အသက်တော် (၇၅) နှစ်ပြည့်ပြီဖြစ်သော ရဟန်းမင်းအမတ်ရောဘတ်စာရာအား ဘုရားဝတ်ပြုကိုးကွယ်ခြင်းဌာန၏ဥက်္ကဌအဖြစ် ရဟန်းမင်းကြီးက ဆက်လက်ခန့်ထားတော်မူ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဇွန်လ (၁၅) ရက်နေ့က အသက်တော် (၇၅) နှစ် ပြည့်ပြီဖြစ် တော်မူသော လက်ရှိဘုရားဝတ်ပြုကိုးကွယ်ခြင်းဌာန၏ဥက်္ကဌဖြစ်သူ ရဟန်းမင်းအမတ် ဆရာတော်ကြီး ရောဘတ်စာရာအား မိမိ၏တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့် ပြုတော်မူလိုက်သည်ဟု သတင်းရရှိပါသည်။

ဘုရားဝတ်ပြုကိုးကွယ်ခြင်းဌာနသည် တကမ်္ဘာလုံးရှိကက်သလစ်ခရစ်ယာန်သာသနာတော်တစ်ခုလုံး၏ ဘုရားဝတ်ပြုခြင်းနှင့်ဆိုင်သော ၀ိနည်းများ၊ မင်္ဂလာမြတ် (စက်္ကရမင်း) များ ကျင်းပခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ကြပ်မတ်သောဌာန (သာသနာရေး ဝန်ကြီးဌာန) တစ်ခု ဖြစ်သည်။

