၂၀၁၉ ခုနှစ် ဝါတွင်း ကာလအတွက် ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

“အကြောင်းမူကား ဖန်ဆင်းခံကမ်္ဘာမြေသည် ဘုရားသခင်၏ သားသမီးများ ပေါ်လွင်ထင်ရှားလာခြင်းကို စိတ်အား ထက်သန်စွာ တောင့်တစောင့်မျှော်လျှက်ရှိ၏ (ရောမသြဝါဒစာ ၈း၁၉)။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊

နှစ်စဉ်နှစ်တိုင်း ပါစကား နက်နဲဖွယ်ရာများအား စိတ်၊ နှလုံးဆန်းသစ်ခြင်းဖြင့် ကျင်းပရန် ပြင်ဆင်နေချိန်၌ အမိအသင်းတော်မှ တစ်ဆင့် ဘုရားသခင်သည် ဤ ဝမ်းမြောက်ဖွယ်ရာ အချိန်ကာလအား ကျွန်ုပ်တို့ကို ပေးသနားလေ့ရှိသည်။ ထိုသို့ပြင်ဆင်ချိန်တွင် ခရစ်တော်သခင်၌ အသစ်သော ဘဝသက်တာအား ရရှိရန် ဖန်တီးပေးခဲ့သော ခမ်းနားသည့် အဖြစ်အပျက်များအား ကျွနု်ပ်တို့ ပြန်လည်အမှတ်ရလေ့ ရှိပါသည်။ ဤနည်းဖြင့် ကျွနု်ပ်တို့သည် ပြည့်ဝသော ကယ်တင်ခြင်းအား ရရှိသည် အထိ အီစတာကာလ တစ်ခုမှ တစ်ခုသို့ ခရီးဆက်ကြပါသည်။ “မျှော်လင့်ခြင်း၌ ကျွန်ု်ပ်တို့သည် ကယ်တင်ခြင်း ရရှိသည့် အတွက်” ခရစ်တော်၏ ပါစကား နက်နဲဖွယ်ရာ ရလဒ် ဖြစ်သော ကယ်တင်ခြင်း ပန်းတိုင်သို့ ရောက်ရှိရန် ကျွနု်ပ်တို့ လျှောက်လှမ်းနေကြပါသည်။ ကျွနု်ပ်တို့ ကမာ်္ဘမြေတွင် အသက်ရှင်နေထိုင်စဉ် ကတည်းက စတင်လုပ်ဆောင်နေသော ဤကယ်တင်ခြင်း၏ နက်နဲဖွယ်ရာသည် တမူထူးခြားသော ဖြစ်စဉ် တစ်ခု ဖြစ်ပါသည်။ ထိုဖြစ်စဉ်သည် လူ့သမိုင်းတစ်လျှောက်လုံးနှင့် ဖန်ဆင်းခံ အားလုံးအပေါ် အကျုံးဝင်ပါသည်။ စိန့်ပေါလ်က “ဖန်ဆင်းခံ ကမာ်္ဘမြေသည် ဘုရားသခင်၏ သားသမီးများ ပေါ်လွင်ထင်ရှားလာခြင်းကို စိတ်အားထက်သန်စွာ တောင့်တစောင့်မျှော်လျှက်ရှိ၏”ဟု ပြောခဲ့ပါသည်။ ဤစိန့်ပေါလ်၏ ပြောကြားချက် အပေါ် မူတည်၍ ကျွနု်ပ်သည် ဤကျရောက်တော့မည့် ဝါတွင်းကာလ၌ ကျွနု်ပ်တို့ လျှောက်လှမ်းတော့မည့် ပြုပြင်ပြောင်းလဲခြင်း ဆိုင်ရာ ခရီးလမ်းအတွက် ထောက်ရှုချက် အချို့ကို ဝေမျှလိုပါသည်။

