သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသောပွဲတော်မင်္ဂလာအဖြစ် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပေးသနားသော တကမ္ဘာလုံးအတွက် ကောင်းကြီးမင်္ဂလာတော်

ဗာတီကန်၊ ဧပြီလ ၂၁၊ ၂၀၁၉

 

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လာတင်းဘာသာဖြင့်(ရောမမြို့နှင့်တစ်ကမ္ဘာလုံးသို့) ဟု အနက်ရသော ကောင်းကြီးမင်္ဂလာတော်မြတ်ကို သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသောပွဲတော်မင်္ဂလာအဖြစ် ဧပြီလ (၂၁) ရက်နေ့က ပေးသနားတော်မူ လိုက်သည်။

၎င်းကောင်းကြီးမင်္ဂလာတော်မြတ်၌ ရဟန်းမင်းကြီးက ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်၏ အလင်းရောင်သည် ကမ္ဘာတဝှမ်း ပဠိပက္ခများကြောင့် အမှောင်ဖုံးလွှမ်းနေသော အထူးသဖြင့် နီကာရာဂွာ၊ ဗင်နီဇွဲးလား၊ အရှေပိုင်း ယူကရိန်း၊ တောင်ဆူတန်၊ ဆူတန်၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ နီဂါ၊ မာလီ၊ ဗာကီနာ ဖာဆီု၊ လစ်ဗျား၊ ပါလက်စတိုင်း၊ အစ်စရေး၊ ရီမင် ဆီးရီးယား နိုင်ငံတို့တွင် ထွန်းလင်းတောက်ပပါစေကြောင်းဖြင့် ဆုတောင်း ကောင်းကြီးပေးခဲ့ပါသည်။ သူ၏ကောင်းကြီးမင်္ဂလာတရားတော်သည် အောက်ပါအတိုင်း ဖြစ်သည်။

၂၀၁၈ အောက်တိုဘာလက ပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများညီလာခံမှ ထွက်ပေါ်လာသော ]]ခရစ်တော်သည် အသက်ရှင်တော်မူ၏}} ဟူသောရဟန်းမင်းကြီး၏ စာချွန်တော်ကို အခြေခံပြီး သခင်ခရစ်တော်သည်ကျွနုပ်တို့၏ မျှော်လင့်ခြင်းဖြစ်ပြီး သူသည် လူငယ်များကို ကျွနု်ပ်တို့ဘဝထဲသို့ အံဩစွာခေါ်ဆောင်ပေးခဲ့တယ်။ သူနှင့်ထိတွေ့သော အရာတိုင်းသည် ငယ်ရွယ်နုပျိုသစ်လွင်ခြင်းသို့ပြောင်းလွဲးပြီး အသစ်ဖြစ်ခြင်း၊ ပြည့်ဝသော အသက်တာကိုပိုင်ဆိုင်ကြတယ်။

ဒီပါစကားကာလဟာ ညီကိုယ်မောင်နှ အသက်တာ၊ ငြိမ်းချမ်းခြင်း အသက်တာ၊ ချစ်ခြင်းမေတ္တာ ဖြင့် တည်ဆောက်သော ကောင်းကင်နိုင်ငံတော်၊ ဘုရားရှင်၏နိုင်ငံတော်ကို လောကကမ္ဘာကြီးအတွက် ဖွင်လှစ်ပေးလိုက်ခြင်း၊ အပြစ်နှင့် သေခြင်းတရားရဲ့ကျွန်ဘဝမှ ကယ်နှုတ်ပေးခြင်း၊ အသစ်ဘဝအသက်တာကို စတင်ခြင်း ဖြစ်တယ်။ ဒုက္ခထဲမှာ နစ်မွန်းနေသူတွေကို ခရစ်တော်က ပြစ်မထားပါဘူး။

