မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ဖွဲ့စည်းပုံဥပဒေကို ပြဌာန်းပြီ


ရန်ကုန်၊ ဇွန်လ ၁၀၊ ၂၀၁၉

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် နှစ်ပေါင်း (၅၀၀) အကြာတွင် မိမိတို့အဖွဲ့ချုပ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ၂၀၁၉ ခုနှစ် ဇွန်လ (၈) ရက်နေ့က တရားဝင်ပြဌာန်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်စပ်လျဉ်းပြီး ဖယ်ခုံ ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီးပီတာလတ်က ““မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ကနေ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းကို ဗာတီကန်နိုင်ငံ၊ ရဟန်းမင်းကြီးရုံးကို ပေးပို့ပြီး၊ ရဟန်းမင်းကြီးရုံး၏အကြံပြုချက်များအပေါ် မူတည်ပြီး ဒီနှစ် (၂၀၁၉ ခုနှစ်) နှစ်ဦးပိုင်းမှာ ရဟန်းမင်းကြီးရုံးက အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတည်ပြုတဲ့စာကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က စာအုပ်အသေးနဲ့ ပြန်လုပ်ပြီးတော့ ၂၀၁၉ ခုနှစ် ဇွန်လက ပြုလုပ်တဲ့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဒုတိယနှစ်ဝက်မျက်နှာ စုံညီအစည်းအဝေးမှာ ဆရာတော်ကြီးတွေကို ပေးလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေအတိုင်းပဲ ဆရာတော်ကြီးတွေ အားလုံးက လိုက်နာ အကုန်အထည်ဖော်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်”” ဟု ဂလိုရီယာသတင်းဂျာနယ်ထုတ်ေ၀ သူနှင့်အယ်ဒီတာချုပ် ဖြစ်သော ဂျိုးဇက်ကုန်ဇမှုန်းအား ရှင်းပြပေးတော်မူသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်သည် အခန်းပေါင်း (၉) နှင့် ပုဒ်မပေါင်း (၄၈) ပါရှိသည်။ ၎င်းဥပဒေတွင် ပြဌာန်းထားသော မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့မှာ အမြဲတမ်းကောင်စီအဖွဲ့ဝင် (၅) ဖြစ်သည်ဟု ဖော်ပြထားပြီး ၎င်း (၅) ဦးများမှာ ဥက်္ကဌ၊ ဒုတိယဥက်္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ အထွေထွေဘဏ္ဍာရေးမှူးနှင့်အစားထိုးကိုယ်စား လှယ်တစ်ပါးတို့ ဖြစ်ကြသည်။
၎င်းဥပဒေအရ၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏တာဝန်များမှာ (၉) ခု ဖော်ပြထား သည်။ ၎င်းတို့မှာ (၁) ရဟန်းမင်းကြီးရုံး၏ညွှန်ကြားချက်များကို သစ်္စာရှိစွာလိုက်နာရန် (၂) တခြားဒေသ (အထူးသဖြင့် အာရှတိုက်) ရှိကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် ဘာသာရေးဆိုင်ရာ ဆက်ဆံခြင်းကို ထူထောင်ရန် (၃) မြန်မာနိုင်ငံအတွင်းရှိကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ လူနေမှုအခြေအနေနှင့် ကိုက်ညီသော ဘာသာရေးနှင့်ဆိုင်သော အမြင်ဖွင့်ပေးခြင်းနှင့် သွန်သင်ချက်နှင့်ဆိုင်သောအရာများအပေါ် အကြံပြုချက်များကို ပေးကမ်းရန် (၄) ကာနွန်ဥပဒေနှင့် မြန်မာနိုင်ငံရှိဆရာတော်များနှင့်ဘာသာဝင်များကို စည်းနှောင်းထားသော