟု အခန်း(၈) တွင် ဖော်ပြထားပါသည်။ သန့်ရှင်းသော လက်ထပ်ထိမ်းမြားခြင်း စက်္ကရမင်းတူးမှာလည်း လူငယ်တွေရဲ့ခေါ်တော်မူခြင်းတိုတွေ့နိုင်မယ်။ ဒီနေရာမှာ စစ်မှန် သော ချစ်ခြင်းမေတ်္တာဟာ ကရုဏာမေတ်္တာကို အခြေခံပြီး ပေးဆပ်ခြင်းဖြစ်တယ်၊ လင်မယား နှစ်ဦးပေါင်းစပ် ခြင်း လိင်မှုကိစ်္စဟာ ချစ်ခြင်းမေတ်္တာ ခိုင်မြဲဖို့နဲ့ လူသားမျိုးဆက်သစ်ကို ဖန်တီးဖို့ဖြစ်တယ်။ သို့သော် လူငယ်များအနေ နဲ့ ဘုရားသခင်အတွက် မိမိဘဝတစ်ခုလုံးကိုပေးဆပ်သော သူတော်စင်အသက်တာကိုလည်း ထည့်သွင်းစဉ်း စားရမယ်။

အခန်း ၉။ ။ စမ်းစစ်ခြင်း
စာချွန်တော် အခန်း(၉) မှာက မိမိကိုယ်ကို ကဝိပညာရှိကဲ့သို့ စမ်းစစ်သော ဘဝအသက်တာ မရှိလျှင် ခေတ်ရေစီးကြောင်း၏ ခေါ်ဆောင်ရာနောက်ကို အလွယ်တကူပါသွားမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ထောက်ပြ ထားသည်။ ခေါ်တော်မူခြင်းဟာ ကျေးဇူးတော်ဖြစ်တယ်။ သို့သော် ပြင်းထန်သော တောင်းဆိုမှုတစ်ခု ဆိုတာကို လည်း မမေ့ပါနဲ့။ ဘုရားသခင်ပေးသနားသော လက်ဆောင်တွေကို ခံစားဖို့ ငါတို့ဟာ စွန့်စားမှုတွေကို လုပ်ဆောင်ဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်။
ရဟန်းမင်းကြီး၏ စာချွန်တော် နိဂုံးတွင် ချစ်လှစွာသော လူငယ်တို့ သင်တို့၏ နှေးကွေးလေးလံစေသော၊ ကြောက်ရွံ့စေသော အရာတွေကို ဖြတ်ကျော်တိုးထွက်ပြီး သင်တိုရှေ့မှာရှိသောပြိုင်ပွဲမှာ ပြေးနေတာကို မြင်တွေ့နေရခြင်းသည် ကျွနု်ပ်အတွက်ဝမ်းသာကြည်နူးသော မျှော်လင့်ချက်ဖြစ်ကြောင်းသည်ဟု ရေးသားရင်း နိဂုံးချုပ်တော်မူလိုက်သည်။

630  Views
Previous: မစ်္ဆားဆိုတာ လောကမှာ ရှိတဲ့ နိဗ်္ဗာန်ဘုံဘဲ၊ ကောင်းကင်ဘုံဖြစ်တယ်ဟု တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလီအိုအသိုက်က မိန့်ကြား
Next: Prayers from Myanmar Church to Missio Austria and in the World