နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား


နေပြည်တော် ဒီဇင်ဘာ ၁၉

မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာ ဗျူဟာမိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ုနာစငညျုင ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ်္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ် သောအဖွဲ့အစည်းများ နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်း အမြစ်မှာ လူသားအရင်းအမြစ်ဖြစ်ပါကြောင်း၊ တကယ့် တန်ဖိုးအရှိဆုံး အရင်းအမြစ် ဖြစ်သည့် မိမိတို့လူသားများ၏ ဖွံ့ဖြိုး တိုးတက်ရေး၊ တန်ဖိုးရှိရေးကို ဦးတည်ရန် လိုပါကြောင်း၊ ထိုသို့ဦးတည်လျှင် ကလေးများ မိခင်ဝမ်းထဲတွင်ရှိသည့်အချိန်မှစပြီး မိခင်များကို ပညာပေးခြင်းအားဖြင့်၊ မိခင်များ၏ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်း အားဖြင့်၊ မိခင်များသည်ကလေးသူငယ်များ၏ ပထမဦးဆုံး ၂၄ လ ၊ နှစ်နှစ်အရွယ် အထိ ဖွံ့ဖြိုးတိုးတက်မှုမှန်ကန်ရန်၊ အာဟာရပြည့်ဝရန် မည်မျှအရေးကြီးသည်ကို သိအောင် ပညာပေးခြင်းအားဖြင့် လူသားအရင်းအမြစ်များကို စတင်ပြီး စောင့်ရှောက် ထားရမည်၊ ဖွံ့ဖြိုးတိုးတက် အောင်လုပ်ထားရမည် ဖြစ်ပါကြောင်း။

ကလေးသူငယ်များသည် နှစ်နှစ်မတိုင်မီ ဘယ်လောက်အာဟာရပြည့်ဝသလဲ ဆိုသည်မှာ အရေးကြီးပါကြောင်း၊ ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်လည်း အလွန်အရေးကြီးသည်ကို သိပ်္ပံနည်းအရ အများက တွေ့ရှိနား လည်ထားပါကြောင်း၊ မိမိတို့ နိုင်ငံလို ဖွံ့ဖြိုးတိုးတက်စ မချမ်းသာသေးသည့် နိုင်ငံ အတွက် ဆိုလျှင် ပိုပြီး စိန်ခေါ်မှုက ကြီးမားပါကြောင်း၊ ချမ်းသာသည့်နိုင်ငံရှိ ကလေး သူငယ်များအတွက်သာမက မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရ ပြည့်ဝရေး၊ ကျန်းမာရေး ဂရုစိုက်မှု အပြည့်အဝပေးနိုင်ရေးအတွက် လုပ်ပေးနိုင်သည့် အခွင့်အရေး များ အများကြီးရှိပါကြောင်း၊ ဖွံ့ဖြိုးစနိုင်ငံများတွင် ထိုကဲ့သို့ အခွင့်အရေးမှာ နည်းပါ ကြောင်း၊ မိမိတု့ိ ပံ့ပိုးပေးချင်သလောက် ပံ့ပိုးမပေးနိုင်ပါကြောင်း၊ ယင်းကို ပညာဖြင့် ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ ပညာပေးခြင်းအားဖြင့် ကိုယ်ဝန်ဆောင် မိခင်များသည် မွေးကင်းစ ကလေးငယ်လေးများ၏ အနာဂတ် ဘယ်လို အကောင်းဆုံးဖြစ်အောင်၊ ကိုယ့်မှာ ရှိသည့် အရင်းအမြစ်များဖြင့် ဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်မလဲ ဆိုသည့် ပညာကိုပေးရန် အင်မတန် အရေးကြီးပါကြောင်း။

