သာသနာတော်ကို ခုတုံးလုပ်ပြီး မိမိအကျိုးအတွက် အသုံးချတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးတွေဟာ သာသနာတော်ကို ဖျက်စီတဲ့သူတွေဖြစ်တယ်လို့ ရဟန်းမင်းကြီးက ရှုတ်ချတော်မူ


ဗာတီကန်၊ သြဂုတ်လ ၂၁၊ ၂၀၁၉

ရဟန်းမင်းကြီးက သာသနာတော်ကို ခုတုံးလုပ်ပြီး မိမိအကျိုးအတွက် အသုံးချတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးတွေဟာ သာသနာတော်ကို ဖျက်စီတဲ့သူတွေဖြစ်တယ်လို့ သြဂုတ်လ (၂၁) ရက်နေ့က လူထုနှင့်တွေ့ဆုံရာ တွင် ရှုတ်ချတော်မူလိုက်သည်။
ရဟန်းမင်းကြီးက ““ဝိညာဉ်အဟာရဖြစ်သော ကိုယ်တော်မြတ်စက်္ကရမင်းတူး၌သာ ညီအစ်ကိုမောင်နှစိတ် ရှိသော အဖွဲ့အစည်းကို တည်ဆောက်ကြရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခရစ်ယာန်များသည် သခင်ခရစ်တော် ၏ ခန်္ဓာတော်အစိတ်အပိုင်များဖြစ်ကြပြီး သခင်ခရစ်တော်၌သာ ပြည့်ဝသောအသက်တာကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဘုရားနှင့်ပေါင်းစပ်ခြင်း၊ ကိုယ်နှင့်နီးစပ်သူများကို ချစ်ခြင်းမေတ်္တာ ထားခြင်းသည် ဘုရားမိသားစုကို တည်ဆောက်ခြင်း၊ တလုံးတဝတည်းရှိသော သာသနာတော်ကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဒီအချက်ဟာ အသင်းတော်ဖြစ်တည်ခြင်းရဲ့ အဓိကအချက်ဖြစ်တယ်၊ သခင်ခရစ်တော်ကို ခံယူခြင်း၌ တို့တတွေအားလုံးဟာ တစ်ယောက် နှင့်တစ်ယောက် ဆက်နွယ်သွားကြတယ်၊ သခင်ခရစ်တော်၌သာ တို့တတွေအားလုံး ပေါင်းစပ်သွားကြခြင်း ဖြစ်ပါတယ်”” ဟု သွန်သင်တော်မူလိုက်သည်။
ဆက်လက်ပြီး အရှင်သူမြတ်က ““တပါးသူကို ရက်ရောစွာကူညီခြင်း၊ အလိုအပ်ဆုံးသောသူများကို ကြည့်မြင်ကူညီခြင်းအားဖြင့် သင့်နှလုံးသားပြောင်းလဲလာခြင်းကို ဖော်ပြသလို၊ အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ် ပင့်ယူခြင်း နှင့် ဆုတောင်းခြင်းအသက်တာမှာ မွေ့လျှော်ခြင်းများဟာ သင့်ကိုယ်သင် ကောင်းသော ခရစ်ယာန် တစ်ယောက်အဖြစ် ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ စစ်မှန်စွာပြောင်းလဲသွားသူတို့ရဲ့အသက်တာမှာ သူတို့ရဲ့စကားလုံးများထက် သူတို့၏လက်တွေ့ကြသောလုပ်ရပ်များက သူတို့ရဲ့ဘဝအမှန်ကို ဖော်ဆောင်ပေး နေတာပါ။ သူတော်ကောင်းယောင်ဆောင်တတ်သောအကျင့်ဟာ ခရစ်ယာန်အသက်တာမှာ အဆိုးဝါးဆုံးသော အကျင့်ဖြစ်တယ်၊ အဲ့ဒီအကျင့်ဟာ ခရစ်ယာန် အဖွဲ့အစည်းအတွက် ဆိုးဝါးသော ရန်သူဖြစ်တယ်”” ဟု မိန့်ကြားတော်မူသည်။
ထို့အပြင်၊ ““သူတော်ကောင်းယောင်ဆောင်တပ်သောအကျင့်ဟာ မိမိအတွင်းစိတ်ကိုသေစေတယ်၊ အဖွဲ့အစည်းအတွင်းမှာ အဆိတ်အတောက်ကိုဖြစ်စေတယ်၊ တကိုယ်ကောင်းဆန်တဲ့ စိတ်ကို ကြီးစိုးထားစေတယ်၊ မိမိကိုယ်ကိုယ်အမှန်တရားနဲ့ဝေးကွာစေတယ်၊ ရိုးသားမှုကို သေဆုံးစေတယ်၊ ရိုးသာစွာ ချစ်ရန်၊ ပေးလှုရန် မလုပ်ဆောင်နိုင်တော့ဘူး၊ အဲ့ဒီလို အကျင့်စရိုက်ရှိသူ ခရစ်ယာန်တွေဟာ အမည်ခံခရစ်ယာန် တွေဖြစ်တယ်။ ဘုရားကျောင်းကိုလာကြည့်တဲ့ ခရီးသွားတွေနဲ့တူတယ်၊ လာကြည့်ရုံသက်သက်ပါပဲ လေးနက်တဲ့အနှစ်သာရ ကို သူတို့ မသိရှိ မခံစားကြပါဘူး။ တပါးသူကို အသုံးချပြီး မိမိနာမည်ရအောင်လုပ်သွားသော လုပ်ရပ်ဟာ မိမိအတွင်းစိတ်ကို မုချသေစေသော အလုပ်သာဖြစ်တယ်။ သာသနာတော်ကို ခုတုံးလုပ်ပြီး မိမိအကျိုးအတွက် အသုံးချတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးတွေဟာ သာသနာတော်ကို ဖျက်ဆီးတဲ့သူတွေ သူတော်ကောင်းယောင် ဆောင်သူတွေ ဖြစ်ကြပါတယ်”” ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။

658  Views
Previous: ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်ခြင်းသည် ယနေ့ခေတ်၏ အရေးကြီးဆုံးသော လူ့အခွင့်အရေးကာကွယ်မှုဖြစ်သည်ဟု ဆရာတော်ကြီး ဂျိုးဇက် နော်မန်းက မိန့်ကြား
Next: ““သူတို့နဲ့အတူတူဘောလုံးကန်တော့ ကျွန်တော်က ဘောလုံးပွဲတော့ ရှုံးတယ်၊ ဒါပေမယ့်သူတို့ဝိညာဉ်တွေကိုတော့ အနိုင်ရပါတယ်ဟု”” ဟားခါးဆရာတော်လူးစီအူးစ်ဟရယ်ကုန်းက မိန့်ကြားတော်မူ