ရဟန်းမင်းကြီးဖရန်စစ်သည် ရောမတွင် ကပ်ရောဂါကြောင့် အကြပ်အတည်းကြုံနေသောမိသားစုများအတွက် ရန်ပုံငွေ ယူရိုငွေတစ်သန်း (ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင် ခြောက်ရာကျော်) မတည်ပေးတော်မူ

ရဟန်းမင်းကြီးဖရန်စစ်သည် ရောမတွင် ကိုဗစ်-၁၉ ကပ်ရောဂါကောင့် လုံးဝငွေကြေးအကြပ်အတည်း ကြုံနေသူ တစ်ဦးချင်း(သို့)မိသားစုလိုက် လိုအပ်သူတို့အား အကူအညီပေးရန်ရည်ရွယ်လျက် The Jesus the Divine Worker Fund ““ယေဇူး ဘုရားလုပ်သားရန်ပုံငွေ”” ဟူသော အမည်ဖြင့် ရံပုံငွေတစ်ခုကို ဇွန်လ (၉) ရက်နေ့က ထူထောင်ပေးလိုက်သည်။

 

ရဟန်းမင်းကြီးသည် ရောမတွင်အဓိကတာဝန်ရှိသူတစ်အနေနှင့် ရောမသာသနာနယ် အတွင်းမှ လူတို့ ကို ဂုဏ်သိက်္ခာနှင့်အလုပ်လုပ်နိုင်သည့် အခြေအနေပြန်ရောက်အောင် မြှင့်တင်အားပေးလိုသည့်ဆန်္ဒရှိသော ကြောင့် ဤရံပုံငွေကို ထူထောင်ပြီး ယူရိုငွေတစ်သန်း (ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင် ခြောက်ရာကျော်) ကို မတည်ပေးလိုက်ခြင်းဖြစ်ကြောင်းဖြင့် ထိုအဖွဲ့အစည်း၏တာဝန်ခံဖြစ်သူ ကာဒီနယ်ကြီး အန်ဂျေလို ဒီ ဒိုနာတီးစ်အား စာရေးသား အကြောင်းကြားခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ထိုစာထဲတွင် ဆက်လက်ဖော်ပြသည်မှာ ယခုရန်ပုံ ငွေသည် အခြေအနေအရပ်ရပ် တွင် လက်ရှိကိုရိုနားကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားလျက် နေ့စဉ်စား သောက်ရန်ပင် ခက်ခဲသွားသူများ၊ ကျပမ်းအလုပ်သမား၊ အလုပ်စာချုပ်ကုန်ဆုံးသွားပြီး ဆက်လက်အလုပ်လုပ်ရန် အခွင့်မရသေးသူများ၊ အချိန်ပိုင်းအလုပ်လုပ်သူများ၊ အိမ်ဖော်အလုပ်သမားများ၊ အသေးစားစီးပွါးရေး လုပ်ငန်းရှင်များ၊ ကိုယ်ထူကိုယ်ထလုပ်ငန်းရှင်များ၊ အထူးသဖြင့် ကပ်ရောဂါကြောင့် တိုက်ရိုက် အထိနာ သွားရသည့် လုပ်ငန်းများတွင်ပါဝင်သူများကို စဉ်းစားမိကြောင်း၊ ထို့သို့သော လူအများပိုင်းသည် မိခင်၊ ဖခင်များဖြစ်၍ သူတို့၏ကလေးများ အတွက်နေ့စဉ် ကျွေးမွေးရန်ပင်အခက်တွေ့နေကြမည်ဖြစ်ကြောင်းဖြင့် မီးမောင်းထိုးပြတော်မူ ခဲ့သည်။
ရဟန်းမင်းကြီးက ဤကပ်ရောဂါအကျပ်အတည်း ပြီးသွားသည့်နောက်ပိုင်းအထိ ဤရန်ပုံငွေအား ရောမမြို့၏အမှန်တကယ်လိုအပ်ချက်များအတွက် ဆက်လက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ဦးစီးဦးဆောင် ပြုသွားနိုင်သည်အထိ စဉ်းစား မျှော်မှန်းထားကြောင်းပြောဆိုခဲ့သည်။
