မြန်မာနိုင်ငံကက်သလစ်အသင်းတော်တွင်တစ်နိုင်ငံလုံးဆိုင်ရာလက်ထပ်ထိမ်းမြားခြင်းခုံရုံး National Marriage Tribunal ကို ဖွင့်လှစ်တော့မည်

ရန်ကုန်၊ ဇွန်လ ၂၂၊ ၂၀၁၈
ပြည်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီးနှင့်မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ကျန်းမာရေးကော်မရှင်ဥကဌဖြစ်တော်မူသော ဆရာတော်ကြီး အလက်ဇနားပြုံးချို Alexander Pyone Cho၊ မကြာမီတွင် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော် တစ်ခုလုံးဆိုင်ရာ လက်ထပ် ထိမ်းမြားခြင်းခုံရုံးကို ဖွင့်လှစ်တော့မည်ဖြစ် ကြောင်းဖြင့် ဇွန်လ ၂၂၊ ၂၀၁၈ခုနှစ်က ဂလိုရီယာ သတင်းဂျာနယ်နှင့်ပြုလုပ်သောေ တွ့ဆုံမေးမြန်း ခန်းတွင်မိန့်ကြားတော်မူလိုက်သည်။ ၎င်းခုံရုံးဖြစ်ပေါ်လည်ပတ်နိုင် ရန်အတွက် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှလက်ထောက်ဆရာတော်ကြီးဂျွန်စောယောဟန်က ဦးဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆရာတော်ကြီးပြုံးချိုက ဆက်လက်ဖြေကြားပေးတော်မူသည်။ ထိုသို့ခုံရုံးပေါ်လာခြင်းကြောင့်၊ မအောင်မြင်သော (အတင်းပေး စားခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှစ်ဖက် သဘောမတူခြင်း စသော) လက်ထပ်ခြင်းတွင် အိမ်ထောင်ပြုကြပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကွဲသွားကြသော ကက်သလစ်ဇနီး မောင်နှံများသည် မျှတသော တရားစီရင်ပေး ခြင်းကို ရရှိလာနိုင်ကြပြီး ကာနွန်ဥပဒေ၏ တားဆီးခြင်းနှင့် ဖြေလွှတ်ခွင့် တို့ကို အခြေခံပြီး နောက်ထပ် အိမ်ထောင်ပြုခွင့်ကို ရနိုင်သော အခြေအနေ မျိုးကို ပြန်လည်ရရှိ နိုင်ကြရန် အခွင့်အလမ်းပေါ်လာတော့မည် ဖြစ်သည်။ (ဆရာတော်ကြီးပြုံးချိုနှင့်ဂလိုရီယာသတင်းဂျာနယ်တို့၏တွေ့ဆုံမေးမြန်းခန်းကို လာမည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လထုတ်ဂလိုရီယာ သတင်းဂျာနယ်တွင် အပြည့်အစုံဖော်ပြပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။) အယ်ဒီတာချုပ်

1034  Views
Previous: ကာဒီနယ်များသည် ဆရာတော်များထက် ပိုပြီးအာဏာမရှိပါ။
Next: ကာဒီနယ်ချားလ်စ်ဘိုက ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်သူများအတွက် ရဟန်းမင်းကြီး၏အလှူငွေကျပ် သိန်းပေါင်း (၁၃၃၀) ကို အစိုးရထံပေးအပ်