“မေတ်္တာဟာ အရာအားလုံးရဲ့ အခြေခံပါပဲ” (အင်တာဗျူး)


Myanmar Now သတင်းဌာနမှ ဖော်ပြထားသော ဤသတင်းသည် အများပြည်သူအတွက် အကျိုးရှိသော တွေ့ဆုံမေးမြန်းခြင်း ဖြစ်သောကြောင့် ပြန်လည်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

ဖြိုးသီဟချို။Myanmar Now

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ စိန့်မေရီဘုရားကျောင်း၏ ခရစ်ယန်ကျာင်းထိုင်ဘုန်းကြီး ဂျိုးဇက်မောင်ဝင်းသည် ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ ငြိမ်းချမ်းမေတ်္တာ (Religions for Peace) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သည်။

ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းနှင့် မကြာသေးမီက တွေ့ဆုံပြီး နိုင်ငံတွင်း ဘာသာပေါင်းစုံ ချစ်ကြည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေပုံများကို မေးမြန်းထားသည်။

မေး။ ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဘာသာပေါင်းစုံနဲ့ဩလက်တွဲလုပ်တယ်။ ခရစ်ယန် ဂိုဏ်း ပေါင်းစုံ နဲ့ လက်တွဲ လုပ်ဆောင်နေတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စတင်ဖွဲ့တဲ့ အချိန်ကတည်း ကက်သလစ် အသင်းတော် ကိုယ်စားပြု အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီရက်ပိုင်းထဲမှာ ပြည်ထောင်စု သာသနာရေး ဝန်ကြီးက လက်မှတ်ထိုး အတည်ပြုဖွဲ့တဲ့ အဖွဲ့မှာလည်း အမှုဆောင် တစ်ယောက်အနေနဲ့ ပါဝင်နေပါတယ်။

ဗုဒ်္ဓဘာသာအနေနဲ့ဖြစ်စေ၊ ဟိန်္ဒူဘာသာရေး ခေါင်းဆောင်တွေနဲ့ဖြစ်စေ၊ အစ်္စလာမ် ခေါင်းဆောင်တွေနဲ့ဖြစ်စေ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံနဲ့ဖြစ်စေ အားလုံးနဲ့ သဟဇာတ ကျအောင် သူတို့ လိုအပ်တဲ့ဟာတွေ ကူညီပေးနေပါတယ်။

Religions for Peace အဖွဲ့နဲ့ ပတ်သက်ပြီး လှုပ်ရှားတဲ့အခါမှာတော့ မေလထဲမှာ နိုင်ငံ တော်တော် များများက ကိုယ်စားလှယ်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့လည်း စက်တင်ဘာလ ၂၅ ရက်နေ့မှာ သွားတွေ့ပြီး ၂၇၊ ၂၈ တွေမှာ (ရခိုင်ပြည်နယ်) မောင်တောအထိကို သာသနာရေးဝန်ကြီးနဲ့အတူ တခြား ဘာသာရေး ကိုယ်စားလှယ်တွေနဲ့ အတူ သွားရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းမေတ်္တာအနေနဲ့ ပဋိပက်္ခဖြစ်ခဲ့တဲ့ မိတ်္ထီလာ၊ မြစ်ကြီးနား၊ ရခိုင်တို့လိုနေရာတွေမှာ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေး အတွက်ကို လက်တွဲ လုပ်ဆောင်နေကြတာလည်း ရှိနေပါတယ်။

ကျွန်တော်တို့ဘက်ကတော့ ဘာသာရေးခေါင်းဆောင်တွေက တစ်ဦးကိုတစ်ဦး နားလည်ပြီး စည်းလုံး ညီညွတ်နေကြယုံနဲ့ မလုံလောက်ဘဲနဲ့ အောက်ခြေအထိ ဆင်းပြီးတော့ ဘာသာပေါင်းစုံက ညီအစ်ကို မောင်နှမတွေလည်း အတူတကွ လက်တွဲ လုပ်ဆောင်နိုင်အောင် အဓိက ဦးတည်ချက်ထားပါတယ်။