မိမိတို့နိုင်ငံမှ ကလေးများအာဟာရချို့တဲ့မှုကြောင့် ရေရှည်အကျိုးဆက်များ ရှိပါကြောင်း၊ ဥပမာ- အာဆီယံတက်္ကသိုလ်များအားကစားပြိုင်ပွဲတွင် မိမိတို့ တက်္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားသမားများ အောင်မြင်သင့်သလောက် မအောင်မြင် သည့်ကိစ်္စမှာ ငယ်စဉ်က အာဟာရချို့တဲ့ခဲ့မှုကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့ ဘောလုံး အသင်းများ အောင်မြင်မှုရအောင် ကြိုးစားသည့်နေရာတွင် ဘာတွေ့ရသလဲ ဆိုလျှင် ဒုတိယပိုင်းကစားချိန်တွင် မိမိတို့ ကလေးများသည် ချမ်းသာ ဖွံ့ဖြိုးပြီး နိုင်ငံ များမှ ကလေးများ၊ လူငယ်များ၊ အားကစားသမားများနှင့် စာလျှင် မယှဉ်ပြိုင်နိုင်ပါကြောင်း။ ယင်းမှာ လုံ့လဝီရိယ မရှိ၍၊ စိတ်ဓာတ် မရှိ၍ မဟုတ်ဘဲ ငယ်ငယ်က အာဟာရ မပြည့်ဝခဲ့၍ ဖြစ်ပါကြောင်း၊ ရေရှည်ခံနိုင်ရည်ဟူ၍ ပြောရမည်ဖြစ်ပါကြောင်း။

ပထမပိုင်းတွင်တော့ အားထုတ်၍ရပါကြောင်း၊ နည်းနည်းကြာလာသည်နှင့် အမျှ ကစားအားကျလာပါကြောင်း၊ ကြက်ဥ၊ နွားနို့၊ အမဲသား ဝအောင်စား လာခဲ့ရသည့် အဖွဲ့များနှင့် နှိုင်းယှဉ်၍မရပါကြောင်း၊ ငယ်ငယ်က အာဟာရပြည့်ဝမှု သည် မည်မျှ အရေးကြီးသလဲဆိုတာကို နိုင်ငံသူနိုင်ငံသားအားလုံး လွယ်လွယ်ကူကူနှင့် သဘော ပေါက်မည်ဟုထင်ပါကြောင်း၊ ဒါပေမယ့် ဦးနှောက်ဖွံ့ဖြိုးရေးကိစ်္စကိုတော့ သတိ မထားမိကြပါကြောင်း၊ ကလေးတစ်ယောက် ကျောင်းစာဘက်မှာ မတော်လျှင် သူအာ ဟာရ မပြည့်ဝခဲ့ဘူးဟု စဉ်းစားကြမည် မဟုတ်ပါကြောင်း၊ ကလေးက စာမ ကျက်ဘူး လား၊ မိသားစုက စာကျက်နိုင်သည့် အနေအထား ဖန်တီး မပေးဘူးလားဟု သာ စဉ်းစားကြပါကြောင်း၊ နှစ်နှစ်အရွယ်မတိုင်ခင်က အာဟာရမပြည့်ဝခဲ့သည့်အတွက် သူတို့၏ ဦးနှောက်က ဖွံ့ဖြိုးနိုင်သလောက် မဖွံ့ဖြိုးခဲ့ပါကြောင်း၊ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသည်မှာ အစာအာဟာရ မပြည့်ဝခဲ့၍ ဖြစ်ပါကြောင်း။

ကလေးသူငယ်ပြုစုပျိုးထောင်ရေးအတွက် အားလုံးဝိုင်းပြီး လုပ်ဆောင်ရမည် ဖြစ်ပါ ကြောင်း၊ မိဘများလုပ်ရုံနှင့်လည်း မလုံလောက်ပါကြောင်း၊ ပညာပေးသည့် ဘက်မှနေပြီး မိမိတို့ ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊ ပညာပေးသည့်အခါ လုပ်သင့် သည်များကို ပြောရုံမဟုတ်ဘဲ လုပ်၍ရသည့် နည်းလမ်းများကို ရှာပေးရမည်ဖြစ်ပါ ကြောင်း။

ကလေးများကို အာဟာရပြည့်ဝရုံသာမက ရောဂါကင်းဝေးအောင် လိုအပ်သည့် ကာကွယ်ဆေးများအားလုံး ထိုးရမည်ဖြစ်ပါကြောင်း၊ မိခင်ကလည်း မမွေးခင်၊ ကိုယ်ဝန် ဆောင်ချိန်ကတည်းက ရောဂါကင်းအောင်နေရမည်၊ ကလေး မွေးဖွားပြီးသည်နှင့် သူ့အချိန်နှင့် သူ လိုအပ်သောကာကွယ်ဆေးများကို ထိုးရမည်ကို မိဘများဘက်က၊ နိုင်ငံတော်ဘက်က မပေါ့လျော့စေချင်ပါကြောင်း၊ လိုအပ်သည့်ကာကွယ်ဆေးကို ကလေးများထိုးနိုင်သည့် အခြေအနေအထိ မိမိတို့ ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။

