ဝါတွင်းကာလတွင် အသားစားခြင်းကို ရှောင်ခြင်းထက် အကူအညီလိုအပ်နေသူများကို ပိုပြီးကူညီကြရန် ရဟန်းမင်းကြီးက တိုက်တွန်းတော်မူ

014-b

ရဟန်းမင်းကြီးဖရန်စစ်က စစ်မှန်သော အစာရှောင်ဝါရှောင်ခြင်းဟူသည် အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်းထက် မိမိတို့တစ်ဦးစီ၏ တစ် ကိုယ်ကောင်းဆန်တတ်သောနှလုံးသားကို စင်ကြယ်စေကာ အကူအညီလို အပ်နေသူများကို စာနာထောက် ထားပြီး ကူညီပေးတတ်သော နှလုံးသားကို တည်ဆောက်ခြင်းလည်း ပါဝင်သည်ဟု ဘုရားဖူးသူတော်စင်များ အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဟောကြားတော်မူလိုက်သည်။

အရှင်သူမြတ်က ““သူများကိုကူညီထောက်ပံ့ခြင်းမပြုလုပ်သော ယုံကြည်ခြင်း သည် ဟန်ဆောင်သော ယုံကြည်ခြင်းဖြစ်သည့်အပြင် မျှတသော လုပ်အားခ များကို အလုပ်သမားများအား ပေးရန်မူ ငြင်းဆိုပြီး ဘုရားတရားကျင့်ကြံခြင်း သည် သေနေသော ယုံကြည်ခြင်း ဖြစ်ကြောင်း”” ဖြင့် မိန့်ကြားတော်မူလိုက် သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက ကက်သလစ်အသင်းတော်အပေါ်တွင် ရက်ရောကြသော်လည်း တခြားသူများအပေါ် တွင် ကပ်စေးကုတ်ပြီး မပေးကမ်း မလှူဒါန်းလိုခြင်းသည် ကြီးမားသော အပြစ်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော အကျင့်သည် မတရားမှု ကို ဘုရားရှင်မြတ်ကိုအသုံးချပြီး ဖုံး ကွယ်ခြင်းဖြစ်ကြောင်းဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဟောကြားတော်မူ သည်။ ရဟန်းမင်းကြီးက မြတ်စွာဘုရားသခင်သည် မတရားမှုနှင့်အပြစ်များ အပေါ် လူသားတို့၏ ပြင်းထန်သောဆန့်ကျင်မှုကို မြင်တွေ့လိုတော်မူကြောင်း၊ ဖိနှိပ်ခံရသူများကို လွတ်မြောက်စေလိုတော်မူကြောင်း၊ မိမိ၏စားစရာများကို စားစရမရှိသူများအား ဝေမျှစေလိုတော်မူကြောင်း၊ အိုးမဲ့အိမ်မဲ့ရှိသူများကို အိမ်များ ဆောက်ပေးစေလိုကြောင်းဖြင့် သွန်သင်တော်မူသည်။

ရဟန်းမင်းကြီးက ဝါတွင်းဟူသည် ဘုရားရှင်မြတ်နှင့်လူသားတို့အပေါ် တွင် ပြုမှုလိုက်နာလုပ်ဆောင်ရမည့် ပညတ်တော်ဆယ်ပါး တို့ကို ဖြည့်ဆည်း ရသောအချိန်ကာလဖြစ်ကြောင်း၊ ဝါတွင်းဟူသည် သောကြာနေ့တွင် အသား မစားခြင်းကို ဆိုလိုခြင်းမဟုတ် ကြောင်း၊ အသားကိုတော့ မစားဘဲ ပင်လယ် ကမ်းခြေကို အပျော်သွားပြီး ပင်လယ်အစားအစာများ၊ ဈေးကြီးသော အရက်နှင့်ဝိုင်းများ ကို သောက်သုံးခြင်းနှင့်ငါးများကို သွားစားခြင်းသည် အစားကြူးခြင်းအပြစ်ပင် ဖြစ်စေသည်ဟု မိန့်ကြားတော်မူသည်။