မေး။ ။ အစိုးရက ထပ်ဖွဲ့ပေးတဲ့ ညီညွတ်ရေးအဖွဲ့အကြောင်း ရှင်းပြပေးပါ။

ဖြေ။ ။ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့လို့ ခေါ်ပါတယ်။ အဖွဲ့တွေ ၇၀ ကျော်လောက် ပါပါတယ်။ ဘာသာပေါင်းစုံကလည်း ပါနိုင်ရအောင်၊ ဘက်စုံကလည်း ပါနိုင်ရအောင် ဖွဲ့ပေးထားပါတယ်။ အဲဒီမှာ ခရစ်ယာန်ဘက် အနေနဲ့ အမှုဆောင်အနေနဲ့ ပါပါတယ်။ ကျွန်တော်တို့ အကြီးပိုင်းအနေနဲ့က အဆင်ပြေနေတော့ ဘာပြဿနာမှ မရှိပါဘူး။ တစ်ခါတစ်ခါကျတော့လည်း ကိုယ့်ဘာသာတရားပဲ ကိုယ်သိပြီး တခြား ဘာသာတရားကို မသိတဲ့အခါမှာ အယူအဆလေးတွေက တယူသန်လေးတွေကတော့ နည်းနည်းလေး အခက်အခဲ ရှိတက်တာပေါ့။ ဒါပေမယ့် အထက် ရောက်လာလေလေ ဘာသာတရားတိုင်းကို လေ့လာရမယ် ဆိုတာကို သွန်သင်ပြီးတော့ ကိုယ့်ဘာသာတစ်ခုတည်းကို မဟုတ်ဘဲ တခြား ဘာသာတရားတွေကိုလည်း လေ့လာနိုင်ရအောင်၊ သိရှိနိုင်ရအောင်ပေါ့။ ဒါကြောင့် ဘာသာပေါင်းစုံ အရေး လုပ်တဲ့ အခါမှာ နယ်မြေလေးတွေ ခွဲပြီးတော့ ခရစ်ယာန်ဘက်ကနေ တစ်ယောက်က ခရစ်ယန်ဘာသာက သဟဇာတ ရှိစွာနဲ့ နေထိုင်မှု ဆိုတာကို သွန်သင်သလို၊ ဗုဒ်္ဓဘာသာ ဆရာတော် တစ်ပါးကလည်း သဟဇာတရှိစွာနဲ့ နေထိုင်ရေးအတွက် သွန်သင်ပါတယ်။ အဲဒီလိုပဲ ဟိန်္ဒူနဲ့ အစ်္စလာမ်ဘာသာ ဘက်ကလည်း ဒါတွေကို သွန်သင်ပေးတယ်။ လေးဦးလုံးရဲ့ သွန်သင်ချက်တွေကို မေးခွန်းမေးတဲ့အခါမှာ ပြန်လည် ရှင်းပြခြင်းအားဖြင့် တစ်ဘာသာရဲ့ အကြောင်းကို တစ်ဘာသာက သိလာတဲ့အခါမှာ လေးစားကြဖို့၊ လေးစားတဲ့ အပေါ်မှာလည်း သူတို့ရဲ့ ဘာသာရေး အခြေခံတွေကို တန်ဖိုးထားကြဖို့ ဆိုတာကို နယ်မြေတွေထဲမှာ လိုက်လံပြီး လုပ်ပေးပါတယ်။