ယခု ပထမ(၅)နှစ် မဟာဗျူဟာကို ၂၀၁၈ မှ ၂၀၂၂ အထိ ရေးဆွဲထားပါကြောင်း၊ ထိုဗျူဟာအရ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် မျှမျှတတဖြစ်စေချင်ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းသည့် ဒေသ ဖြစ်စေ၊ များသည်ဖြစ်စေ ကလေးများအတွက် စောင့်ရှောက်မှု၊ ကာကွယ်မှု၊ ဖွံ့ဖြိုး တိုးတက်မှုရှိအောင်လုပ်ပေးရာတွင် အားလုံးတန်းတူညီတူဖြစ်ရန် အရေးကြီးပါ ကြောင်း။

ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်အောင်လုပ်သည့် စီမံကိန်းမှန်သမျှ အောင်မြင် ရန်မှာ ကလေးသူငယ်များနှင့် မိဘများပါဝင်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယ ခု အခမ်းအနားတွင် တိုင်းရင်းသားဘာသာပေါင်းများစွာဖြင့် ပညာပေးထားသည့် စာရွက်၊ စာတန်းများ၊ စာအုပ်များပြသထားသည်ကို သတိပြုမိပါကြောင်း၊ ယင်းမှာ တိုင်းရင်း သား ကလေးသူငယ်များကို အထူးအလေးပေးပြီး လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ အများအားဖြင့် တိုင်းရင်းသားများသည် မြို့ကြီးများနှင့် ဝေးလံခေါင်သီသည့် နေရပ် ဒေသများ၊ ရွာများတွင် နေထိုင်ကြသူများ ပါကြောင်း၊ ထိုနေရာများအထိ ပညာပေး အစီအစဉ်များ ရောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

မိဘများ ဘယ်မှာ နေနေ၊ ကလေးများ ဘယ်မှာမွေးမွေး၊ အပြည့်အ၀ ဖွံ့ဖြိုးတိုး တက်နိုင်သည့် အခွင့်အရေးရအောင် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ သည် ငြိမ်းချမ်းရေး လုံး၀ အပြည့်အဝရသေးသည့် နိုင်ငံမဟုတ် ပါကြောင်း၊ ငြိမ်းချမ်းရေး အပြည့်အ၀ မရသေးသည့်အတွက် တချို့ကလေးများသည် ရွှေ့ပြောင်းဒုက်္ခသည် စခန်း များတွင် အခုအချိန် အထိ နေနေရသည့်အခြေအနေတွင် ရှိပါကြောင်း၊ ထိုစခန်းများမှ တာဝန်ရှိသူများက ကလေးများကို အထူးဂရုစိုက်ရန်လိုပါကြောင်း၊ သာမန်မဟုတ်သည့် အခြေအနေတွင် နေရသည့်ကလေးများသည် ဖွံ့ဖြိုးတိုးတက်သည့်အခွင့်အလမ်းများ ဆုံးရှုံးတတ်ပါကြောင်း၊ ဒါတွေ မဆုံးရှုံးအောင် အထူးသတိထားရ မည်ဖြစ်ပါကြောင်း၊ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမျိုးတွင် ရောက်နေရောက်နေ မိမိတို့နိုင်ငံ၏ ကလေး တိုင်း လိုအပ်သည့်ပြုစု စောင့်ရှောက်မှု အပြည့်အဝရရန် အစိုးရက အတတ် နိုင်ဆုံး လုပ် ဆောင်နေပါကြောင်း၊ ပြည်သူများက ဝိုင်းပြီးကူညီရန် လိုပါကြောင်း။

