သင်သည် ယခုကူးစက်ရောဂါကပ်ဆိုးကာလ၌ မိမိအပြစ်အတွက် ရဟန်းများထံအာပတ်ဖြေခြင်းကို ပြုလုပ်ရန် မဖြစ်နိုင်ပါက မိမိစိတ်၌ အမှန်တကယ်နောင်တရယူခြင်းအားဖြင့် ဘုရားရှင်မြတ်၏ အခွင့်လွှတ်ခြင်းကို ရယူရန် ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ

ဗာတီကန်၊ မတ်လ ၂၂၊ ၂၀၂၀

သင်သည် ယခုကူးစက်ရောဂါကပ်ဆိုးကာလ၌ မိမိအပြစ်အတွက် ရဟန်းများထံအာပတ်ဖြေခြင်းကို ပြုလုပ်ရန် မဖြစ်နိုင်ပါက မိမိစိတ်၌ အမှန်တကယ်နောင်တရယူခြင်းအားဖြင့် မိမိအပြစ်အတွက် ဘုရားရှင်မြတ်၏ အခွင့်လွှတ်ခြင်းကို ရယူရန် ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူလိုက်သည်။
ရဟန်းမင်းကြီးသည် မတ်လ (၂၀) ရက်နေ့က ကျင်းပသောမစ်္ဆားတရားပူဇော်ခြင်း၌ ဘုရားသခင်သည် သူ၏လူမျိုးတော်ကို သူ့ထံသို့ပြန်လာရန်ခေါ်ဖိတ်နေသည့်အကြောင်းကိုထောက်ရှုဝေမျှခဲ့သည်။
သူက၊ ဝါတွင်းကာလ၌ဘုရားသခင်၏နူးညံ့သိမ်မွေ့ခြင်းကို ထူးခြားစွာထိတွေ့ခံစားရသည်။ ဝါတွင်းကာလ၌ ဘုရားသခင်၏ လူမျိုးတော်သည် မိမိတို့၏ကျင့်စဉ်များကိုပြန်လည်ဆင်ခြင်ပြီး၊ ဘုရားသခင်ထံ ပြန်လှည့်ပြန်ရမည်ကိုအသိဝင်ရမည့်အချိန်ကာလဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိလူမျိုး၏ အပြစ်အနာအဆာများကိုကုသပျောက်ကင်းပေးနိုင်သူ၊ အဘယ်မျှညစ်ပတ်ပေတေနေစေကာမူ မိုးပွင့်ကဲ့သို့ ဖြူစင်အောင်ဆေးကြောပေးနိုင်စွမ်းရှိသည်ဟု သွန်သင်တော်မူသည်။
ရဟန်းမင်းကြီးက၊ ဘုရားသခင်သည်ကျွန်ုပ်တို့အား လူသစ်၊ စိတ်သစ်ဖြစ်လာအောင် ပြောင်းလဲပေး စွမ်းနိုင်သည်။ သို့သော်ကျွန်ုပ်တို့ဖက်မှ စုံလင်ကြေကွဲသောစိတ်ဖြင့်ဘုရားသခင်ထံပြန်လာလိုသောစိတ်ကို ဦးစွာမွေးရမည်။ ကျွန်ုပ်တို့အစပြုလိုက်သောခြေလှမ်းသည် ဘုရားသခင်ထံသို့သာ လှည့်ပြန်ခြင်းမဟုတ်။ အိမ်တော်သို့သက်သက် ပြန်ခြင်းဖြစ်သည်ဟု မီးမောင်းထိုးပြတော်မူသည်။
ရဟန်းမင်းကြီးက၊ ပါးစကာပွဲတော်ကြီးကို ပြင်ဆင်ရန်အတွက် ဘာသာတူများသည်ဝါတွင်းကာလ၌ စုံလင်သောနောင်တ ဖြင့် ဘုရားသခင်၏ခေါ်ဖိတ်ခြင်းကိုခံယူကာ ပြန်လာလိုကြသော်လည်း ၎င်းတို့၏နောင်တဖြင့် တောင်း လျှောက်သံကိုနားညောင်းပေးရန် ဘုရား၏ကိုယ်စားလှယ်များဖြစ်သော ရဟန်းများသည် အာပတ်ထိုင်ဖြေ ပေးရန် အသင့်ရှိမနေနိုင်သောကြောင့် အာပတ်ဖြေလျှောက်လိုသော်လည်း ရဟန်းများရှိမနေ၊ ရဟန်းများကို မတွေ့လျှင် ဘုရားသခင်နှင့်စကားပြောလိုက်ပါ။ ဘုရားသခင်သည် သင့်အဖဖြစ်သည်။ သင့်၏ဖြစ်ကြောင်း ကုန်စင်ကို မထိန်မချန်ဘဲ၊ အမှန်အတိုင်း “ကိုယ်တော်၊ တပည့်တော်ဒါ ဒါတွေလုပ်ခဲ့တယ်။ တပည့်တော်ကို ခွင့်လွှတ်ပေးတော်မူပါ” ဟုဖွင့်ချတောင်းပန်၍ ဘုရားသခင်၏ သနားခွင့်လွှတ်ခြင်းကို စုံလင်သောနာကြင်ခြင်းဖြင့် သင့်၏စိတ်နှလုံးအတွင်းမှလိုလိုချင်ချင်၊ တောင့်တောင့်တတဖြင့်တောင်းခံရန်၊ ခွင့်လွှတ်ခြင်း ကိုတောင်း ခံပြီးနောက် လည်း နောက်နောင်အပြစ်ဖြေဆိုရန်အခြေအနေအခွင့်အခါသာသည့်အခါ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သော အပြစ်များကိုရဟန်းတော်အားပြန်လည်တင်လျှောက်၍အပြစ်ခွင့်လွှတ်ခြင်းကောင်းကြီးကိုခံယူပါမည်ဟုကတိပြုရန်၊ ဤနည်းအားဖြင့်လည်းဘုရားသခင်၏ ကောင်းကြီးတော်အခြေအနေသို့ချက်ချင်း ပြန်လည်ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ကူးစက်ရောဂါကပ်ဘေးဆိုးနှင့်ကြုံနေရစဉ်တွင် ရဟန်းများအာပတ်ထိုင်ဖြေမပေး နိုင်သော်လည်း ဘာသာတူများဘုရားသခင်နှင့်မည်သည့်နည်းလမ်းမျိုးဖြင့်ပြန်လည်နီးစပ်နိုင်သည်၊ ဘုရား သခင်၏သနားခွင့်လွှတ်ခြင်း ကောင်းကြီးကိုအဘယ်သို့ပြန်လည်ရရှိနိုင်သည်ဟု သင်ကြားပေးတော်မူသည်။ ၀၀၉ ကုန်ဇမှုန်း

862  Views
Previous: လူငယ်တို့ —– သင်တို့ဘဝကို ဂီတ (အတီးအမှုတ်) ဖြင့် အလှဆင်ကြပါ
Next: ရဟန်းမင်းကြီးဖရန်စစ်က ကာဒီနယ်သီအိုဒိုမက်ကားရစ်အား ဆရာတော်အဆင့်မှ သာမန်ကက်သလစ်ဘာသာဝင် အဆင့်သို့ အဆင့်လျှော့ ဒါဏ်ပေး