အထွေထွေပြဌာန်းချက်ဒီဂရီများအတိုင်း ဥပဒေဆိုင်ရာလုပ်ငန်းများကို အကောင်အထည် ဖော်ရန် (၅) ဂရုဏကို သက်သေခံခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းအသက်တာနှင့် သာသနာပြုခြင်းတို့ကို မြှင့်တင်ခြင်း အတွက် တီထွင်ကြံဆမှုများကိုလေ့လာရန်နှင့်စနစ်တကျဖြစ်စေရန် (၆) မြန်မာနိုင်ငံတွင် ရှိနေကြသော သာသနာပြု အဖွဲ့များနှင့်သူတော်စင်အဖွဲ့အစည်းများနှင့် ပြေလည်သောဆက်ဆံခြင်းကို တိုးတက်စေရန် (၇) ခရစ်ယာန်ဂိုဏ်းကွဲ ပေါင်းစုံညီညွှတ်ရေး နှင့်ဘာသာပေါင်းစုံဆွေးနွေးခြင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် (၈) အစိုးရအာဏာပိုင် များနှင့်အရပ်ဖက် အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကိစ်္စများတွင် အပြန်အလှန်လေးစားခြင်းနှင့်လုပ်ပိုင်ခွင့်များကို ကိုင်တွယ်ရန် (၉) ဆရာတော်ပိုင်သာသနာများက မိမိတို့သာသနာတစ်ခုတည်းဖြင့် မလုပ်ဆောင်နိုင်သော အများပြည်သူအကျိုးပြုသောလုပ်ငန်းများကို ဖန်တီးလုပ်ဆောင်ပေးရန်တို့ ဖြစ်ကြသည်။
ထိုသို့ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ရှိဥက်္ကဌဖြစ်တော်မူသော ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန်နှင့် အထွေထွေအတွင်း ရေးမှူးဖြစ်တော်မူသော ဆရာတော်ဂျွန်စောယောဟန်တို့က လက်မှတ်ရေးထိုးထားသော်လည်း မည်သည့်ခုနှစ်တွင် အတည်ပြုပြီး စတင်အသက်ဝင်ကြောင်းကိုမူ ရေးသားထားခြင်း မရှိသည်မှာ အံ့သြဖွယ်ကောင်းလှပါသည်။ ထို့အပြင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ထုတ်ပြန်လျက်ရှိသော စာများတွင်လည်း တစ်ခါမျှ ရက်စွဲမဖော်ပြထားဘဲ၊ စာအမှတ်ဖြင့်သာ ထုတ်ပြန်လျက်ရှိသည်အပေါ်၊ ၎င်းအဖွဲ့ချုပ်၏ ရုံးစာရေးသားနည်း၏ အားနည်းချက်ကို အများပြည်သူက ဝေဖန်လျက်ရှိနေကြသည်။
ဤကဲ့သို့သော မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ် လာရေးသည် လက်ရှိကလေးကက်သလစ်ဆရာတော်ကြီး၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ လက်ရှိဥက်္ကဌလည်း ဖြစ်တော်မူသော ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန် (ဗာတီကန်နိုင်ငံ၏ သံတမန်ဟောင်း) ၏ ကြိုးပမ်းဦးစားမှုကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်သည် ဆရာတော်ပိုင် သာသနာပေါင်း (၁၆) တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာတော်ကြီးများဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး အသင်းဝင်ကက်သလစ်ခရစ်ယာန် ဘာသာဝင်လူဦးရေ စုစုပေါင်း (၇) သိန်းဝန်းကျင် ရှိသော အဖွဲ့ချုပ် ဖြစ်ပါသည်။

640  Views
Previous: ဆရာတော်ကြီးမာကုတင်ဝင်းသည် မန်္တလေးကက်သလစ်ခရစ်ယာန်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် (၇)ပါးမြောက်အဖြစ် ပလ်္လင်အပ်နှင်းခြင်း ခံရတော်မူ
Next: ဗာတီကန်သံတမန်များအနေဖြင့် မိမိ၏နောက်ကျောကို ဓါးဖြင့်မထိုးကြရန် ရဟန်းမင်းကြီးဖရန်စစ်က သတိပေးမှာကြား