၁။ ဖန်ဆင်းခံ ကမာ်္ဘမြေအား ရွေးနှုတ်ကယ်တင်ခြင်း

ခရစ်တော် ဒုက်္ခစရိယာ ခံခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဟူသည့် ပါစကား နေ့ရက်ကြီး ၃ ရက်အား ကျင်းပချိန်သည် ဝတ်ပြုကိုးကွယ်ခြင်း တစ်နှစ်ပတ်လုံး အတွက် အရေးအကြီးဆုံး အချိန်ဖြစ်ကာ မိမိတို့ကိုယ်ကို ပြင်ဆင်မှု ပြုမည့် ခရီးလမ်းအား လျှောက်လှမ်းနိုင်ရန် နှစ်စဉ်နှစ်တိုင်း ကျွနု်ပ်တို့အား ဖိတ်ခေါ်သည်။ ထိုသို့ ဝါတွင်းကာလတွင် မိမိတို့ ကိုယ်ကို ပြင်ဆင်နေရင်း ခရစ်တော်အား ထိပ်တိုက်တွေ့ဆုံခွင့် ရရှိခြင်းသည် ကျွနု်ပ်တို့ အပေါ် ထားရှိသည့် ဘုရားသခင်၏ အဖိုးမဖြတ်နိုင်သော သနားကြင်နာခြင်း ဆုကျေးဇူး ဖြစ်ပေသည်။

ကျွနု်ပ်တို့သည် ဘုရားသခင်၏ သားသမီးများ အဖြစ် ရှင်သန်နေထိုင်ချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုဖြင့် ကယ်တင်ခြင်း ရနိုင်သလို ဘုရားသခင်၏ ဥပဒေ ပညတ်ချက်များအား အသိအမှတ်ပြုခြင်း၊ လိုက်နာခြင်းတို့ ပြုလာနိုင်ပြီး သဘာ၀ တရားနှင့် ကျွနု်ပ်တို့၏ နှလုံးသား၌ ဘုရားသခင်၏ ဥပဒေအား စတင် မှတ်ကျောက်တင်လာနိုင်ပေသည်။ ဖန်ဆင်းခံ ကမာ်္ဘမြေအား ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ကမာ်္ဘမြေ၏ အကျိုးကျေးဇူးကို ကျွနု်ပ်တို့ ရရှိကြပေသည်။ ထို့ကြောင့် စိန့်ပေါလ်က “ဖန်ဆင်းခံ ကမာ်္ဘမြေသည် ဘုရားသခင်၏ သားသမီးများ ပေါ်လွင်ထင်ရှားလာခြင်းကို စိတ်အားထက်သန်စွာ တောင့်တစောင့်မျှော်လျှက်ရှိ၏” ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဘုရားသခင်၏ ပါစကား နက်နဲဖွယ်ရာ ကျေးဇူးတော်အား လက်ခံပျော်ငွေ့သော သူတိုင်းသည် ခန်္ဓာကိုယ် ကယ်တင်ခြင်းကို တွေ့ကြုံခံစားနိုင်သည်ဟုလည်း အဓိပ်္ပာယ် ကောက်ယူနိုင်ပါသည်။ ခရစ်တော်၏ ချစ်ခြင်းမေတ်္တာသည် စိန့်ရဟနာ်္တများ၏ အသက်တာ၌ ကိုယ်စိတ်ဝိညာဉ် ပေါင်းစပ်သည့် အချိန်တွင် စိန့်ရဟနာ်္တများသည် ဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြပါသည်။ ဆုတောင်းခြင်း၊ တရားမှတ် ထောက်ရှုခြင်းနှင့် အနုပညာအားဖြင့် ဘုရားသခင်အား ချီးမွမ်းဂုဏ်ပြုရာ၌ စိန့်ရဟနာ်္တများသည် ဖန်ဆင်းခံ သတ်္တဝါအပေါင်းတို့ကိုလည်း ပါဝင်စေပါသည်။ ထိုသို့ ဖန်ဆင်းခံ သတ်္တဝါ အပေါင်းတို့အား ထည့်သွင်းဆုတောင်းခြင်းကို စိန့်ဖရန်စစ် အစီစီ၏ “ဃညေအငခူန သ် အ့န ဃမနအေကမနျ” (ဖန်ဆင်းခံ သတ်္တဝါများ၏ ဆုတောင်းသံ)၌ ကျွနု်ပ်တို့ တွေ့နိုင်ပါသည်။ သို့သော် ဤကမာ်္ဘတွင် သဘာ၀ တရားနှင့် လူတို့ သဟဇာတ ဖြစ်စွာ နေထိုင်သည့် လမ်းစဉ်သည် အပြစ်ဒုစရိုက်နှင့် သေခြင်းတရားဆိုင်ရာ အဖျက်စွမ်းအားတို့ကြောင့် အစဉ်တစိုက် ခြိမ်းခြောက်ခြင်း ခံရနေရပါသည်။

