မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် “ခရစ်တော်မွေးနေ့(ခရစ်္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲ” အခမ်းအနားကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် “ခရစ်တော်မွေးနေ့(ခရစ်္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း ပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ ဒုတိယသမ်္မတဟင်နရီဗန်ထီးယူတက်ရောက်သည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ချုပ်တို့ စုပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက်္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက်္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက်္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက်္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီးဒေါက်တာ စိန်စိန်သိမ်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက်္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးများ၊ သိက်္ခာတော်ရဆရာတော်များ၊ ခရစ်ယာန်အသင်း တော်များမှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဗဟို ကော်မတီဝင် မေဂျာနေလင်းထွန်းက ပဏာမဆုတောင်းပေးပြီး မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဒုတိယဥက်္ကဋ္ဌ ဂိုဏ်းအုပ်ဆရာတော် မန်းဂျွန်ဆိန်းဃှီနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က ခရစ်္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ဥက်္ကဋ္ဌ သိက်္ခာတော်ရ ဆရာ ဒေါက်တာအေးမင်းက ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီး အကဲများနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် မေတ်္တာပို့ဆုတောင်းပေးသည်။
ဆက်လက်၍ ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ၏ အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသော သိက်္ခာတော်ရ ဒေါက်တာမောရစ်လျံနာ၊ ဒေါက်တာ ယောဟန်၊ မွန်ဆီညော်မောရစ်ညွန့်ဝေတို့က သမ်္မာကျမ်းစာကို ဖတ်ကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် ဥက်္ကဋ္ဌ သိက်္ခာတော်ရဆရာ ဦးအောင်သက်ညွန့်က ခရစ်္စမတ်ဓမ်္မဒေသနာကို ဟော ကြားပြီး သိက်္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ဒုတိယသမ်္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ထို့နောက် သိက်္ခာတော်ရဆရာ ဦးအုန်းမြင့်က ကျေးဇူးတော်ချီးမွမ်းဆုတောင်း ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက “ယေရှုကြွလာ တော်မူကျူး”ဓမ်္မသီချင်းကို သီဆိုချီးမွမ်းကြသည်။
ယင်းနောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီဥက်္ကဋ္ဌ သာသနာ ပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ဆုတောင်းကောင်းချီးပေးသည်။

708  Views
Previous: The Congregation of Mother of Sorrows Servants of Mary သီလရှင်အသင်း ဂိုဏ်းမှသီလရှင် (၁၀)ပါးသည် ရာသက်ပန်သစ္စာ (Final Profession )ခံယူ
Next: လူငယ်တို့……..ဘုရားတရား ရှိကြပါ