မြန်မာအစိုးရသည် မြစ်ဆုံစီမံကိန်းကို အနောက်နိုင်ငံများ၏ နည်းပညာနှင့် ငွေကြေးအကူအညီတို့ဖြင့်သာ တည်ဆောက်သင့်

ဦးသန်းရေ ွှဦးဆောင်သော စစ်အစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရတို့က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန်အလို့ငှါ ၂၀၀၉ ခုနှစ်၊ ဇွန် (၁၆) ရက်နေ့တွင် တရုတ်ကွန်မြူနစ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးသိန်းလွင်က တရုတ်ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာကို စတင်ချုပ်ဆိုခဲ့ပြီး နောက် တရားဝင်စီမံကိန်းဖွင့်ပွဲကိုမူ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ တွင်ပြုလုပ်ခဲ့ကြသည်။

စတင်အကောင်အထည်ဖော်ပြီးနောက် စစ်ဝါဒရောယှက်ထားသော ဦးသိန်းစိန်၏ ဒီမိုကရေစီ အစိုးရတက်လာသောအခါ ၎င်းစီမံကိန်းကို ပြည်သူများ၏ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် ဦးသိန်းစိန်က ရပ်ဆိုင်းကြောင်းဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့က ကြေညာလိုက်သည်။ ၎င်းကြေညာချက် (စီမံကိန်းရပ်ဆိုင်းခြင်း) သည် ဦးသိန်းစိန်အစိုးရအတွက် ထွက်ပေါက်တစ်ခုအဖြစ် အသုံးချ သော်လည်း ပြည်သူလူထုနှင့် တရုတ်အစိုးရအတွက်ကမူ ပညာမဲ့လုပ်ရပ်ဖြစ်ခဲ့သည်မှာ ယနေ့တိုင် တဟုန်းဟုန်းတောက်နေဆဲ ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအစိုးရတက်လာသောအခါ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၎င်းရပ်ဆိုင်းထားသောစီမံကိန်းကို ဆက်လက်လုပ်သင့် မလုပ်သင့်ဆုံးဖြတ်နိုင်ရန်အတွက် ကော်မရှင်တစ်ခုကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင်ဖွဲ့စည်းလိုက်သည်။ ထိုကဲ့သို့ဖွဲ့စည်းလိုက်ခြင်းသည် ပညာအမြော်အမြင်ရှိပြီး မှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ် နိုင်ရန်အတွက် ဦးတည်လုပ်ဆောင်ချက်ဖြစ်သည်ဟု သုံးသပ်ပါသည်။

ယခု ကျွနုပ်တင်ပြလိုသည်မှာ ဦးသိန်းစိန်ရပ်ဆိုင်းခဲ့သော တရုတ်အစိုးရပိုင်ကုမ္ပဏီ၏ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကိုဆက်လက်   အကောင်အထည်ဖော်သင့်သလားဟူသော မေးခွန်းကိုဖြေရလျှင် “ဆက်လက်အကောင်အထည်မဖော်ဘဲ တရားဝင်ဖျက်သိမ်းသင့် သည်” ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရပိုင်ကုမ္ပဏီ၏ မြစ်စုံရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်မီးရရှိရေးကိုသာအာရုံပြုပြီး ဧရာဝတီမြစ်ကြောင်းသွားလာမှု၊ ငလျင်ဒါဏ်ခံနိုင်မှု၊ မြန်မာနိုင်ငံအောက်ပိုင်းရေကြီးနိုင်ခြင်းတို့ကို ထည့်သွင်းမစဉ်းစားထားသော ကြောင့်ဖြစ်ပေသည်။