ကက်သလစ်ခရစ်ယာန်သာသနာတော်၏ကာနွန်ဥပဒေအရ၊ ကာဒီနယ်များ၊ ဆရာတော်များသည် အသက်တော် (၇၅) နှစ်ပြည့်လျှင် အနားယူခွင့်စာကို ရဟန်းမင်းကြီးအား လျှောက်ထားပေးပို့ကြရပြီး၊ ရဟန်းမင်း ကြီးက အခွင့်ပြုမှသာလျှင် မိမိတို့၏တာဝန်မှ အနားယူကြရပြီး၊ ရဟန်းမင်းကြီးက အခွင့်မပြုလျှင် မိမိတို့၏တာဝန် များကို ဆက်လက်ထမ်းဆောင်ကြရသည်။
သို့သော် ကက်သလစ်ရဟန်းတော်များသည် အသက်တော် (၇၅) နှစ်ပြည့်လျှင် ကက်သလစ်ခရစ်ယာန် သာသနာတော်၏ကာနွန်ဥပဒေအရ အနားယူကို ယူကြရသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကာဒီနယ်စာရာအား တကမ်္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်သာသနာတော်တစ်ခုလုံး၏ ဘုရားဝတ်ပြုရေးဌာန၏ ဥက်္ကဌအဖြစ် ခန့်ထားတော်မူခဲ့ပြီး၊ ကက်သလစ်ရဟန်းမင်းအမတ် စာရာသည် ဗာတီကန်နိုင်ငံတွင် ရာထူးအကြီးဆုံးသော အာဖရိကတိုက်မှ ရဟန်းမင်းအမတ်တစ်ပါး ဖြစ်တော်မူသည်။
ဆရာတော်ကြီးရောဘတ်စာရာသည် ဂွီနိယာနိုင်ငံ၊ အူးရောစ့်မြို့၌ ၁၉၄၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ကက်သလစ်ရဟန်းသိကာတော်ကို ရရှိခဲ့သည်။ ထို့နောက် သူသည် ရောမမြို့ရှိ ရဟန်းမင်းကြီးဆိုင်ရာ ဂရေဂေါ်ရီယမ်တက်္ကသိုလ်၌ ဓမပညာဖြင့် မဟာဘွဲ့ကိုလည်းကောင်း၊ ဂျေရုစလင်မြို့ရှိ ဖရန်စစ်စဂိုင်းတက်္ကသိုလ်၌ ဓမ်္မကျမ်းစာတော်မြတ်ဖြင့် မဟာဘွဲ့ကိုလည်းကောင်း ရရှိတော်မူခဲ့သည်။ သူသည် ၄င်းမဟာဘွဲ့များကို ဆွတ်ခူးရရှိပြီးနောက် ရဟန်းဖြစ်သင်ကျောင်း၏ကျောင်းအုပ် နှင့် ကျောင်းထိုင်ဘုန်းတော်ကြီးတာဝန်များကို သူ၏နိုင်ငံရှိ သာသနာများထဲတွင် အမှုတော် ထမ်းဆောင်ခဲ့သည်။
၁၉၇၉ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က အသက်တော် (၃၄) နှစ်သာ ရှိသေးသော ဘုန်းတော်ကြီးရောဘတ်စာရတ်အား ကိုနာရီ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် ရွေးချယ်ခန့်အပ်တော်မူလိုက်ပြီး ကမ်္ဘာ့ကက်သလစ်ဆရာတော်ကြီးများထဲတွင် အသက်အငယ်ဆုံးသောဆရာတော်အဖြစ် မှတ်တမ်းဝင်ခဲ့သည့်အပြင် ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က သူ့အား ““ကလေးလေးဆရာတော်”” ဟု နာမည်ပေးခဲ့သည်။
ရဟန်းမင်းကြီးဘေနဒစ် (၁၆) သည် သူ့အား ကာဒီနယ်အဖြစ် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၌ ခန့်အပ်တော်မူလိုက်သည်။ သူသည် ကိုနာရီ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်ကြီး သိက်္ခာကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၌ ရရှိတော်မူခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင်မူ ရဟန်းမင်းကြီးဘေနဒစ် (၁၆) က သူ့အား ဗာတီကန်နိုင်ငံရှိ ကက်သလစ်သာသနာတော်ပြန့်ပွားရေးဌာန၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်မူ ရဟန်းမင်းကြီး ဖရန်စစ်က သူ့အား ကက်သလစ်ခရစ်ယာန် သာသနာတော်တစ်ခုလုံး၏ ဘုရားဝတ်ပြုခြင်းဆိုင်ရာဥက်္ကဌ (ဝန်ကြီး) အဖြစ် ပြောင်းလဲ ခန့်အပ်တော် မူလိုက်သည်။
ဆရာတော်ကြီးရောဘတ်စာရာသည် ကက်သလစ်ကမ်္ဘာတစ်ဝှမ်းလုံးတွင် ကျယ်ပြန့်စွာဖတ်ရှုသော စာအုပ်များ ဖြစ်သော ““ဘုရားသခင် သို့မဟုတ် အဘယ်အရာမျှ မရှိ”” (၂၀၁၅)၊ ““တိတ်ဆိတ်ခြင်း၏စွမ်းအား”” (၂၀၁၆) နှင့် ““နေ့ရက်သည်ယခုကုန်လွန်နေပြီ” (၂၀၁၉) ဟူသော နာမည်ကြီး စာအုပ်များကို ရေးသားထုတ် ဝေတော်မူခဲ့သည်။ ၀၀၅ ကုန်ဇမှုန်း

802  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်သည် ရောမတွင် ကပ်ရောဂါကြောင့် အကြပ်အတည်းကြုံနေသောမိသားစုများအတွက် ရန်ပုံငွေ ယူရိုငွေတစ်သန်း (ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင် ခြောက်ရာကျော်) မတည်ပေးတော်မူ
Next: တရားထောက်နှစ်ဦးအား လိင်တူဆက်ဆံခဲ့သည်ဟူစွပ်စွဲချက်ဖြင့် မြို့နယ်တရားရုံး၏ တရားစီရင်ခြင်းခံရသော ကာဒီနယ်ဂျော့ပဲလ်ကို သြစတြေးလျား တရားရုံးချုပ်ကသက်သေမခံလုံဟုဆုံးဖြတ်ပြီး ထောင်မှတရားသေပြန်လွှတ်ပေး