ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာ၌ ၂၀၁၇ ခုနှစ်အတွင်း ဆယ်ဖို့တစ်ဖို့ ကျပ်သိန်းလေးထောင်ခုနှစ်ရာကျော် ရရှိ

ရန်ကုန်၊ ဧပြီလ ၂၉၊ ၂၀၁၈

ဟားခါးကက်သလစ်ဆရာတော်ပိုင်သာသနာအတွင်းရှိ ကက်သလစ် ခရစ်ယာန်ဘာသာဝင် များက ၂၀၁၇ ခုနှစ် အတွင်း မိမိတို့၏ဝင်ငွေများထဲမှ ဘုရားအတွက်ပေးလှု သော ဆယ်ဖို့တစ်ဖို့ အလှူငွေသည် ကျပ်ငွေစုစုပေါင်း (သိန်းလေးထောင်ခုနှစ်ရာ) ကျော်ရှိသည်ဟုသတင်း ရရှိသည်။

၎င်းသတင်းနှင့်ပတ်သက်ပြီး ဟားခါးကက်သလစ်သာသနာမှ ဘုန်းတော်ကြီး လေတလင်းက “၂၀၁၇ ခုနှစ်အတွင်း ချင်းပြည်နယ်၊ ဟားခါးကက်သလစ် ဆရာတော်နယ်ထဲမှာရှိကြတဲ့ ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေက ဘုရားအတွက် ဖယ်ထားပြီး သာသနာသို့ပေးလှူသော ဆယ်ဖို့တစ်ဖို့ အလှုငွေက ကျပ်သိန်းငါးထောင်နီးပါးရှိတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ကျပ်သိန်းပေါင်း  လေးထောင်ခုနှစ်ရာကျော် ရှိတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ ကျပ် သိန်းပေါင်း (၅) ထောင်ကျော်နိုင်တယ်” ဟု  ဂလိုရီယာသတင်းဂျာနယ်သို့ ဧပြီလ (၂၈) ရက်နေ့က မိန့်ကြားတော်မူသည်။

ဤမျှသော ဆယ်ဖို့တစ်ဖို့အလှူငွေနှင့်ပတ်သက်ပြီး ထိပ်ဆုံးရဟန်းပိုင်သာ သနာများကို မေးမြန်းကြည့်ရာတွင် သူက “အလှူငွေအများဆုံးကတော့ ဟားခါး၊ ဖလမ်း၊ မင်းတပ်နဲ့ ဝေဘူလ ရဟန်းပိုင် သာသနာ တွေဖြစ်ကြပါတယ်။ ကျွန်တော် ပိုင်တဲ့လုံကျွေးပီ သာသနာဆိုရင် အိမ်ခြေ (၃၀) ပဲ ရှိပေမယ့် ကျပ်သိန်း (၃၀) ကျော် ရရှိတယ်။ နှာ ရိန်းနယ်ကတော့ အိမ်ခြေ (၂၀၀) ကျော် ရှိပြီး အလှူငွေကတော့ ကျပ်သိန်း (၂၀၀) ဝန်းကျင် ရရှိတယ်။ တနည်းအားဖြင့်ပြောရရင်  နှာရိန်းသာသနာနဲ့ နှိုင်းယှဉ်ပြီး ပြောရပါက အဆင်းရဲဆုံး၊ လူဦးရေ  အနည်းဆုံးဖြစ်တဲ့ လုံကျွေးပီသာသနာက ဆယ်ဖို့တစ်ဖို့မှာ  အများဆုံးထည့်နိုင်တယ်လို့ ပြောလို့ရတယ်” ဟု ရှင်းပြပေးသည်။

၎င်းကျပ်သိန်းလေးထောင်ကျော်ကို ဟားခါးကက်သလစ်ဆရာတော်ကြီးက မည်ကဲ့သို့ စီမံခန့်ခွဲသနည်းဟု မေးမြန်းရာ တွင် ၎င်းဘုန်းဘုန်းက “ဆရာတော်ဟရယ် ကုန်းနဲ့ရဟန်းတွေရဲ့ဆုံးဖြတ်ချက်အရ ၎င်း အလှူငွေထဲက (၁%) ကို ဟားခါး ကက် သလစ်ဆရာတော်၏ ဗဟိုရုံးအသုံးစရိတ် တွေပေးပို့ရပြီး ကျန်တဲ့ (၉၉%) ကိုတော့ ဇုံအလိုက် ပြန်စုပြီး ဓမ်္မဆရာ/မတွေရဲ့ ထောက်ပံ့ကြေးအဖြစ် ပြန်ပြီး အသုံးပြုကြရ ပါတယ်” ဟု ရှင်းပြတော်မူသည်။

ဆက်လက်ပြီး ဘုန်းတော်ကြီး လေတလင်းက “အခုလို ဆယ်ဖို့တစ်ဖို့တွေ အရမ်းများလာတာက ဆရာတော် ဟရယ်ကုန်းက ဟားခါးကက်သလစ် ဆရာတော်အဖြစ်  တာဝန် ယူတဲ့ နောက်ပိုင်းမှာ အခုလို များလာ တာဖြစ် ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်တော်တို့ရဟန်းတွေကို  ဝတ်စောင့် တရား လာဟော ပေးတဲ့ ဘားအံ ကက်သလစ် ဆရာတော်ကြီး ဂျက်စတင်း စောမင်းသိုက်က  ဒီဆယ်ဖို့တစ်ဖို့စာရင်းကို မြင်တော့ တော်တော်အံ့သြသွားတယ်။ ဘားအံမှာက ဆယ်ဖို့တစ်ဖို့ကောက်တဲ့ စနစ် မရှိဘူးထင်တယ်။ တနည်းကြည့်ရရင် တော့ ကက်သလစ်ဘာသာဝင်တွေရဲ့ ယုံကြည်ခြင်းက ပိုပြီးရင့်ကျက်ခိုင်မာ လာတယ်ဆိုတာကို ပြသခြင်းလည်း ဖြစ်ပါတယ်” ဟု  မီးမောင်းထိုးပြတော်မူသည်။

 ကုန်ဇမှုန်း

980  Views
Previous: ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး အလက်ဇန်္ဒားပြုံးချိုနှင့်တွေ့ဆုံမေးမြန်းခန်း (ကက်သလစ်ရဟန်းတွေမှာ သာသနာပြုလိုစိတ်တွေ အားနည်းလာတယ်။ ဒါပေမယ့် ဒီရဟန်းတွေဟာ ကိုယ့်ဘာသာဝင်တွေကို ဘာသာတရား၊ ဘုရားအကြောင်းတွေကို သင်ကြားပေးတဲ့နေရာမှာတော့ အားကောင်းလာကြတယ်)
Next: ဝါတွင်းကာလ၌ ဓမ္မပါရမီလုပ်ငန်းများကို လုပ်ဆောင်ကြပါစို့