မောင်းသူမဲ့လေယာဉ်အပါအဝင် အလိုအလျောက်ပစ်ခတ်နိုင်သော သေနတ်စနစ်များကို ဗာတီကန်က ကန့်ကွက်လိုက်ပြီ

ss

မေလ ၁၄၊ ဂျီနီဗာ။

မည်မျှပင် ခေတ်မှီရှုပ်ထွေးပြီး အဆင့်မြင့်သောနည်းပညာများကိုအသုံးပြုထားသည်ဖြစ်စေ၊ အလို အလျောက်ပစ် ခတ်နိုင်သော သေနတ်များဖြစ်ကြ သည့် မောင်းသူမဲ့လေယာဉ်များသည် ပစ်မှတ်တစ်ခုကို စစ်ဆေးပြီးပစ်ခတ်နေချိန် တွင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို မည်သည့်အခါမျှ လိုက်နာနိုင်မည် မဟုတ်ကြောင်းဖြင့် ကုလသမဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးဆရာတော်ကြီး စီးလ်ဗားနို တိုမာဆီ Archbishop Silvano Tomasi က အလိုအလျောက်ပစ် ခတ်နိုင်သော သေနတ်များဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် မေလ ၁၆ ရက်နေ့က ကန့်ကွက်ရှုတ်ချတော်မူ လိုက်သည်။

““လူသားတို့၏ပူးပေါင်းပါဝင်မှုသည် လူသားတို့၏အသက်ရှင်ရေးနှင့်သေခြင်းတို့ကို ဖြစ်ပွားစေမည့် ဆုံးဖြတ်ချက်တိုင်း တွင် လုံးဝလိုအပ်ကြောင်း၊ ထို့ကြောင့် အလိုအလျောက်ပစ် ခတ်နိုင်သော သေနတ် စနစ်များတွင် လူသားတို့၏ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို မည်သည့်နည်း ပညာနှင့်မျှ အစားထိုး မရနိုင်ကြောင်းကို အသိအမှတ်ပြုကြရန် လိုအပ်နေပြီ”” ဟု ဆရာတော်ကြီးက ၎င်းအစည်းအဝေးတွင် မီးမောင်းထိုး ပြတော်မူလိုက်သည်။

အလိုအလျောက်ပစ်ခတ်နိုင်သော သေနတ်များစနစ်ဆိုင်ရာနည်းပညာများ တိုးတက်လာခြင်းသည် တစ်ဟုန်ထိုးတိုးပွား လာခြင်းသို့ ဖြစ်ပွားစေပြီး ပုထုဇဉ်လူသား၏ပါဝင်ဆုံးဖြတ်ချက်ကို မျက်ကွယ်ပြု ထားသော ၎င်းစနစ်သည် စစ်ပွဲအသွင် ကိုလည်းကို ပြောင်းလဲစေကာ စစ်ပွဲ၏ ရလဒ်များကို မိမိတို့သည် ကြိုတင်မခန့်မှန်းနိုင်ဖြစ်လာပြီး စစ်မြေပြင်တစ်ခုလုံးကို လူသားမဆန်စွာ တိုက်ခိုက်ခြင်းများသို့ ရောက် ရှိသွားစေနိုင်သည်ဟု ဆရာတော်ကြီး ထပ်လောင်းမိန့်ကြားတော်မူသည်။

ဆက်လက်ပြီးဆရာတော်ကြီးက၊ နည်းပညာသည် လူသားတို့အတွက် အကျိုးအမြတ်များ များစွာ ရရှိစေ သကဲ့သို့ တိုင်းပြည်ကို ကာကွယ်သည့် စစ်တပ်များကိုအနရာယ်များမှ ကင်းလွတ်စေ နိုင်သော်လည်း အစိုးရမင်းများက ၎င်းနည်း ပညာများကို အသုံးပြုပြီး လူသားကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်း များကို ပြုလုပ်လျှင် လူသားတို့က ပြုလုပ်နိုင်သော နည်းများအတိုင်း ၎င်းနည်းပညာများကို တိုင်းပြည်များက အသုံးပြုဆုံးဖြတ်ရန် ကြီးလေးသောတာဝန်များ ရှိကြသည်ဟု မိန့်ကြားတော်မူလိုက်သည်။

အလိုအလျောက်ပစ်ခတ်နိုင်သော သေနတ်နည်းပညာများသည် စစ်ပွဲကို လွယ်ကူစေနိုင်သကဲ့သို့ စစ်သားများ၏တိုက် ခိုက်ရေးပါရမီ များကိုလည်း အလွယ်တကူ ကျဆင်းစေနိုင်ကြောင်း၊ သမိုင်းကိုလေ့ လာရလျှင် စစ်လက်နက်ဆိုင်ရာ နည်းပညာတိုးတက်လာခြင်းသည် ယာယီစစ်ပွဲ အသာစီးဖြင်းကို သာ ပေးနိုင်ပြီး ၎င်းစစ်လက်နက်ဆိုင်ရာနည်းပညာများကို တခြားသူများက လက်ခံကူးယူနိုင်လာလျှင်မူ စစ်ပွဲကိုအသာစီး မရနိုင်တော့ကြောင်းဖြင့် ရှင်းပြတော်မူသည်။  ဂျိုးဇက်

1701  Views
Previous: သမ္မာကျမ်းစာအဘိဓာန်အပိုင်း (၁)
Next: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများထံ ပေးစာ