မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသောရုံးကိုမြန်မြန်ပြုပြင်ပြောင်းလဲပေးပါ

 

နိုင်ငံတော်သမ္မတဟောင် းဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၂ ခုနှစ်မှစတင် အာဏာ ရလာချိန်မှစပြီး၊ နိုင်ငံရေး ဆိုင်ရာပြု  ပြင်ပြောင်းလဲမှုများထဲတွင် ပြည်ထဲရေးလက်အောက်ရှိ၊ မြန်မာနိုင်ငံခြားကူးလက်မှတ်ထုတ်ပေးသော ရုံးသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။ ၎င်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေး သောရုံးကိုပောင်းလဲခြင်း ထဲတွင် တိုင်းဒေ သကြီးနှင့်ပြည်နယ်မြို့တော်များတွင် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးသောရုံးကို ဖွင့်လှစ်ပေးခဲ့  ခြင်း ဖြစ်သည်။

သို့သော် ကျွန်တော့်၏အတွေ့အကြုံအရပြောရသော်၊ နိုင်ငံသူ/သား အများစုက မြန်မာနိုင်ငံကူး လက်မှတ် လျှောက် ထားခြင်းကို မိမိတို့၏ တိုင်း ဒေသကြီးနှင့်ပြည်နယ် မြို့တော်များတွင် မြန်မာနိုင်ငံ လက်မှတ် ထုတ်ပေးသောရုံးများတွင် ပြုလုပ်ကြမှု အားနည်းနေပုံရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နိုင်ငံခြား သို့ သွားရောက် လိုသူအ များစုသည် ရန်ကုန်မြို့သို့ ဆင်းလာ ကြပြီး မြန်မာနိုင်ငံကူး လက်မှတ်ကို လာလျှောက် ထားကြလေရာ၊ လူဦးရေ သိန်း (၃၀) ကျော် ရှိသော်လည်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးသော ရုံးတစ်ခုသာ ရှိသော ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးသော ရုံးသည် အသက်ရှုကြပ်ရသည့်အထိ လူများပြားနေသည့်အပြင် တာဝန်ကျ ရဲဝန်ထမ်းတချို့သည်လည်း ခြစားခြင်း နည်းမျိုးစုံဖြင့် လုပ်စားနေကြသည်ကို မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ဖူးသူတိုင်းက သိကြရပေသည်။ ထို့ကြောင့် အောက်ပါအချက်များကို အမြန်ဆုံးပြုပြင်ပြောင်းလဲပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းအပ်ပါ သည်။

၁။ ရန်ကုန်မြို့ပေါ်တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသောရုံးကို (ဥပမာ၊ အနည်းဆုံး၊ ခရိုင် (၄) ခုခွဲပြီး ဖွင့်ထားပေးစေလိုပါသည်။
၂။ ရုံး၏သတ်မှတ်ချက်အတိုင်း ပတ်စ်ပို့ဓါတ်ပုံကိုလည်း အပြင်ဓါတ်ပုံဆိုင်များတွင် ရိုက်ခွင့် ပြုပေးပါ။ ထိုသို့ ပတ်စ်ပို့ဓါတ်ပုံကို အပြင်ဓါတ်ပုံဆိုင်များတွင် ရိုက်ခွင့်ပြုခြင်းအားဖြင့် ရုံးတွင်လည်း လူကြပ်တည်းမှုကို အလိုလို ဖြေရှင်းပြီးသား ဖြစ်ပေမည်။
၃။ မြန်မာနိုင်ငံကူးစာအုပ်ထုတ်အတွက် အသစ်လျှောက်ထားခြင်းပုံစံနှင့်အဆင့်ဆင့်ကို ဖြေလျှော့ပေးပါ။
၄။ မြန်မာနိုင်ငံကူးစာအုပ်အဟောင်းအား သက်တမ်းတိုးခြင်းကို အသစ်လျှောက်ထားခြင်းပုံစံနှင့် မတူဘဲ၊ ပိုပြီးလွယ်ကူမြန်ဆန်အောင် လုပ်ပေးပါ။
၅။ မြန်မာနိုင်ငံ ကူးစာအုပ် ထုတ်ပေးချိန်၌ စာအုပ် အဖုံးဟု ဆိုပြီး ငွေကျပ် (၁၀၀၀) ကောက်ကာ စာအုပ်လာ ထုတ်သူမျာ းအား အတင်းရောင်းချပေးခြင်းကိုလည်း ဖျက် သိမ်းပေးပါ။ ၎င်းအဖုးံကို ရောင်းစားနေသူများအား ဖော်ထုတ်အရေးယူပေးကြပါ။
၆။ မြန်မာနိုင်ငံကူးစာအုပ်ထုတ်ပေးသောရုံး၌ သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များအတွက် သီးသန့်နေရာ လုပ်ပေးပါ။         အယ်ဒီတာချုပ်

1171  Views
Previous: ချင်းပြည်နယ်၌ခရစ်ယာန်ဘုရားကျောင်းပေါင်း (၂၈၇၅) ခုရှိ ဖလမ်းမြို့နယ်သည် ခရစ်ယာန်ဘုရားကျောင်းပေါင်း (၄၆၉) ဖြင့် အများဆုံးဖြစ်
Next: ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော စစ်ဘေးဒုက္ခသည်များတွက် ကျပ်ငါးရာသုံးဆယ်ငါးသိန်းကျော်ရရှိ