အရှေ့အလယ်ပိုင်း ဒေသတွင် ဒုက္ခများကြား ရုန်းကန်ရှင်သန်ပြီး မိမိ ယုံကြည်ခြင်းကို သက်သေခံနေကြ ရသော ခရစ်ယာန်များ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်၏ ဘုန်းတန်ခိုးကျေးဇူးတော်များ ခံစားကြရစေဖို့၊ ဆီးရီးယား တွင်ဖြစ်ပေါ်နေသော မဆုံးနိုင်သော ပဋိပက္ခများ ကြောင့် ဒုက္ခရောက်သူများ၊ ဂျော်ဒန် နှင့် လက်ဘနွန် နိုင်ငံများတွင် ခိုလုံနေကြသော ဒုက္ခသည်များနှင့် အိမ်ယာမဲ့များပြန်လာနိုင်ရေး၊ တရားမျှတာခြင်းထွန်းကားရေး၊ ငြိမ်းချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးသော လွတ်လပ်မှုရှိရေးတို့ကို ဦးစားပေး လုပ်ဆောင်ကြစေနိုင်ရန် နှင့် အစ္စရေးနှင့်ပါလက်စတိုင်း နိုင်ငံတော် အစိုးရခေါင်းဆောင်များအပါဝင် နိုင်ငံတကာ နိုင်ငံတော် အစိုးရခေါင်း ဆောင်များအား ဘုရားရှင်၏ အလင်းပေးမူ့ဖြင့် တည်ငြိမ်အေးချမ်းသော အခြေအနေများဖော်ဆောင်နိုင်ကြရန်၊ အာဖရိကတိုက်ရှိ သွေးမြေ ကျနေရသော ကာအကွယ်မဲ့မိသားစုများ၊ ပဋိပက္ခဖြစ်နေသော ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ နီဂါ၊ မာလီ၊ ဗာကီနာ ဖာဆီု၊ တောင်ဆူတန်၊ ဆူတန် နိုင်ငံများတွင် ဘုရားရှင်၏ ကျေးဇူးတော်များ ခံစားရပြီး ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း နည်းလမ်းများဖြင့် ဘာသာရေးလူမျိုးရေး လုံခြုံမှုများရရှိစေရန်၊ အများကောင်းကျိုး များဖော်ဆောင်နိုင်သောသူများဖြစ်စေရန်၊ အရှေ့ယူကရိန်း ဖြစ်ပေါ်နေသော ပဠိပက္ခ အမြန်ဆုံးတည်ငြိမ်အေးချမ်းပြီး တည်တန့်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြရန်၊ အမေရိက နိုင်ငံများဖြစ်သော ဗင်နီဇွဲလားနှင့် နီကာရာဂွာ နိုင်ငံတို့တွင်ဖြစ်ပေါ်နေသော မတရားမှုများ၊ အလွဲးသုံးစားပြုခံရမှု များ နှင့် အကြမ်းဖက်မူ့များ ကို ငြိမ်းချမ်းသော အဖြေရှာနည်းများဖြင့် တာဝန်ရှိသော နိုင်ငံရေးခေါင်းဆောင်များမှ အဖြေရှာဖော်ထုတ်ပြီး ငြိမ်းချမ်းကြစေရန် ဆောင်ရွက်ကြရမည်။

သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲတော် အခါသမယ တွင် တိုင်းပြည်များ မြို့တော်များ၊ စစ်မက်ဖြစ်ပွားနေသောဒေသများတွင် စစ်လက်နှက်များ၏ ပေါက်ကွဲးမြည်ဟီးသံများ အဆုံးသတ်ခြင်း၊ တံတိုင်းများ အစား တံတားများတည်ဆောက်နိုင်ကြစေရန် နှင့် လူဂုဏ်သိက္ခာ မဲ့စွာနေထိုင်နေရသူများ၊ ရွေ့ပြောင်းဒုက္ခသည် များ၊ အစာရေစာငတ်မွတ်ခေါင်ပါမူ့ခံစားနေကြရသူများ၊ ခွဲခြားဆက်ဆံခံနေရသူများ၊ အလုပ်လက်မဲ့များ၊ ဆင်ရဲးသားများ၊ မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်းမရှိသော ခွန်အားနည်းပါသူများ၊ ကလေးသူငယ်များ၊ နိမ်ကျနေရသောသူများအတွက် အသက်ရှင်တော်မူသော ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော် တပ်စွမ်းနိုင်သော လူသားတို့၏ နှလုံးသားများကိုဖွင့်ပေးစေရန် သခင်ယေဇူးရှင်ပြန်ထ မြောက်တော်မူသော ပါစကားပွဲနေ့တွင် ဆုတောင်းမေတ္တာပို့သပေးခဲ့ပါသည်။

ကုန်ဇမှုန်းနှင့်ဖာသာရ်ကြည်မောင်

837  Views
Previous: ချမ်းသာရွာသို့ ဖရန်စစ္စကင်း သီလရှင်အသင်းဂိုဏ်းရောက်ရှိခြင်း နှစ်(၁၀ဝ)ပြည့် ဂျူဗလီ ကျောက်စာတိုင်ဖွင့်လှစ်ခြင်း
Next: ကလေးမွေးပေးကြသော အမျိုးသမီးမိခင်တိုင်းဟာ မယ်တော်သခင်မများ ဖြစ်ကြသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက မိန့်ကြား