နောက်တစ်ယောက်လည်း ““ဘုန်းဘုန်းတပည့်တော်က တကယ့်ကက်သလစ် ဘာသာဝင်ပါ။ ကျွန်တော် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်ပါတယ်။ ကိုယ်တော်မြတ်လည်း အပတ်စဉ်ပင့်ယူပါတယ်”” လို့ ကျွန်ုပ်ကိုပြောသော် ကျွန်ုပ်က ““ဟုတ်ပါပြီ။ ဒါဆိုရင် မင်းရဲ့အလုပ်သမားနဲ့ဆက်ဆံရေးက ဘယ်လိုလဲ။ မင်းရဲ့အလုပ်သမားတွေကို ရာသီလက်ဆောင်ငွေတွေ ပေးရဲ့လား၊ သူတို့ကို မျှတတဲ့လစာတွေပေးရဲ့လား၊ သူတို့ရဲ့ပင်စင်ငွေအပေါ် အပိုစောင်းပေးပါသလား၊သူတို့ရဲ့ကျန်းမာရေးအာမခံမှုအတွက် ထောက်ပံ့ပေးရဲလား”” စသော မေးခွန်းများကို မေးမည်ဖြစ်ကြောင်းဖြင့် ရဟန်းမင်းကြီးက မီးမောင်း ထိုးဟောကြားတော်မူသည်။

ဆက်လက်ပြီး သူက ““လူတစ်ချို့က အသင်းတော်အပေါ် လစဉ်ထောက် ပံ့ငွေတွေ ပေးပါလိမ့်မယ်။ ဒါပေမယ့် သူက မိမိချစ်ရသူတွေ အပေါ်နဲ့မိမိကိုမှီ ခိုနေရသူတွေအပေါ်မှာ ဘယ်လောက်ရက်ရောပါသလဲ။ လူတွေက သာသနာတော်ကိုတော့ လှူဒါန်းနေကြရတဲ့ နောက်ကွယ်မှာ တခြားသူများတွေ ကိုတော့ အနိုင်ကျင့်ပြီးမတရားမှုတွေကို လုပ်ဆောင်နေသူများ သည် ကောင်းသောခရစ်ယာန် ဘာသာဝင်များ မဟုတ်ကြောင်း”” ဖြင့် ရဟန်းမင်းကြီးက ရှင်းပြသွန်သင်တော်မူသည်။

နောက်ဆုံးအားဖြင့် ရဟန်းမင်းကြီးက ““ပညတ်တော်ဆယ်ပါးထဲတွင် လူသားက ဘုရားရှင်အပေါ် ပြုမှုလိုက်နာရမည့် ပညတ်တော် များကို လိုက်နာကျင့်ကြံသော် လည်း လူသားတွေအပေါ် ပြုမှုရမည့်ပညတ်တော်များကိုမူ မကျင့်ကြံမလိုက်နာ လျှင် ကောင်းသောခရစ်ယာန်များ မဖြစ်ကြောင်း၊ ထို့ကြောင့် ဝါတွင်းကာလတွင် အသားစားခြင်းကို သောကြာနေ့များတွင် ရှောင်ကြည် ခြင်းထက် အကူအညီ လိုအပ်နေသောဆင်းရဲသားများကို တတ်နိုင်သလောက် ပေးကမ်း ကူညီကြ ရန်နှင့် မျှတသောလူမှုဆက်ဆံရေးကို မိမိမိတ်ဆွေများအပေါ် တည်ဆောက်ကြ ရန် လိုအပ်ကြောင်း”” ဖြင့် သွန်သင်တော်လိုက်သည်။ ၀၀၄ ဝင်းလှိုင်ဦး

1540  Views
Previous: ကျင့်ဝတ်မဲ့သော စီးပွားရေးလုပ်ငန်းသည် လူမြောက်များစွာကို သေစေနေကြောင်းဖြင့် ကာဒီနယ် အော်စကာမာရာဒီယာကာက မိန့်ကြားတော်မူ
Next: Second Hand & Used