ဥရောပခရစ်ယာန်နိုင်ငံများ၌ ရွှေ့ပြောင်းမူစလင်များအား ကန့်သတ်ခြင်းသည် အမျိုးသားရေးစိတ်ကြောင့် ဖြစ်ဟု ကာဒီနယ်ဘတ်က မှတ်ချက်ပြုတော်မူ


ဗာတီကန်၊ မေလ ၂၀၊ ၂၀၁၉ CNS

ဥရောပဒေသရှိ ခရစ်ယာန်နိုင်ငံများ၌ ရွှေ့ပြောင်းမူစလင်များဝင်ရောက်နေထိုင်ခြားအား ကန့်သတ်ခြင်း သည် မျိုးချစ်စိတ်ဓါတ်ကြောင့် ဖြစ်သည်ဟု အမေရိကန်နိုင်ငံမှ ကာဒီနယ်ရေမွန်လီအိုဘတ်က မေလ (၁၇) ရက်နေ့က မှတ်ချက်ပြုတော်မူလိုက်သည်။
ကာဒီနယ်ရေမွန်လီအိုဘတ်က ယဉ်ကျေးမှုအရ ခရစ်ယာန်နိုင်ငံများ ဖြစ်ကြသော ဥရောပတိုက်ရှိနိုင်ငံ များ (ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ နယ်သလန်၊ ဆွီဒင်၊ အင်္ဂလန်၊ ပိုလန်စသောနိုင်ငံ) သို့ အစ်္စလမ်ဘာသာဝင် မူစလင်များ ရွှေ့ပြောင်းနေထိုင်လာခြင်းအပေါ် ကန့်သတ်လာခြင်းသည် ဥရောပနိုင်ငံများ၏ အမြှော်အမြင်ကြီးပြီး မျိုးချစ်စိတ်ဓါတ်ကြောင့် ဖြစ်သည်ဟု တွေ့ဆုံမေးမြန်းခြင်းတစ်ခု၌ ဖြေကြားတော်မူလိုက်သည်။
ကာဒီနယ်ဘတ်က ““လူဦးရေအများအပြားဖြင့် ရွှေ့ပြောင်းလာကြသော မူစလင်များအား လူဦးရေ ကန့်သတ်ခြင်းသည် တာဝန်ယူစိတ်ကို အခြေခံသင့်ကြောင်း၊ အစ်္စလမ်ဘာသာက ကမာကိုလွှမ်းမိုးရန် ဦးတည်နေ ကြောင့်၊ ဥရောပကို လွှမ်းမိုးရန်အတွက် လက်နက်ပညာရှင် ဖြစ်ရန်မလိုဘဲ မူစလင်အများအပြားကို ဥရောပသို့ ပို့ဆောင်နေခြင်းက သက်သေထူနေပြီဖြစ်ကြောင်း၊ ဒါကြောင့် ဒီလိုကန့်သတ်ရန်ဆုံးဖြတ်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု မိမိအနေဖြင့် လက်ခံထားသည်”” ဟု ဖြေကြားတော်မူသည်။
သူက ““ကက်သလစ်သာသနာတော်ဟာ မိမိတို့နိုင်ငံမှာ နေထိုင်နိုင်ဖို့ လမ်းကြောင်းမတွေ့ရှိတဲ့သူတွေ အပေါ်မှာ ရက်ရောက်ရမှာ ဖြစ်ပေမယ့် မူဆလင်ရွှေ့ပြောင်းသမားတွေရဲ့ဖြစ်စဉ်နဲ့တော့ မတူဘူး။ မူဆလင်ရွှေ့ ပြောင်းသမားတွေဟာ အခွင့်အရေးသမားတွေ ဖြစ်ကြပါတယ်”” ဟုမှတ်ချက်ပြုတော်မူသည်။
ဆက်လက်ပြီး ကာဒီနယ်ဘတ်က ““မူဆလင်တွေက ဒီခေတ်မှာ ဘာပြောလာကြသလဲဆိုရင်၊ ဟိုးအရင်တုန်း က လက်နက်ကိုင်တိုက်ပြီး မပြီးမြောက်ခဲ့တဲ့အရာဟာ ဒီခေတ်မှာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြပြီ။ ဘာဖြစ် လို့လဲဆိုတော့ ခရစ်ယာန်တွေဟာ မိမိတို့ယုံကြည်ခြင်းကို မကာကွယ်ကြတော့သလို၊ ကိုယ်ကျင့်တရားတွေကိုလည်း မခုခံကြတော့ဘူး။ ခရစ်ယာန်တွေဟာ မိမိတို့လူဦးရေ တိုးတက်လာဖို့ကို မကြိုးစားကြတော့ဘဲ၊ ကိုယ်ဝန်တားဆေး ကိုသာ သောက်သုံးလာနေကြပါတယ်”” ဟု မီးမောင်းထိုးပြတော်မူသည်။
ကာဒီနယ်ဘတ် (အသက်တော် ၇၀) သည် ကက်သလစ်ရဟန်းမဖြစ်ခင်၌ ဆေးဆရာဝန်ဘွဲ့ကို ရရှိထားသူ ဖြစ်တော်မူပြီး၊ တရားဝင်လက်ထပ်ပြီးနောက် အိမ်ထောင်ကွဲသွားကြသူများနှင့်အစိုးရရုံးများတွင် လက်ထပ်ကြ သူများအား ကိုယ်တော်မြတ်ပင့်ခွင့်ပြုနိုင်သည်ဟု သွယ်ဝိုက်ပြီး အဓ်္ပိပါယ်နားလည်စေနိုင်သော စာချွန်တော်ကို ရေးသားတော်မူသော ရဟန်းမင်းကြီးဖရန်စစ်အား ကန့်ကွက်စာ ပေးပို့သော ကာဒီနယ် (၄) ထဲတွင် တစ်ပါး အပါအဝင် ဖြစ်တော်မူသည်။

780  Views
Previous: ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်ရှိရဟန်းလောင်းများအား ငွေကြေးထောက်ပံ့ကြရန် ဆရာတော်ဂျွန်စောယောဟန်က စာထုတ်ပြန်တော်မူ
Next: ဗာတီကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့ဟာ လက်တွဲလုပ်ဆောင်နိုင်ပါကြောင်း ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ပါရိုလင်း မိန့်ကြား