မေး။ ။ မြန်မာပြည်မှာ ဘာသာရေး ပဋိပက်္ခတွေက ဘယ်လိုအခြေခံပေါ်မှာ မူတည်ပြီး ဖြစ်ခဲ့တယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ အဝေးကနေကြည့်လိုက်တဲ့အခါမှာတော့ လူပုဂ်္ဂိုလ် နှစ်ဦးကနေ ဖြစ်တဲ့ ပြဿနာတွေကနေပြီးတော့ ဘာသာရေးဘက်ကို ကူးစက်သွားတာကတော့ ဝမ်းနည်းစရာပါပဲ။ ဘာသာတိုင်းမှာ ကောင်းမွန် မြင့်မြတ်တဲ့ ပုဂ်္ဂိုလ်တွေ မြောက်များစွာ ရှိသလို မတရားတာပြုလုပ်နေကြတဲ့ ပုဂ်္ဂိုလ်တွေလည်း အမြဲတမ်းရှိနေကြပါတယ်။ ဒါကြောင့်မို့လို့ လူပုဂ်္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ မကောင်းမှု ဒုစရိုက်ကို မကောင်းမှု ဒုစရိုက်ရယ်လို့ပဲ မြင်ပြီးတော့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ဘာသာရေး ပဋိပက်္ခ ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ တချို့ ကိစ်္စတွေမှာက စီးပွားရေး ပတ်သက်တာတွေ တွေ့ရပါတယ်။ သေသေချာချာ ပြန်ကြည့်ရင် ဘာသာရေးနဲ့ဩ ပတ်သက်တာထက် ပုဂ်္ဂိုလ်ရေးနဲ့ဩစီးပွားရေးအပေါ် အခြေခံပြီး ဖြစ်သွားတယ်လို့ မြင်ရတယ်။ ဒါကြောင့်မို့လို့ မိတ်္ထီလာမှာ ဆိုရင် အစ်္စလာမ်တွေ အများကြီးကို ဦးဇင်းပိန်က သူ့ဘုန်းကြီးကျောင်းမှာ ခေါ်ထားတယ်၊ ဗုဒ်္ဓဘာသာ ဘုန်းကြီးကျောင်း။ ဘာသာရေး ပဋိပက်္ခ ဆိုရင် ဒီလူတွေက ယုံယုံကြည်ကြည်နဲ့ ဒီဘုန်းကြီးကျောင်းမှာ သွားနေရဲမလား၊ ဘုန်းကြီးကလည်း သွားလုပ်ပေးရဲမလား။ ဒီအချက်တွေကို သေသေချာချာ ပြန်ကြည့်တဲ့အခါမှာ ဘာသာရေး မဟုတ်ဘူး ဆိုတာ ကွင်းကွင်းကွက်ကွက် ဖော်ပြနိုင်တဲ့ အကွက်ကလေးတွေ ဖြစ်နေပါတယ်။

မေး။ ။ ဘာသာရေး ပဋိပက်္ခွ ဖြစ်ပွားရတာဟာ နိုင်ငံရေး အခြေခံတဲ့ လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဖာသာ ယူဆပါသလား။

ဖြေ။ ။ ဖာသာက ဘာသာရေးသမား ဆိုတော့ နိုင်ငံရေးကို မစွက်ဖက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အလုပ်က နိုင်ငံရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော့ ဘာသာရေး အလုပ်မှာတော့ လူတွေရဲ့ သိမ်မွေ့နူးညံ့မှု လူသားတွေရဲ့ မြင့်မြတ်လာမှုကိုပဲ ကျွန်တော့် စိတ်ဓာတ်က ရှိပါတယ်။

မေး။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို အောက်ခြေထိ ထိရောက်အောင်လုပ်ဖို့ ဘာတွေများ လိုအပ်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကတော့ အစိုးရကနေလည်း ပံ့ပိုးခွင့် ရတဲ့ အတွက်၊ ဝန်ကြီးချုပ်တွေ အကုန်လုံးကိုလည်း အကြောင်းကြားပေးထားတဲ့အတွက် ပြည်နယ်နဲ့ တိုင်း တော်တော်များများမှာ ဖွဲ့သွားပြီးပြီဖြစ်တယ်။

အစိုးရက အမြဲတမ်းပဲ ကူညီပေးပါတယ်။ သာသနာရေးဝန်ကြီး လာတွေ့တာတွေ၊ နိုင်ငံခြားရေးဝန်ကြီး ခေါ်တွေ့တာတွေ။ အစိုးရကလည်း ဘာသာပေါင်းစုံက ကူညီမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလာမယ် ဆိုတာကိုလည်း သူတို့ ခံယူချက်ရှိပါတယ်။

