လူသုံးအများဆုံးဖြစ်သော လူမှုန်ကွန်ရက် Facebook ကုမ္ပဏီအမည်ကို Metaverse သို့ပြောင်း

လူသုံးအများဆုံးဖြစ်သော လူမှုကွန်ရက် ဖေ့စ်ဘွတ် (Facebook) ဟာ သူ့ရဲ့ကုမ္ပဏီနာမည်ကို Metaverse လို့ ပြောင်းလဲကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာခ့်ဇူကာဘတ်က ကြေညာလိုက်ပါတယ်။

ကုမ္ပဏီနာမည်ကိုပဲ ပြောင်းလဲလိုက်တာဖြစ်ပြီး လက်ရှိသုံးစွဲနေတဲ့ ဖေ့စ်ဘွတ် (Facebook)၊ အင်စတာဂရမ် (Instagram) နဲ့ ဝှက်စက် (WhatsApp) စတဲ့ လူမှုကွန်ရက်တွေကတော့ ဒီနာမည်အတိုင်းပဲ ဆက်လက် အသုံးပြုလို့ ရနေမှာဖြစ်ပါတယ်။

ဒီလိုမျိုး ပြောင်းလဲလိုက်တာဟာ လက်ရှိ အင်တာနက် စာမျက်နှာအွန်လိုင်းပေါ်မှာပဲ မြင်တွေ့နေရတာတွေကို နောင် အနာဂတ်မှာ တကယ့် အစစ်အမှန်တွေလို မြင်တွေ့ရအောင် ဖန်တီးဖို့ဖြစ်တယ်လို့ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။

Metaverse ဟာ 3D နည်းပညာနဲ့ ရုပ်ပုံတွေအားလုံးကို ဖန်တီးပြီး ကိုယ်တိုင်ရောက်သွားသလိုမျိုး ဖြစ်လာအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ဟာ သုံးစွဲသူတွေရဲ့ ထိခိုက်မှုတွေအပေါ် သေချာမကိုင်တွယ်နိုင်ဘူးဆိုပြီး ကုမ္ပဏီဝန်ထမ်းဟောင်း တစ်ယောက်ရဲ့ ထုတ်ဖော်ပြောဆိုမှုကြောင့် ဝေဖန်မှုတွေ ရှိခဲ့တဲ့အချိန်မှာပဲ အခုလို နာမည်ပြောင်းလဲဖို့ ဖြစ်လာတာပါ။

မြန်မာနိုင်ငံမှာတော့ လက်ရှိအာဏာသိမ်းစစ်ကောင်စီက ဖေ့စ်ဘွတ်အသုံးပြုသူတွေကို ကန့်သတ် ပိတ်ပင်မှု တွေ ရှိနေသေးတာကြောင့် Virtual Private Network (VPN) နဲ့ ကျော်လွှားပြီး အသုံးပြုနေရဆဲဖြစ်ပါတယ်။

351  Views
Previous: မြန်မာကိုယ်စားလှယ်မပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပ
Next: ထန်တလန်မှာ လက်နက်ကြီးကျည်သင့်အပြီး အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ကျွမ်း