၂။ အပြစ်ဒုစရိုက်၏ အဖျက်စွမ်းအား

အမှန်တကယ်တွင် ကျွနု်ပ်တို့သည် ဘုရားသခင်၏ သားသမီးများ အဖြစ် နေထိုင်ရန် ပျက်ကွက်သည့်အခါတိုင်း ကျွနု်ပ်တို့သည် မိမိကိုယ်ကို သာမက ပတ်ဝန်းကျင်မှ လူများ၊ သဘာ၀ ပတ်ဝန်းကျင်နှင့် သတ်္တဝါ အပေါင်းတို့အပေါ် အဖျက်သဘောနှင့် ဆက်ဆံလေ့ရှိပါသည်။ သဘာ၀ ပတ်ဝန်းကျင်အား မိမိတို့ သဘောရှိသည့် အတိုင်း ဖြစ်သလို အသုံးချမည်ဟု ကျွနု်ပ်တို့သည် အနည်းနှင့် အများ စတင်တွေးလာတတ်ပါသည်။ ဤသို့ဖြင့် ဆင်ခြင်တုံးတရား ကင်းမဲ့မှုသည် အပေါ်စီး ရလာတတ်ကာ ကျွနု်ပ်တို့သည် လူ့အခြေအနေနှင့် သဘာ၀ ပတ်ဝန်းကျင်က ပေးနိုင်သည့် အကန့်အသတ်ထက် ဘောင်ကျော်လွန်၍ လွန်ကျူးစွာ စတင် နေထိုင်လာတတ်ပါသည်။ ထိုသို့ ထိန်းချုပ်ခြင်း မရှိသော စိတ်ဆန်္ဒအား အလိုလိုက်သူကို ပညာအလိမ်္မာကျမ်းတွင် ဘုရားမကြိုက်သော သူ၊ ဘုရားသခင်အတွက်၊ မျှော်လင့်ချက်အတွက်၊ အနာဂတ်အတွက် တွေးတောခြင်း မရှိပဲ လုပ်ဆောင်သူ အဖြစ် သတ်မှတ်ထားပါသည်။ ရှင်ပြန်ထမြောက်ခြင်း အီစတာ ကာလသို့၊ ကယ်တင်ခြင်း မိုးကုပ်စက်ဝိုင်းသို့ စဉ်ဆက်မပြတ် လျှောက်လှမ်းခြင်း မပြုပါလျှင် “ကျွနု်ပ်အရာ အားလုံးကို လိုလားသည်၊ အခုချက်ချင်းပေးပါ”၊ “များလွန်းသည်ဟူသည် မရှိ၊” ဟူသည့် စိတ်နေစိတ်ထားသည် အသာစီးရလာပါလိမ့်မည်။

