ရဟန်းမင်းကြီးဖရန်စစ်သည် ဒေသခံကက်သလစ်ဆရာတော်ကြီးများအား ရဟန်းမင်းကြီး၏လုပ်ပိုင်ခွင့်များကို ကာနွန်ဥပဒေပြင်ဆင်ပြီး ပိုမို လုပ်ပိုင်ခွင့်ကို ပေးအပ်လိုက်တော်မူ

ရဟန်းမင်းကြီးဖရန်စစ်သည် ဒေသခံကက်သလစ်ဆရာတော်ကြီးများအား ရဟန်းမင်းကြီး၏လုပ်ပိုင်ခွင့်များကို ကာနွန်ဥပဒေပြင်ဆင်ပြီး ပိုမို လုပ်ပိုင်ခွင့်ကို ပေးအပ်လိုက်တော်မူ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်၏ ဗဟိုဦးစီးမှုကြီးမားလွန်းနေမှုကို အစဉ်တစ်စိုက် လျော့ချလာခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုလည်း သာသနာတော်၏အုပ်ချုပ်ရေးနှင့်သာသနာပြုလုပ်ငန်းတွင် ပိုမိုထိရောက်ရန်နှင့်ပိုမိုအကျိုးဖြစ်ထွန်းရန်ရည်ရွယ်ပြီး သာသနာ၏ဥပဒေဖြစ်သော ‘ကာနွန်’ ဥပဒေကိုပြန်လည်ပြင်ဆင်မွမ်းမံ၍ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တုန်းက ဒေသခံကက်သလစ်ဆရာတော်ကြီးများအား တာ၀န်ထပ်တိုးခွဲဝေပေးလိုက်ပြန်သည်။ ထိုတာ၀န်များကား ဒေသခံကက်သလစ်ဆရာတော်ကြီးများအနေဖြင့်
(၁) ရဟန်းများနှင့်ဆိုင်သောပုံသွင်းပျိုးထောင်ခြင်းလမ်းညွှန်၊ ပုဒ်မ – ၂ အရ၊ ‘ဆေမီနာရီ’ (ရဟန်းလောင်းများအားပြုစုပျိုးထောင်သောသင်တန်းကျောင်း) များဆောက်လုပ်ရန်အတွက် ရဟန်း မင်း ကြီး၏ အ တည်ပြုချက်တောင်းခံရန်မလိုတော့ဘဲ အသိပေးကာ ဗာတီကန်မှသိရှိ ကြောင်းအကြောင်း ပြန်စာသာလိုအပ်ကြောင်း၊ ဤတာ၀န်ခွဲဝေမှုသည် ဆရာတော်များအား လုပ်ပိုင်ခွင့်ပို၍ပေးလိုက်ကြောင်း
(၂) ကာနွန်ဥပဒေ (ပုဒ်မ – ၇၇၅၊ အပိုဒ်ငယ် – ၂) အရ ထို့အတူ ဒေသန္တရသာသနာနယ်အတွက်လိုအပ်သော ဘုရားစကားသွန်သင် ချက်ဆိုင်ရာစာအုပ်များထုတ်‌ေ၀ရာ၌လည်း ဒေသခံဆရာတော်များ ၏ခွင့်ပြုချက်ဖြင့် သာထုတ်ဝေနိုင်ကြောင်း၊ သို့သော် ဗာတီကန်အား အသိပေး အကြောင်းကြားပြီး၊ ဗာတီကန်မှသိရှိပါ ကြောင်း အကြောင်း ပြန်စာကို သာလို အပ်ကြောင်း၊
(၃) ဘုန်းတော်ကြီးများအား သက်ဆိုင်ရာအမှုတော်များခန့် အပ်ခြင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ အသင်း၏အကြီးအကဲများမှသာဆုံးဖြတ်ရန်နှင့်
(၄) ရာသက်ပန်ဆက်ကပ်သူတော် စင်များအားပြုပြင် ပုံသွင်းခြင်းနှင့် ပတ်သက်၍လည်း ဒေသခံဆရာတော်တို့၏ဆုံးဖြတ်ချက်အပေါ်၌သာတည်မီနေကြောင်းနှင့်
(၅) သူတော်စင်တစ်ပါး အ နေဖြင့်ကြီးလေးသောအကြောင်းကိစ္စများရှိခဲ့ပါလျှင် သီလရှင်ကျောင်းမှ (၃ မှ ၅) နှစ်အထိ ခေတ္တဝေး နေနိုင်ခွင့်ကို လည်းပေးထားသည်။
485  Views
Previous: အကြမ်းဖက်တိုက်ဖျက်ရေး စစ်ကောင်စီတောင်းဆိုချက် နိုင်ငံတကာရဲတပ်ဖွဲ့ ပယ်ချ
Next: ရုရှားနိုင်ငံက ယူကရိန်းအပေါ် တိုက်ခိုက်တဲ့လုပ်ရပ်ဟာ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီကို နောက်ပြန်လှည့်စေ