အင်တာနက် ဒေတာဈေးနှုန်းတွေ ထက်ဝက်နီးပါး မြင့်တက်

ပြည်တွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ MPT ၊ Telenor ၊ Ooredoo ၊ Mytel စတဲ့ ကုမ္ပဏီတွေ အကုန်လုံး ဒီဇင်ဘာ ၈ ရက် ဒီနေ့ကစပြီး ဒေတာသုံးစွဲမယ့် ဈေးနှုန်းတွေ ထက်ဝက်နီးပါးမြှင့်လိုက်ပါတယ်။

ဒေတာနှုန်းထား ပြောင်းလဲလိုက်တာဟာ သုံးစွဲသူတွေအဖို့ အဆင်မပြေတော့ဘူးလို့ ရန်ကုန်မြို့ခံတစ်ယောက် က ပြောပါတယ်။

“ အရင်ကဆို ဘေလ် တစ်ထောင်ကို special offer နဲ့ 5 GB ရတယ်။ အဲဒီကနေ ၉၅၀ မီဂါဘိုက်ပဲ ရတော့ တယ်။ အခု ၅၂၅ မီဂါဘိုက်ပဲ ရတော့တယ်။ နောက်ဆိုပိုဆိုးဖို့ပဲရှိတယ်။ ၁၅၀၀ တန် ဆင်းကတ်ကို သိန်း သုံးလေးဆယ် ပေးဝယ်ရတဲ့ခေတ်ကို ပြန်မသွားချင်ဘူး”

စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားခဲ့တာလို့ ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

အရင်က Telenor နဲ့ Ooredoo တို့ရဲ့ အင်တာနက် ဒေတာနှုန်းထားတွေဖြစ်တဲ့ ၉၉၉ ကျပ်ကို ၉၂၅ မီဂါဘိုက် ကနေ အခုဆို ၅၂၅ မီဂါဘိုက်သာ ရနိုင်တော့မှာ ဖြစ်ပါတယ်။

အလားတူ MPT ရဲ့ မူလ ဒေတာနှုန်းထား ၉၉၉ ကျပ်ကို ၉၅၀ မီဂါဘိုက်ကနေ ၅၁၅ မီဂါဘိုက်အထိ လျော့ချ လိုက်သလို စစ်တပ်ရှယ်ယာပါဝင်ထားတဲ့ Mytel မှာလည်း ၉၆၈ ကျပ်ကို ၅၁၂ မီဂါဘိုက်သာ ရရှိနိုင်တော့ မယ်လို့ ကြေညာထားပါတယ်။

အင်တာနက်သုံးပြီး သတင်းဖတ်တာနဲ့ အဖြစ်အပျက်တွေကို လူမှုကွန်ယက်ပေါ် တိုက်ရိုက် ဒါမှမဟုတ် ရုပ်သံမှတ်တမ်းနဲ့ တင်သူတွေကို စစ်ကောင်စီတွေက ဟန့်တားဖို့ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ခံက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အင်တာနက်ကနေ တဆင့် လှူဒါန်းနိုင်တဲ့ အစီအစဉ်ကိုလည်း ထိန်းချုပ်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

လက်ရှိမှာတော့ ‌ဒေတာနှုန်းထားတွေက ထက်ဝက်နီးပါး မြင့်တက်သွားပေမယ့် ဖုန်းခေါ်ဆိုမှုနှုန်းထား တွေတော့ မပြောင်းလဲသေးပါဘူး။

414  Views
Previous: ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဥက္ကဋ္ဌအမိန့်နဲ့ လျှော့ပေါ့မိန့် ထုတ်ပြန်
Next: Cardinal Charles Bo: Enough is Enough My Dear Myanmar