ယုတ်ညံ့သော အရာအားလုံး၏ ရင်းမြစ်သည် အပြစ်ဖြစ်ကြောင်း ကျွနု်ပ်တို့ သိကြသည်နှင့် အညီ အပြစ်ကြောင့် ကျွနု်ပ်တို့နှင့် ဘုရားသခင်အကြား၊ လူအချင်းချင်းနှင့် ဖန်ဆင်းခံ ကမာ်္ဘမြေအကြား ဆက်ဆံရေးသည် ထိခိုက်မှုရှိပါသည်။ ဘုရားသခင်နှင့် ဆက်ဆံမှု ပျက်ယွင်းခြင်းသည် သဘာ၀ ပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာ နေထိုင်မှုကို လျော့ပါးစေပါသည်။ ထိုသို့ မဟုတ်လျှင် စိမ်းလန်းလှပသော ပန်းခြံမြေသည် ကနာ်္တရ မြေဖြစ်လာတတ်ပါသည်။ အပြစ်ဒုစရိုက်သည် လူသားအား မိမိကိုယ်ကို ဖန်ဆင်းရှင် ဘုရားအဖြစ် ရှုမြင်လာ၊ တွေးတောလာတတ်စေပါသည်။ ဖန်ဆင်းခံ ကမာ်္ဘမြေအား ဘုရားအလိုတော် အရ မဟုတ်ပဲ မိမိ အကျိုးစီးပွား စိတ်အလိုကျ အာဏာရှင်ဆန်ဆန် အသုံးချလာ အခြား သတ်္တဝါအပေါင်းတို့၏ ပျက်စီးခြင်းသို့ ဦးတည်လာတတ်ပါသည်။

ဘုရားသခင်၏ တရားတော်ဖြစ်သော ချစ်ခြင်းမေတ်္တာ တရားအား မျက်ကွယ်ပြုသည်နှင့် အားနည်းသူအား အားသာသူက အနိုင်ထက်စီးနင်းပြုသည့် နိယာမသည် အစားထိုးလာတတ်ပါသည်။ လူ့ နှလုံးသားအတွင်း ပုန်းလျှိုးနေသော အပြစ်ဒုစရိုက်စိတ်သည် လောဘ အလိုကြီးမှု အဖြစ် အသွင်ပြောင်းလာကာ စည်းစိမ်ခံလိုစိတ် ထိန်းသိမ်းမရအောင် ပြင်းပြလာတတ်ပါသည်။ ထိုအခြေအနေတွင် ထိုသူသည် မိမိကိုယ်ကိုနှင့် အခြားသူများ ကောင်းကျိုးအတွက် တွေးတောပေးခြင်း ကင်းမဲ့သွားပါသည်။ ထိုစိတ်ထားသည် လူသားနှင့် ဖန်ဆင်းခံ ကမာ်္ဘမြေအား ကိုယ်ကျိုးအတွက် အမြတ်ထုတ် အသုံးချခြင်းရန် တွန်းပို့ပါသည်။ ရောင့်ရဲတင်းတိမ်မှု မရှိခြင်း၊ အလိုရမက်ကြီးခြင်းတို့ကြောင့် အကြင်သူသည် သူ၏ အလိုစိတ်ဆန်္ဒအား သူ၏ ရပိုင်ခွင့် အခွင့်အရေး အဖြစ် ရှုမြင်လာကာ အရာအားလုံးပျက်သုဉ်းသွားအောင် အနှေးနှင့် အမြန် လုပ်ဆောင်လာတတ်ပါသည်။

