ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဘုန်းတော်ကြီး ဂျွန်စောဂေါ်ဒီအား တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ဆက်ခံဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်တော်မူ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသာနမှ ဘုန်းတော်ကြီး ဂျွန်စောဂေါ်ဒီအား Coadjutor Bishop ဆက်ခံခွင့်ရှိသော ဆရာတော်အဖြစ် ဇွန်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅း၃၀) အချိန်တွင် ဗာတီကန်နိုင်ငံမှ ကြေညာရွေးချယ်တော်မူလိုက်သည်။

၄င်းရွေးချယ်ကြေညာချက်ကို လက်ရှိ တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသာနာပိုင်ဆရာတော်ကြီး အိုက်ဇက်ဓနုက ဖေ့စ်ဘုတ်မှတဆင့် မိမိသာသနာအတွင်းသို့ထပ်ဆင့်ကြေညာတော်မူလိုက်သည်။

ဘုန်းတော်ကြီး ဂျွန်စောဂေါ်ဒီသည် လက်ရှိ တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသာနာပိုင်ဆရာတော်ကြီး အိုက်ဇက်ဓနုကို ဆက်ခံရမည် ဖြစ်သည်။ ကက်သလစ်သာသနာတော်၏ကာနွန်ဥပဒေ (ပုဒ်မ ၄၀၁) အရ၊ ကက်သလစ်ဆရာတော်ကြီးများသည် အသက် (၇၅) နှစ် ပြည့်လျှင် ရဟန်းမင်းကြီးထံသို့ အနားယူခွင့်စာကို ပေးပို့ကြရပြီး ရဟန်းမင်းကြီးက ၄င်းစာကို အတည်ပြုလျှင် အနားယူရကာ၊ အတည်မပြုလျှင် မိမိတာဝန်ကို ဆက်လက်ထမ်းဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့်ဆက်ခံခွင့်ရှိသော ဆရာတော်ဂျွန်စောဂေါ်ဒီသည် လက်ရှိ တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသာနာပိုင်ဆရာတော်ကြီး အိုက်ဇက်ဓနု အသက်တော် (၇၅) နှစ်ပြည့်သည့်နေ့တွင်ပင် ချက်ချင်း လက်ရှိ တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသာနာပိုင်ဆရာတော်ကြီးအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ ကုန်ဇမှုန်း

660  Views
Previous: ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ် (ရန်ကုန်) ကို သြဂုတ်လ (၃) ရက်နေ့မှစတင်ဖွင့်လှစ်ရန် စီစဉ်နေ
Next: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည်ဟုကြေညာ