မေး။ ။ လက်ရှိ အစိုးရနဲ့ အရင်အစိုးရ ဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နှစ်ခု ဘယ်လို ကွာခြားတယ်လို့ ဖာသာ ထင်ပါသလဲ။

ဖြေ။ ။ ဦးသိန်းစိန် အစိုးရ လက်ထက်က ဖွဲ့ထားတဲ့ ဘာသာပေါင်းစုံ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းတာပါ။ ရန်ကုန်က ခရိုင်လေးခုလုံးမှာ မြို့နယ်တိုင်းရဲ့ဩ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကိုယ်စားလှယ် သုံးယောက်စီနဲ့ဩ ကိုယ်တိုင် သွားဟောဖူးပါတယ်။ ဘာသာပေါင်းစုံကနေပြီးတော့ အနှစ်ချုပ်လေးတွေ ထုတ်ပြီး ဝေပေးပါတယ်။ အောက်ခြေအထိ ဒီစာအုပ်တွေက ဆင်းသွားတယ်လေ။

ပဋိပက်္ခတွေဖြစ်ပွားခဲ့တယ်၊ အကြောင်းကြားတယ် ဆိုရင်လည်း ချက်ခြင်းပဲ ဗဟိုကနေ စီစဉ်ပြီးတော့ တိုင်းရုံးကို၊ တိုင်းကို မဟုတ်ရင် မြို့နယ်ကို အကြောင်းကြားပြီးတော့ သေးငယ်တဲ့ အမှုတွေ ပျောက်ကွယ် သွားအောင်၊ ကြီးမားတဲ့ အမှုတွေ သေးငယ်သွားအောင် လုပ်ပေးထားတာလည်း တွေ့နိုင်ပါတယ်။

မေး။ ။ ဘာသာပေါင်းစုံအဖွဲ့တွေကြောင့် ပဋိပက်္ခတွေကို တော်တော် လျှော့ချနိုင်တယ်လို့ ယူဆပါသလား။

ဖြေ။ ။ တချို့နေရာတွေမှာ လျှော့ချနိုင်တယ်။ တချို့နေရာတွေမှာကျတော့လည်း သူ့အရှိန်နဲ့သူ သွားနေတာပဲ။ ကိုယ်ပြောလို့လည်း နားထောင်တာ မဟုတ်ဘူး၊ ဖြစ်ပြီးသွားမ ှဖွဲ့တာကို။ မဖြစ်ခင်ကတည်းက ဖွဲ့တာ ဆိုရင်တော့ အခြေအနေက တစ်မျိုး ဖြစ်မှာပေါ့။

မေး။ ။ ခရစ်ယာန်တို့ရဲ့ ကျမ်းတော်မှာ ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ဘယ်လို ဆိုထားပါသလဲ။

ဖြေ။ ။ ကျမ်းချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မေတ်္တာဟာ အရာ အားလုံးရဲ့ အခြေခံပါပဲ။ မေတ်္တာတရားသာ ရှိနေမယ်ဆိုရင် အချင်းချင်းကြားထဲမှာ ကိုယ်ချင်းစာတရား ရှိလာနိုင်တယ်လေ။ သခင် ယေရှုကတော့ ရ သူတစ်ပါး မိမိကိုယ် ပြုစေလိုသည့်အတိုင်း ကိုယ်ကလည်း သူများကို ပြုပါ တဲ့။ သူတစ်ပါး မိမိကို မပြုစေချင်တဲ့ အရာတွေကို ကိုယ်လည်း သူတစ်ပါးကို လုံးဝမပြုပါနဲ့ တဲ့။ ကိုယ်ချင်းစာတရားပါပဲ။

