ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းကို ရဟန်းမင်းကြီးရုံးတော်၏ဘာသာတရားများနှီးနှောဖလှယ်ခြင်းဆိုင်ရာ အဖွဲ့ဝင်သစ်အဖြစ် ခန့်အပ်

ဗာတီကန်၊ ဇူလိုင် ၈၊ ၂၀၂၀

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဇူလိုင်လ (၈) ရက်နေ့တွင် ရဟန်းမင်းကြီးရုံးတော်၏ ဘာသာ တရားများနှီးနှောဖလှယ်ခြင်းဆိုင်ရာ အဖွဲ့ဝင်သစ်များထပ်မံခန့်အပ်ခြင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ၌ မြန်မာနိုင်ငံမှ မန်္တလေးကက်သလစ် ဂိုဏ်းချူပ်ဆရာတော်ကြီး မာကုတင်ဝင်းကိုလည်း တစ်ပါးအပါအဝင် ခန့်အပ် တော်မူလိုက်ကြောင်း ဗာတီကန်နိုင်ငံ၏တရားဝင်အင်တနက်စာမျက်နှာထဲတွင် ဖော်ပြထားသည်။

အသစ်ထပ်မံဖြည့်စွက်သည့်အဖွဲ့ဝင်များတွင် အာရှတိုက်နိုင်ငံအသီးသီးမှ ဆရာတော်ကြီးများနှင့် ကာဒီနယ်လ်များ (၉) ပါးပါဝင်သည်ဖြစ်ရာ အာရှကက်သလစ်သာသနာတော်အတွက် အားရဖွယ်ရာဖြစ်ကြောင်း ကိုလည်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဥက်္ကဌဖြစ်တော်မူသော ကာဒီနယ်လ်ချားလ်စ်ဘိုမှ ဝမ်းသာဂုဏ်ပြုစာ ပေးပို့တော်မူလိုက်သည်။

ထပ်မံဖြည့်စွက်ခန့်အပ်သည့် အာရှဆရာတော်ကြီးများနှင့် ကာဒီနယ်လ် (၉) ပါးတို့မှာ-
၁။ ဗာတီကန်နိုင်ငံ၏သာသနာပြန့်ပွားရေးဌာနမှ ဥက်္ကဌ (ဝန်ကြီး) ဖြစ်တော်မူသော ကာဒီနယ်လ် လူးဝစ် တာ့ဂလယ်
၂။ လာအိုနိုင်ငံမှ ကာဒီနယ် လူးဝစ်မာရီလင်း
၃။ အင်ဒိုနီးရှားနိုင်ငံမှ ကာဒီနယ်အစ်ဂနေးရှပ်စ် စူဟာ့ရီရို
၄။ အိန်္ဒိယနိုင်ငံမှ ဂိုဏ်းချူပ်ဆရာတော်ကြီး ဖဲလစ် အန်ထော်နီ
၅။ မြန်မာနိုင်ငံမှ ဂိုဏ်းချူပ်ဆရာတော်ကြီး မာကုတင်ဝင်း
၆။ ဂျပန်နိုင်ငံမှ ဆရာတော်ကြီး ပေါလ်ယိုရှီနာအို
၇။ ထိုင်ဝမ်နိုင်ငံမှ ဂိုဏ်းချူပ်ဆရာတော်ကြီး သောမတ်စ် ချုန်အဲန်ဇု
၈။ အိန်္ဒိယနိုင်ငံမှ ဆရာတော်ကြီး ရာဖီ
၉။ ဗီယက်နမ်နိုင်ငံမှ ဆရာတော်ကြီး ဂျိုးဇက် တို့ဖြစ်ကြပါသည်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဥက်္ကဌဖြစ်တော်မူသော ကာဒီနယ်ချားလ်စ်ဘိုက အသစ်ခန့်အပ်ခံရသော ဆရာတော်ကြီးများအတွက် ဂုဏ်ယူပါ ကြောင်းဖြင့် နှုတ်ဆက်ထားပါသည်။

မန်္တလေးကက်သလစ် ဂိုဏ်းချူပ်ဆရာတော်ကြီး မာကုတင်ဝင်းသည် ဗုဒ်္ဓဘာသာဝင်များ၏ အထွန်းကား ဆုံးမြို့ဖြစ်သော မန်္တလေးမြို့ပေါ်တွင် သီတင်းသုံးတော်မူပြီး ဘာသာပေါင်းစုံနှင့်ဆက်ဆံထိတွေ့မှုကို အကောင်းဆုံး လုပ်ဆောင်နေသူနှင့် ဘာသာပေါင်းစုံကိုဦးတည်သော စာအုပ်စာပေများကို ရေးသားနေတော်မူသော ကက်သလစ် ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူသည်။ ၀၀၁ ကုန်ဇမှုန်း

1263  Views
Previous: တရားထောက်နှစ်ဦးအား လိင်တူဆက်ဆံခဲ့သည်ဟူစွပ်စွဲချက်ဖြင့် မြို့နယ်တရားရုံး၏ တရားစီရင်ခြင်းခံရသော ကာဒီနယ်ဂျော့ပဲလ်ကို သြစတြေးလျား တရားရုံးချုပ်ကသက်သေမခံလုံဟုဆုံးဖြတ်ပြီး ထောင်မှတရားသေပြန်လွှတ်ပေး
Next: ပုံနှိပ်နှင့်သတင်းစာနယ်ဇင်းလုပ်ငန်းများသည် ကမ်္ဘာတည်သရွေ့ လူ့မှုအသိုင်းအဝန်းအတွက် မရှိမဖြစ်သော ဝန်ဆောင်မှုတစ်ခုအဖြစ် အမြဲရှိနေအုံးမည်။