““သူတို့နဲ့အတူတူဘောလုံးကန်တော့ ကျွန်တော်က ဘောလုံးပွဲတော့ ရှုံးတယ်၊ ဒါပေမယ့်သူတို့ဝိညာဉ်တွေကိုတော့ အနိုင်ရပါတယ်ဟု”” ဟားခါးဆရာတော်လူးစီအူးစ်ဟရယ်ကုန်းက မိန့်ကြားတော်မူ


အမေရိကန်၊ သြဂုတ်လ ၂၁၊ ၂၀၁၉

ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဖြစ်တော်မူသော ဆရာတော်လူးစီအူးစ်ဟရယ်ကုန်းက ““သူတို့နဲ့အတူတူဘောလုံးကန်တော့ ကျွန်တော်က ဘောလုံးပွဲတော့ ရှုံးတယ်၊ ဒါပေမယ့်သူတို့ဝိညာဉ်တွေကိုတော့ အနိုင်ရပါတယ်ဟု”” ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခိုလှုံနေကြသူများအား သြဂုတ်လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ သွားရောက်လည်ပတ်ခြင်းအပေါ် မိန့်ကြားတော်မူလိုက်သည်။
ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဖြစ်တော်မူသော ဆရာတော်လူးစီအူးစ်ဟရယ်ကုန်းသည် မိမိ၏သာသနာမှ အမေရိကန်နိုင်ငံရောက် ချင်းလူမျိုးဒုက်္ခသည်များ၏ ပညာရေးအတွက် ၂၀၁၇ ခုနှစ်မှစတင်ပြီး အမေရိကန်နိုင်ငံသို့ သွားရောက်ကာ၊ ချင်းကက်သလစ်ခရစ်ယာန်ဘာသာဝင်များ အများဆုံးနေထိုင်သော သာသနာပိုင်ရှိ ဆရာတော်ကြီးများနှင့်ရဟန်းများအား တွေ့ဆုံကာ မိမိ၏ အင်္ဂလိပ်စကားမတတ်သော ဘာသာဝင် များ၏သားသမီးများအတွက် စာသင်ကျောင်းများကို စီစဉ်ပေးရန် ဆရာတော်ကြီးများနှင့်ရဟန်းများအား လိုက်လံ အကူအညီ တောင်းခံခဲ့သည်ဟု သိရှိရပါသည်။
ဆရာတော်ကြီးက ““သူတို့က ကျွန်တော့်ကို သူတို့နှင့်အတူတူ ဘောလုံးပြိုင်ပွဲနှင့်ဘော်လီဘောပြိုင်ပွဲ နှစ်ပွဲကို ဝင်ကစားခိုင်းပါတယ်။ ကျွန်တော်လည်း ဝင်ကစားတော့ ကျွန်တော်ကတော့ နှစ်ပွဲစလုံးကို ရှုံးပါတယ်။ ဒါပေမယ့် သူတို့ဝိညာဉ်တွေကိုတော့ အနိုင်ရပါတယ်”” အင်ဒီယားနားကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ထုတ်ေ၀ လျက်ရှိသော အ့န ဃမငအနမငသည သတင်းစာ၏ မေးမြန်းမှုအပေါ် ဖြေကြားတော်မူလိုက်သည်။
ဆက်လက်ပြီး ဆရာတော်ကြီးက၊ ““ဒီတစ်ခေါက် ဒုတိယအကြိမ်လာရောက်လည်ပတ်တဲ့အခါမှာ ဒီမှာ ရောက်ရှိကြတဲ့ ချင်းကက်သလစ်ဘာသာဝင်တွေရဲ့မျက်နှာဟာ ပထမ (၂၀၁၇ခုနှစ်) တစ်ခေါက်နေ မတူတော့ဘူး။ သူတို့မျက်နှာမှာက ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ရှိလာတယ်၊ ပျှော်ရွှင်မှုတွေ ပေါ်လာတယ်။ ဒီဖက်အဖွဲ့အစည်းတွေ အကြားထဲမှာ နေတတ်ထိုင်တာလာကြပြီ ဆိုတာတွေကို မြင်တွေ့ရတော့ ပျော်ရွှင်မိပါတယ်”” ဟု ဖြေကြားတော်မူ သည်။