မေး။ ။ ဘာတွေများ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ အဖွဲ့ ဖွဲ့ပြီးကတည်းက အစည်းအဝေး ပြန်မခေါ်ရသေးပါဘူး။ ဖွဲ့ပြီးတဲ့ အကြောင်းကြားစာကတော့ မကြာခင်က ရောက်လာတယ်။ ဒီလထဲမှာ ဖြစ်မလား၊ နောက်လထဲမှာ ဖြစ်မလားတော့မသိဘူး။ အစည်းအဝေး ထိုင်ပြီးတဲ့ အခါကျမှ ကျွန်တော်တို့ အားလုံး အတူတကွ ဆွေးနွေးပြီးတော့ ဘာပြီး ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးကတော့ နှစ်ခုလုံးမှာပါပဲ။ ကျွန်တော်တို့ ငြိမ်းချမ်းမေတ်္တာအဖွဲ့မှာရော၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှာရောပေါ့၊ အရမ်း ပွင့်လင်းပါတယ်။ သူ့ကိုလည်း နိုင်ငံအတိုင်ပင်ခံကနေပြီးတော့ ဒါဟာ ဘာသာရေးအဖွဲ့တွေ ဖြစ်တဲ့အတွက် အနီးကပ် ကြည့်ရှုပြီးတော့ ကူညီပေးပါလို့လည်း တာဝန်ပေးထားတယ်။

မေး။ ။ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ အခက်အခဲဖြစ်တာမျိုးတွေ ရှိပါသလား။

ဖြေ။ ။ အရင်တုန်းကတော့ ဆောက်ဖို့ ပြုဖို့ အခက်အခဲ ရှိပါတယ်။ အခုတက်လာတဲ့ အစိုးရနဲ့ကတော့ ညှိနှိုင်းလို့ ရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ကျွန်တော်တို့ ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ပါသေးတယ်။ အကယ်၍ ဘုရားကျောင်းတွေကို ပြုပြင်ဖို့၊ ဆောက်လုပ်ဖို့ အခက်အခဲရှိရင်၊ မြို့တော် စည်ပင်ကို တိုက်ရိုက် သွားဖို့ အခက်အခဲရှိရင် သူ့ဆီကို့လာခဲ့ပါ။ သူကိုယ်တိုင် မြို့တော် စည်ပင်ကို လွှတ်ပေးပါ့မယ်လို့လည်း ခေါ်ပြီးတော့ ကတိပေးထားပါတယ်။

ဗုဒ်္ဓဘာသာကတော့ သူ့ဘာသာသူသွားနေတာပေါ့နော်။ ဘာသာခြားတွေဘက်က အခက်အခဲရှိရင် လာတွေ့ပါလို့ ပြောထားပါတယ်။ အဲဒါကြောင့် အခုအချိန်အခါမှာတော့ လျှောက်လို့ပြုလို့ ရပါတယ်။ ဝတ်္တကမြေဆိုတဲ့ ကန့်သတ်ချက်လေးတွေကတော့ ရှိတာပေါ့။ ဒါလေးတွေကတော့ သတိထားရတာပေါ့။

မေး။ ။ ရခိုင်ဒေသ ပဋိပက်္ခတွေက ဘာကြောင့်ဖြစ်တာလို့ ယူဆပါသလဲ။

ဖြေ။ ။ ပညာ မတတ်တာကြောင့်ပါပဲ။ တကယ်တမ်း ရခိုင်ဒေသကိုကြည့်တော့ ကျောင်းမှ မရှိဘဲနဲ့။ ပညာ မတတ်တဲ့အခါကျတော့ လူပိန်းလို ဖြစ်သွားတယ်။ ကချင် ပြည်နယ်လည်း ဒီလိုပဲ၊ ကျောင်းမှမရှိဘဲနဲ့ဩ။ ဝေးလံ ခေါင်ပါးပြီးတော့။ တိုင်းပြည်မှာ အဓိက လိုအပ်တာကတော့ ပညာပဲ။ ပညာသာ တတ်ရင်တော့ လူတွေ အဆင့်အတန်းတွေ မြင့်လာကြလိမ့်မယ်။

732  Views
Previous: ယခုဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၆ ရာခိုင်နှုန်းကျော်ရှိမည်ဟု ကမ်္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်မစ်ရှင်အဖွဲ့ ခန့်မှန်း
Next: နိုင်ငံ၏စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းသည် တရားမဝင် လုပ်ငန်းများ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ပြော