ဘာသာရေး ခေါင်းဆောင်များ လည်း မဲပေးပိုင်ခွင့် လည်းရှိကြ ကြောင်း ဆရာတော်ကြီး ချားလ်စ်ဘိုက မိန့်ကြားတော်မူ

ဆရာတော်ကြီး ချားလ်စ်ဘိုက နိုင်ငံ သားတိုင်း နှစ်သက်ရာဘာသာကို ကူး ပြောင်းခွင့်ရှိကြသလို မဲပေးပိုင်ခွင့်လည်း ရှိကြသည်ဟု ဂလိုရီးယားသတင်း ဂျာနယ်သို့ မိန့်ကြားတော်မူလိုက်သည်။ ဆရာတော်ကြီးက နိုင်ငံသားအခွင့် အရေးကို အပြည့်အဝရရှိခြင်းသည် ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း၏ အခြေခံဖြစ်ကြောင်း၊ ထို့ကြောင့် လက် ထပ်ထိမ်းမြားခြင်းသည် အတင်း အကျပ်လုပ်ယူခြင်းမှ လွတ်လပ်ရန် လိုအပ်သကဲ့သို့ ကွဲပြားနေကြသော ဘာသာတရားများမှ လူတိုင်းအတွက် လက်ထပ်ထိမ်းမြားခြင်းကို ဖွင့်လှစ် ပေးရမည်ဟု မိန့်ကြားခြင်းဖြစ်သည်။
ဆရာတော်ချားလ်စ်ဘိုက ““ဘာသာ ရေးခေါင်းဆောင်များအပါအဝင် မြန် မာနိုင်ငံသူ/သားတိုင်းသည် ဘာ သာကူးပြောင်းခွင့် ရှိကြသကဲ့သို့ မဲပေးပိုင်ခွင့်လည်း ရှိကြကြောင်း၊ ထို့ ကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲတွင် ဘာသာရေးခေါင်းဆောင်များ (ခရစ်ယာန်ဘုန်းတော်ကြီးများ၊ ကိုရင် များနှင့်သီလရှင်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သင်းအုပ်ဆရာ/ဆရာမများနှင့် တခြားဘာသာမှ ဘာသာရေးခေါင်း ဆောင်များ) အားလုံးကို မဲထည့်ပိုင်ခွင့် ပေးရန်”” နိုင်ငံတော် အစိုးရအား တောင်းဆိုတော်မူလိုက်သည်။ဆရာတော်ကြီးက ““မြန်မာ့ယဉ်ကျေး မှုကိုကြည့်ရင် လူငယ်တွေဟာ လူကြီး မိဘတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့ ဓလေ့ တွေရှိကြတယ်။ ဒါပေမယ့် ဒီလိုမျိုး ဓလေ့ကို အခြေခံပြီး လူငယ်တွေဟာ မိမိတို့ရဲ့ ကြင်ဖော်တွေကို မရွေးချယ် ကြဖို့လည်း လိုအပ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဘယ်မိဘ၊ ဘယ်ဆရာ သမားကမှ မိမိတို့သားသမီးများမလိုချင် တဲ့ကြင်ဖော်ကို မိမိတို့သားသမီးများကို အတင်းပေးစားလို့မရကြောင်း၊ ဘာသာ ရေးခေါင်းဆောင်တွေမှာလည်း လင် မယားတွေကို လမ်းညွန်ဖို့ တာဝန်ရှိကြ သလို စုံတွဲတစ်ဦးစီရဲ့ ဘာသာကိုး ကွယ်မှုအတိုင်း လက်ထပ်ထိမ်းမြားခြင်း ကို ပြုလုပ်ပေးကြဖို့လည်း တာဝန်ရှိ ကြကြောင်း၊ အထူးသဖြင့် ဘာသာကွဲ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်များအနေနဲ့ ဘာသာနှစ်ခုရဲ့ ဝတ်နည်းအတိုင်း လက်ထပ်ခြင်းကို ပြုလုပ်နိုင်ဖို့အတွက် နှစ်ဖက်စလုံးက ကြိုးပမ်းကြဖို့ လိုအပ် ကြောင်း”” ဖြင့် အကျယ်တဝင့် ရှင်းပြ တော်မူသည်။
ဆက်လက်ပြီး ဆရာတော်ကြီး ချားလ်စ် ဘိုက ဘာသာကူးပြောင်းခြင်းနဲ့ စပ် လျဉ်းပြီး မိန့်ကြားရာတွင် ““ဘာသာ ကူးပြောင်းခြင်းနဲ့ပတ်သက်ပြီး ကာယ ကံရှင်ရဲ့ လွတ်လပ်တဲ့ဆန္ဒ သဘော အတိုင်းသာဖြစ်ရမယ်။ ဘယ်သူကမျှ မည်သူ့ကိုမှ အတင်းဘာသာ ကူးခိုင်း လို့မရကြောင်း၊ လူတိုင်းက မိမိတို့ နှစ် သက်တဲ့ ဘာသာတရားအပေါ်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်၊ ဘုရားမဲ့သူတွေကိုတောင် မိမိတို့ သဘောအတိုင်း ဘယ်ဘုရားမှ မယုံ ကြည်ဘဲ နေထိုင်ခွင့်ရှိကြရမှာ ဖြစ် ကြောင်း”” ဖြင့် မီးမောင်းထိုးပြတော်မူ လိုက်သည်။
မဲပေးပိုင်ခွင့်နဲ့စပ်လျဉ်းပြီး ဆရာတော် ကြီးက ““ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြတဲ့ ခရစ်ယာန် ဆရာတော်များ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်များ၊ အသင်းအုပ်ဆရာများ၊ ဗုဒ္ဓဘာသာ သံဃာတော်များနှင့် သီလရှင်များ အားလုံးဟာ နိုင်ငံသားများ ဖြစ်ကြတဲ့ အတွက်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိကြဖို့လိုအပ်ကြောင်း”” မြန်မာနိုင်ငံ ၏ ရွေးကောက်ပွဲဆိုင်ရာ မဲပေးပိုင်ခွင့် အပေါ် ဝေဖန်တော်မူလိုက်သည်။
ဂျိုးဇက်

2728  Views
Previous: အိမ်ထောင်သည်များသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် ရုပ်ပွားတော်များဖြစ်ကြောင်း
Next: ငြိမ်းချမ်းရေးမှာ မိမိကျွမ်းကျင်လို့ မဟုတ်ဘဲ၊ ကယားပြည်နယ် ရှိပြည်သူတွေ ရဲ့ စစ်ပွဲဒဏ်တွေ ခံစားနေရ မှုတွေကို လျှော့နည်း စေချင်တဲ့ ရည်ရွယ်ချက် ကြောင့် စစ်အစိုးရ လက်ထဲက စစ်ထောက် လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့လက်တွဲ ခဲ့ရခြင်း ဖြစ်ကြောင်း ဆရာတော်ကြီး ဆိုတေးရိုက မိန့်ကြား တော်မူ