ဆရာတော်ကြီးက၊ ““ယုံကြည်ခြင်းကို လေ့လာသင်ယူခြင်းကလည်း အင်မတန်အရေးကြီးပါတယ်။ ဒီပညာဟာ တကယ်တော့ ဘုံပညာရေးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရောက် ချင်းကက်သလစ်ခရစ်ယာန် ဘာသာဝင်များဟာ အင်္ဂလိပ်စကားမပြောတတ်တာကြောင့် ကက်သလစ်ဘုရားကျောင်းများသို့ သွားရောက်ပြီး ဝတ်ပြုဆုတောင်းခြင်းကို မလုပ်ကြဘူး။ မိမိတို့ဖက်ကလည်း သူတို့ကို ဝတ်ပြုဆုတောင်းခြင်းမှာ ဦးဆောင်ပေးနိုင် မယ့် ရဟန်းတွေကို ပို့ဖို့ အားနည်းခဲ့တယ်။ ဒီအားနည်းချက်က ယိုပေါက်ဖြစ်သွားတယ်။ ဒီတော့ ဒီနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ချင်းခရစ်ယာန်ဂိုဏ်းကွဲတွေက ကိုယ့်ဘာသာတူတွေကို လာဆွဲဆောင်သွားကြတော့ ပါသွား ကြတယ်။ ဒီယိုပေါက်ကို ပိတ်ဖို့အတွက် ဟားခါးသာသနာကနေ ရဟန်းတစ်ပါး (ဘုန်းတော်ကြီး ထောင်ကျဲထန်း) ကို ပို့ပေးလိုက်တော့၊ အခုဆိုရင် ဘာသာတူတွေဟာ ယုံကြည်ခြင်းမှာ ပြန်လည်အားသန်လာကြပြီးတော့ ဘုရားသခင်ကို အားရ ပါးရ ချီးမွမ်းနေကြပြီ ဖြစ်ပါတယ်။ တကယ်တော့၊ သူတို့ရဲ့ယုံကြည်ခြင်းက သူတို့ဘဝကို ဆက်လက် ရှင်သန်စေတာ ဖြစ်ပါတယ်”” ဟု အ့န ဃမငအနမငသည သတင်းထောက်အား မိန့်ကြားတော်မူသည်။
ဆရာတော်ကြီး၏ အမေရိကန်ခရီးစဉ်နှင့်ပတ်သက်ပြီး ဂလိုရီယာသတင်းဂျာနယ်၏အယ်ဒီတာချုပ်က တယ်လီဖုန်းဖြင့် မေးမြန်းရာတွင် ဆရာတော်လူးစီအူးစ်ဟရယ်ကုန်းက ““သိုး (၉၉) ကောင်က ဟားခါးသာသနာမှာ ရှိတယ်။ သိုး (၁) ကောင်က နိုင်ငံခြားမှာ ရောက်သွားတယ်။ အဲဒီသိုး (၁) ကောင် ဒုက်္ခမရောက်ဖို့၊ လမ်းမှား မရောက်ဖို့အတွက် ဆရာတော်တို့မှာ တာဝန်ရှိလာတယ်”” ဟု ဖြေကြားပေးတော်မူသည်။

699  Views
Previous: သာသနာတော်ကို ခုတုံးလုပ်ပြီး မိမိအကျိုးအတွက် အသုံးချတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးတွေဟာ သာသနာတော်ကို ဖျက်စီတဲ့သူတွေဖြစ်တယ်လို့ ရဟန်းမင်းကြီးက ရှုတ်ချတော်မူ
Next: မန်္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်အသစ် မာကုတင်ဝင်းအား ဂိုဏ်းချုပ်ဆရာတော်ကြီးလည်ဆွဲအပ်နှင်းခြင်း