လားရှိုးကက်သလစ်သာသနာတွင်ကက်သလစ်ဘာသာဝင်ဦးရေ နှစ်စဉ် လျှော့ကျလာနေဟု ဆရာတော်ဇဟောင်းက မိန့်ကြားတော်မူ

Bishop P

ရန်ကုန်၊ ဧပြီလ ၁၃ လား ရ ှု ိ း က က ် သ လ စ ် သာသနာပိုင် ဆရာတော်ကြီး ဖိလစ် ဇာဟောင်းသည် မိမိ၏လားရှိုး ကက်သလစ်သာသနာ၏ ဘာသာဝင် ဦးရေသည် နှစ်စဉ်လျှော့ကျ လာနေပြီဖြစ်ကြောင်းဖြင့် ဧပြီလ ၁၃ ရက်နေ့က ဂလိုရီးယားသတင်း ဂျာနယ်၏ အမေးတစ်ခုတွင် မိန့်ကြား တော်မူလိုက်သည်။ ဂ လ ိ ု ရ ီ း ယ ာ း သ တ င ် း ဂျာနယ်က ဆရာတော်ဘုရား ဖိလစ်ဇာဟောင်းအား “လားရှိုး ကက်သလစ် သာသနာတွင် ဘာသာဝင်များ၏ အခြေအနေ မည်ကဲ့သို့ ရှိသနည်း”” ဟူသော အမေးကို ဖြေကြား ရာတွင် “ဆရာတော် ချားလ်စ်ဘို လက်ထဲက စာရင်းအရက ဘာသာဝင်ဦးရေ သုံးသောင်း ရှိတယ်လို့ စာရင်းအရ သိရပါတယ်။ ဒါပေမယ့် မနှစ်က ကောက်ခံရရှိထားတဲ့စာရင်းအရဆိုရင် နှစ်သောင်း ငါးထောင်နှင့်သုံးယောက် သာ ရှိကြောင်း၊ အရင်တုန်းကဆိုရင် မွေးကင်းစ ကလေးငယ်များ၏ ဆေးကြောခြင်း ခံယူသောစာရင်း သည် တစ်နှစ်လျှင် တစ်ထောင်ကျော် ရှိသော်လည်း မနှစ်ကဆိုရင် တစ်ထောင်မပြည့် တော့တာမို့ စိုးရိမ်နေရကြောင်း၊ ဒါကြောင့်မို့ ရဟန်းတွေအနေနဲ့ ဘာသာဝင် လူဦးရေ ကျဆင်းတယ်ဆိုတာဟာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်း တွေကို သေချာသုံးသပ်ဖို့ ညွန်ကြား ထားကြောင်း”” ဖြင့် အမိန့် ရှိတော်မူခဲ့သည်။ ထိုကဲ့သို့သော ကက်သလစ် ဘာသာဝင်ဦးရေ ကျဆင်းမှုနှင့် စပ်လျဉ်းပြီး ဆရာတော် ကြီးအား မည်ကဲ့သို့သုံးသပ် လိုပါသနည်းဟု လျှောက်ထားရာ၊ ဆရာတော် ကြီးက “စစ်ပွဲတွေကြောင့် တချို့ဘာသာဝင် တွေဟာ ကချင်ပြည်နယ်နဲ့ တခြား ဒေသဖက် ကိုပြောင်းရွှေ့နေကြ ကြောင်း၊ လူငယ် တော်တော်များများ ကလည်း တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံ ဖက်ကို ထွက်ပြီး အလုပ်ထွက်လုပ်နေ ကြကြောင်း နောက်တစ်ချက်က မိခင်တွေက သားဆက်ခြားဆေးများ သုံးစွဲနေတာလည်း ဖြစ်နိုင်သလို ကိုယ်ဝန်ဖျက် ချတာမျိုးလည်း ဖြစ်နိုင်ကြောင်း ကိုယ့်ရဲ့ဘာသာဝင် တွေက တခြားဘာသာဝင်တွေနဲ့ အိမ်ထောင်ကျလို့ သားသမီးတွေကို ကိုယ့်ရဲ့ဘာသာထဲကို မသွင်းတာလည်း ဖြစ်နိုင်ကြောင်း နောက်ဆုံးအနေနဲ့က အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသူများလည်းများပြားကြောင်း၊ လားရှိုးဆေးရုံမှာ ဆိုရင် အဲဒီရောဂါနဲ သေဆုံး သွားကြတဲ့ ဘာသာတူတွေကို ကျွန်တော်တို့က သဂြိုလ်ပေးနေတာတော်တော် များလာကြောင်း၊ ဒါကြောင့်မို့ လားရှိုး သာသနာက ရဟန်းတော်တွေက ဒါတွေကို သေချာလေ့လာပြီး ကိုင်တွယ်ဖြေရှင်းကြ ရန်လိုအပ် ကြောင်း”” ဖြင့် သုံးသပ်ပေးတော် မူပါသည်။

ဝင်းလှိုင်ဦး

1453  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့်တွေ့ဆုံမေးမြန်းခန်း
Next: THE ‘BOAT PEOPLE’ for COMPASSION AND MERCY