၃။ နောင်တယူခြင်းနှင့် အပြစ်ခွင့်လွှတ်ပေးခြင်းဆိုင်ရာ ကုစားမှု စွမ်းအား

ဖန်ဆင်းခံ ကမာ်္ဘမြေသည် “အသစ်သော ဖန်ဆင်းခြင်းအား” ပြုလုပ်မည့် ဘုရားသခင် သားသမီးများ ပေါ်ထွန်းစေရန် အရေးပေါ် လိုလားနေပါသည်။ ဒုတိယ ကောရိန်တုစာစောင် (၅း ၁၇)တွင် “ခရစ်တော်၌ တည်ရှိသောသူသည် ဖန်ဆင်းခြင်း အသစ်ဖြစ်လာသည်။ ဘဝဟောင်းသည် ပျောက်ကွယ်သွားသဖြင့် ဘဝအသစ် ရောက်လာလေပြီ၊”ဟု ဖော်ပြထားလေသည်။ ဤနည်းဖြင့် ဖန်ဆင်းခံ ကမာ်္ဘမြေသည်လည်း ကောင်းကင်သစ်နှင့် မြေကမာ်္ဘသစ်သို့ အသွင်ပြောင်းနိုင်သည့် ပါစကားပွဲအား ကျင်းပနိုင်ပါသည်။ ပါစကား နက်နဲဖွယ်ရာ၏ အလျှံအပယ် ကျေးဇူးတော်၌ ပြည့်ဝစွာ နေထိုင်ခြင်းအားဖြင့် ခရစ်ယာန်များသည် နောင်တယူခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့် ခွင့်လွှတ်ခြင်းမှ တစ်ဆင့် စိတ်နှလုံး ဆန်းသစ်ပြောင်းလဲစေရန် အီစတာ လမ်းစဉ်က တောင်းဆိုနေပါသည်။

ခရစ်ယာန်များနှင့် လူမျိုးအပေါင်းသည် ပြုပြင်ပြောင်းလဲခြင်း လမ်းစဉ်သို့ အသေးစိတ် ပြတ်သားစွာ လျှောက်လှမ်းပါလျှင် ဖန်ဆင်းခံ သတ်္တဝါအပေါင်း၏ “စိတ်အားထက်သန်စွာ မျှော်လင့်တောင့်တခြင်း”သည် ဘုရားသခင်၏ သားသမီးများ ပေါ်လွင်ထင်ရှားခြင်းဖြင့် အထမြောက်ပါလိမ့်မည်။ ဖန်ဆင်းခံ အရာအားလုံးသည် “ပျက်စီးယိုယွင်းခြင်း အချုပ်အနှောင်မှ ဘုရားသခင် သားသမီးများ၏ လွတ်လပ်ခြင်းအား ရရှိလိုကြပါသည်။” ဝါတွင်းကာလသည် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ စက်္ကရမင်တူး အမှတ်လက်္ခဏာ ဖြစ်ပါသည်။ ဝါတွင်းကာလသည် ပါစကား နယ်နဲဖွယ်ရာများအား မိမိတို့၏ဘဝ၊ မိသားစု၊ လူမှုရေး ဘဝတို့၌ ဝါရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့် ဒါနပြု ပေးကမ်းခြင်းတို့ဖြင့် နက်ရှိုင်းစွာ ထောက်ရှုသုံးသပ်ရန် ဖိတ်ခေါ်ပါသည်။

ဝါရှောင်ခြင်းဟူသည်မှာ မိမိတို့၏ လိုချင်တက်မက်စိတ်အား ချိုးနှိမ်လျှက် ပတ်ဝန်းကျင်ရှိ လူများနှင့် ဖန်ဆင်းခံ ကမာ်္ဘမြေ သတ်္တဝါအားလုံး အပေါ်ထားရှိသည့် စိတ်သဘောထား ပြောင်းလဲစေရန် လေ့လာခြင်း ဖြစ်ပါသည်။