ဤရံပုံငွေကူညီရေးအသင်းအဖွဲ့ထူထောင်ခြင်းသည် ရသင့်သောအခွင့်အရေးမရဘဲ နှစ်သိမ့်မှု၊ မျှော် လင့်ချက်၊ အသိအမှတ်ပြုခံရမှုတို့ကို လိုအပ်တမ်းတနေသူများအပေါ် လက်တွေ့ကျကျဖေးမပါဝင်မည့် စိတ်နှလုံး ကောင်းရှိသူတို့ကို ဖိတ်ခေါ်လိုက်သည့် အမှတ်အသားဖြစ်ရန် ရည်ရွယ်ထူထောင်ရခြင်းလည်း ဖြစ်သည်။ သို့နှင့် နိုင်ငံသားများ၊ အခြားအဖွဲ့အစည်းများမှလည်း ယခုကာလကဲ့သို့သော သူမတူအောင် ခက်ခဲ လိုအပ် နေချိန်မျိုး၌ မိမိတို့မှာရှိသည်များကို ဤရံပုံငွေအသင်းအဖွဲ့သို့ ရက်ရက် ရောရော ပါဝင်လာကြရန် ရဟန်းမင်းကြီးက ဖိတ်ခေါ် တော်မူလိုက်သည်။
အရှင်သူမြတ်က ““ကျွန်ုပ်တို့၌ မလိုသည့်၊ ပိုနေသည့်အရာများကို ပေးကမ်းဝေမျှနေရုံ မလုံလောက်တော့ သည့် လက်ရှိအချိန် အခြေအနေကို အသိရှိကြရန် စိတ်နှလုံးကောင်းရှိသော ရောမမြို့သူ/သားများကို နှိုးဆော် လိုက်သည်”” ဟု လည်း ဆိုခဲ့သည်။
ထို့အပြင် အရှင်သူမြတ်က ““ရဟန်းဘုန်းတော်ကြီးများကိုလည်း ဤရံပုံငွေအဖွဲ့အစည်းသို့ ကိုယ်တိုင် ဦးစွာထည့်ဝင်သူများ ဖြစ်ကြလျက် မိမိတို့ရှိနေသည့်နေရာတွင် ဝေမျှပေးကမ်းရန် စိတ်အားထက်သန်သူများ ဖြစ်ကြရန်”” တိုက်တွန်း တောင်းဆိုတော်မူခဲ့သည်။
ရဟန်းမင်းကြီးက ““တစ်ဆက်တည်းမှာပင် လက်ရှိ ကပ်ရောဂါအတွင်းလိုက်ပါ လုပ်ဆောင်မှုများသည် သမ်္မာကျမ်း စာထဲက မုန့်ငါးလုံး၊ ငါးနှစ်ကောင်နှင့် စားရန်လူအုပ်ကြီး အင်အားမမျှသကဲ့သို့ အဆမတန် လုပ်ဆောင် ရန် တောင်းဆိုခံခဲ့ရသည့် အခြေအနေတွင် အားကုန်ပါဝင်ဖြည့်ဆည်းခဲ့ကြခြင်းအတွက်လည်း ရောမကက်သလစ် သာသနာ တစ်ခုလုံးနှင့် နိုင်ငံသားများအား ကျေးဇူးတင် ချီးမွှမ်းကြောင်းဖြင့် ထည့်သွင်းရေးသားထားသည်။
ဤရံပုံငွေအသင်းသစ်ကို တာဝန်ယူရမည့် ကာဒီနယ်ကြီး ဒီဒိုနာတီးစ်လည်း ရဟန်းမင်းကြီးအား ယခုကဲ့သို့ သာသနာရှိ အတိဒုက်္ခရောက်ပြီး အကူအညီလိုအပ်လွန်းသူများအတွက် သတိရစဉ်းစားပေးကာ ရံပုံငွေအဖွဲ့ကို မတည်ထူထောင်ပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း၊ ရဟန်းမင်ကြီး၏ မူလရည်ရွယ်ချက်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မြို့စီမံကိန်းတာဝန်ခံနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့နှင့်လည်း ချိတ်ဆက်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားတော်မူခဲ့သည်။  ကုန်ဇမှုန်း

817  Views
Previous: FABC President Cardinal Charles Bo condemns to Turkish President’s decision on Hagia Cathedral as foolish
Next: အသက်တော် (၇၅) နှစ်ပြည့်ပြီဖြစ်သော ရဟန်းမင်းအမတ်ရောဘတ်စာရာအား ဘုရားဝတ်ပြုကိုးကွယ်ခြင်းဌာန၏ဥက်္ကဌအဖြစ် ရဟန်းမင်းကြီးက ဆက်လက်ခန့်ထားတော်မူ