သို့သော် မြန်မာအစိုးရသည် ဘက်စုံအကျိုးရှိသော မြစ်ဆုံစီမံကိန်းကိုမူ အနောက်နိုင်ငံများ၏ ငွေကြေးနှင့်နည်းပညာတို့၏ အကူအညီဖြင့် တည်ဆောက်သင့်သည်။ ကြားသိရသလောက် ပညာရှင်များ၏ သုတေသန စာတမ်းအရ ဘက်စုံအကျိုးရှိသော မြစ်ဆုံစီမံကိန်းကိုမူ တန် ဖရဲရွာနားတွင် တည်ဆောက်သင့်ပြီး ဆည်မြောင်းဌာနက ရေးဆွဲထားသောဒီဇိုင်းကိုအခြေခံ သင့်သည်။ ထိုကဲ့သို့ တည်ဆောက်ခြင်းအားဖြင့် (၁) ၁၉၇၄ ခုနှစ်ကဖြစ်ခဲ့သော မြန်မာပြည်၏ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၌ ရေမြုပ်ခြင်းကို ပြန်လည်မဖြစ်ပွားရန် ကာကွယ်ခြင်း၊ (၂) ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ရေကြောင်း ကြပ်နေသော ဧရာ၀ တီမြစ်ကြီး ပြန်လည်ရေစီး ကောင်းလာခြင်း (၃) နွေ၊ မိုး၊ ဆောင်း လျှပ်စစ်မီးထုတ်ပြီး လျှပ်စစ်တွေနဲ့ပဲ (၄) ဧရာဝတီမြစ်၏ ဘယ်နဲ့ညာဘက်တွင်ရှိသော စိုက်ပျိုးမြေဧကနှစ်သန်းခန့်ကို လျှပ်စစ် ရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်း၊ (၅) နွေရေတိုးလာခြင်းဖြင့် ပင်လယ်ဆားငန်ရေ တိုးလာ ခြင်းကို သက်သာစေခြင်း၊ (၆) နွေ၊ မိုး၊ ဆောင်း လျှပ်စစ်မဂ်္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင် ခြင်း၊ (၇) နွေရာသီတွင် သိုလှောင်ထား သောရေများကို ပြန်လွှတ်သောအခါ တွင် လျှစ်စစ်မီးရရှိခြင်း၊ ရေလွှတ်လာခြင်းဖြင့် ဧရာဝတီမြစ်သင်္ဘောများ သွား မရသော ဖေဖော်ဝါရီ၊ မတ်လများတွင် ရေကြောင်းပြန်လည်မြင့်လာပြီးတော့ သွားလာနိုင်ခြင်း၊ ဧရာဝတီမြစ်ဘေးနဲ့ ချစ်တွင်းမြစ်ဘေးမှာ ဧကသန်းနဲ့ချီပြီး စိုက်ပျိုးမြေတိုးလာနိုင်ခြင်းစသော တိုင်းပြည်နှင့် ဒေသခံများ၏       ကောင်းကျိုးများစွာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှအကောင်အထည်ဖော်သောမြစ်ဆုံစီမံကိန်းကိုဖျက်သိမ်းပြီး အနောက် နိုင်ငံအစိုးရများ၏ ငွေကြေးနှင့်နည်းပညာအကူအညီတို့ဖြင့် မြစ်ဆုံစီမံကိန်းအသစ်ကို အကောင် အထည်ဖော်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ အယ်ဒီတာချုပ်

1387  Views
Previous: ဘိန်းစွဲသူများကို သေနတ်ဖြင့်ပစ်သတ်ခြင်းသည် လူကိုသတ်ခြင်းဖြစ်ပြီး ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ဆရာတော်ကြီးပါဘီလိုက ဖိလစ်ပိုင်သမ္မတအား ပြစ်တင်ရှုတ်ချ
Next: ရဟန်းမင်းကြီးက တစ်ကမ္ဘာလုံး၌ တစ်နှစ်လျှင် ကက်သလစ်ဆရာတော်အပါးပေါင်း (၁၄၅) ပါးကို နှစ်စဉ်ရွေးချယ်ခန့်ထားတော်မူ