ဆုတောင်းခြင်း ဟူသည်မှာ ရုပ်ဝတ်္ထုကိုးကွယ်မှုနှင့် မိမိဘဝင်စိတ် အခံအား စွန့်လွှတ်ရန်နှင့် ဘုရားသခင်၏ သနားကြင်နာခြင်းအား အသိအမှတ်ပြုစေရန် လေ့လာခြင်း ဖြစ်ပါသည်။ ဒါနပြု လှူဒါန်းခြင်းဟူသည်မှာ ကျွနု်ပ်တို့ မပိုင်သော အနာဂတ်တွင် လုံခြုံမှုရှိအောင် နေထိုင်နိုင်သည်ဟူသည့် အတွေးလွဲနှင့် အရာအားလုံး မိမိတို့ အတွက်သာ ဟူသည် စိတ်အခံများမှ ရှောင်ထွက်စေရန် လေ့လာခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ဖန်ဆင်းခြင်းနှင့် ကျွနု်ပ်တို့ တစ်ဦးစီ အတွက် ပြင်ဆင်ထားသော ဘုရားသခင်၏ ဝမ်းမြောက်ဖွယ် အစီအမံအား ပြန်လည် ရှာဖွေတွေ့ရှိရန် ကြိုးပမ်းရပါမည်။ ညီအစ်ကိုမောင်နှမ နှင့် ပတ်ဝန်းကျင် ကမာ်္ဘမြေအား ချစ်မြတ်နိုးခြင်းအားဖြင့် စစ်မှန်သော ပျော်ရွှင်မှုအား ရှာတွေ့နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ခရစ်တော်၏ သဲကနာ်္တရအတွင်း ရက်ပေါင်း ၄၀ နေထိုင်ခဲ့သော “ဝါတွင်း” ကာလသည် အာဒံနှင့် ဧ၀ အပြစ်ရင်း မတိုင်မီ ဧဒင်ဥယျာဉ်၏ လှပသော သဘာ၀ ပတ်ဝန်းကျင် အခြေအနေအား ရရှိပိုင်ဆိုင်ရန် ဘုရားသခင်နှင့် ပေါင်းစပ် ပြင်ဆင်ခြင်း ဖြစ်ပါသည်။ ဤနှစ် ဝါတွင်း ကာလတွင် ဖန်ဆင်းခံ ကမာ်္ဘမြေသို့ ခရစ်တော်၏ မျှော်လင့်ခြင်း ပါရမီအား ပြန်လည် ဆောင်ကြဉ်းကြပါစု့ိ။ ဤဝါတွင်းကာလအား အချဉ်းနှီး ကုန်ဆုံးခြင်း မရှိစေရန် ကြိုးပမ်းကြပါစို့။ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုအား ကျွနု်ပ်တို့ တစ်ဦးချင်းစီ ပြုလုပ်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှာက်ကြပါစို့။ တကိုယ်ကောင်းဆန်မှုနှင့် မိမိကိုယ်ကိုသာ အာရုံစိုက်ခြင်းများအား ခဝါချလျှက် ယေဇူးသခင်၏ ပါစကားကို မျက်မှောက်ပြုကြပါစို့။ အကူအညီ လိုအပ်နေသော ညီအစ်ကို မောင်နှမတို့အား ဝိညာဉ်ရေး၊ ရုပ်ဝတ်္ထု ပစ်္စည်းများ ကူညီပံ့ပိုးလျှက် သူတို့ ရှေ့၌ မားမားမတ်မတ် ရပ်တည်ကြပါစို့။ ဤနည်းလမ်းများအားဖြင့် အပြစ်နှင့် သေခြင်း တရားအား ကျော်လွှားနိုင်သော ခရစ်တော်ယေဇူး၏ အောင်နိုင်ခြင်းအား လက်ဆုပ်လက်ကိုင်ပြု ကြိုဆိုနိုင်မည် ဖြစ်ပေသည်။ ဤနည်းဖြင့် ကျွနု်ပ်တို့သည် ဖန်ဆင်းခံ အရာအားလုံးအား ခရစ်တော်၏ ပြုပြင်ပြောင်းလဲခြင်း စွမ်းအင်အား ပေးစွမ်းဝေမျှနိုင်မည် ဖြစ်ပေသည်။

ပုပ်ဖရန်စစ်

ဗာတီကန်၊
၄ အောက်တိုဘာလ ၂၀၁၈ ခုနှစ်
အစီစီမြို့မှ စိန့် ဖရန်စစ် ပွဲနေ့

1021  Views
Previous: လူတစ်ယောက်ရဲ့ ကောင်းမွန်သောနေထိုင်ခြင်းကြောင့် လူ့အသိုင်းအဝိုင်းကို ကောင်းကျိုးများစွာ အကျိုးပြုနိုင်ဟု ဆရာတော်ယောဟန်က တိုက်တွန်း
Next: မြစ်ဆုံနောက်ကွယ်က နာမည်ကြီးစတန့်ထွင်မှုများကို ရပ်ပါ