အားလုံးဝိုင်းပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများ၊ တိုးတက်ရေးစီမံကိန်းများ၊ အာဟာရပြည့်ဝရေးစီမံကိန်းများ၊ မိဘများအား ပညာပေးရေးစီမံကိန်းများအောင်မြင်ရန် ဝိုင်းဝန်းပြီးကူညီဆောင်ရွက် ပေးကြပါ၊ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် အချင်းချင်းကြား နားလည်မှုရရှိပြီး တခြားပြဿနာတွေကိုပါ ရှင်းနိုင်အနေအထားကို ရောက်လာမည်ဖြစ်ပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၏ အကျိုးဆက်များ အများကြီးရနိုင်ပါကြောင်း။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်းအားဖြင့် မြန်မာ့ကလေးသူငယ်များအတွက် ကျန်းမာရေး၊ အာဟာရဆိုင်ရာနှင့် ကာယဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေများ မြင့်မား တိုးတက်လာစေခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ မိခင်များနှင့်ကလေးများ ကျန်းမာစွာမွေးဖွားရှင်သန်နိုင်ခြင်း၊ မူလတန်းကျောင်းဝင်ရောက်သည့် ကလေးဦးရေနှုန်း မြင့်မားလာစေခြင်း၊ မူလတန်း ကျောင်းများ၏ ပညာရေးစွမ်းဆောင်ရည်တိုးတက်လာစေခြင်းနှင့် မူလတန်းကျောင်း ပညာရေးစရိတ်များ လျှော့ချနိုင်ခြင်း၊ လေလွင့်လူငယ်များ မဖြစ်အောင်ကာကွယ်နိုင် ခြင်း၊ ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် သိမှုအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုး တက်စေခြင်း၊ အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေခြင်း၊ တိုင်းရင်းသားလူမျိုးစုများအားလုံး၏ ထုတ်လုပ်မှုစွမ်းရည်မြင့်မားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။

တချို့မှာ ရေရှည်မှာမှ ပေါ်လာမည့်အကျိုးများဖြစ်ပါကြောင်း၊ တချို့အကျိုး ဆက်များက ချက်ချင်းလက်ငင်း တစ်နှစ် နှစ်နှစ်အတွင်း၊ ကလေးလေး တစ်လနှင့်တစ်လ ကြီးလာသည့်အချိန်တွင် မြင်နိုင်သည့် အကျိုးဆက်များ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ ညီညွတ်မှု၊ တိုင်းရင်းသားအချင်းချင်း နားလည်မှု၊ ချစ်ခင်မှု များကိုတော့ ရေရှည်အကျိုးဆက်အနေဖြင့် မြင်ရမည်ဖြစ်ပါကြောင်း။

အလုပ်တစ်ခုလုပ်လျှင် နောင်မျိုးဆက်များအတွက်ပါကြည့်ရန် ထပ်တလဲလဲ တိုက်တွန်းပါကြောင်း၊ နောင်မျိုးဆက်များအတွက်ကြည့်ခြင်းသည် မိမိတို့နိုင်ငံ၏ အနာဂတ် ပိုလုံခြုံရန် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်လုံခြုံရန်မှာ ယခုက တည်းက ယင်းနိုင်ငံ၏ အနာဂတ်ကို တာဝန်ယူမည့် ကလေးများအား မှန်မှန် ကန်ကန် ပြုစုပျိုးထောင်ရန်မှာ အင်မတန်အရေးကြီးပါကြောင်း၊ ထိုလုပ်ငန်းများ ဆောင်ရွက် သည့်အခါ အားလုံးပါဝင်ပြီး တက်တက်ကြွကြွဖြင့် တစ်ဦးချင်းတွင် ကူညီပေးနိုင်သည့် အရည်အချင်းရှိသည်ဆိုသည့် ယုံကြည်မှုဖြင့် ပါဝင်ကြပါလို့ မေတ်္တာရပ်ခံပါကြောင်း ပြောကြားသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေးတို့က မြန်မာ့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အချက်များ၊ မဟာဗျူဟာတွင် ပါဝင်သည့် လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားအရင်းအမြစ်များ တန်ဖိုးတက်လာ စေရန် ဘက်ပေါင်းစုံမှ ရင်းနှီးမြှုပ်နှံရေး၊ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် အကျိုးအမြတ်ရလဒ် ကောင်းများ ရရှိစေရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးချဲ့ဆောင် ရွက်ရေး၊ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိသော ကလေးများကို စောစီးစွာသိရှိပြီး အချိန်မီပြုစု စောင့်ရှောက်ပေးရေး၊ ရင်ခွင်မဲ့ကလေးများအား အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများက စောင့်ရှောက်မှုသာမက အခြားနည်းများဖြင့် စောင့်ရှောက်ပေးရေး၊ ကိစ်္စရပ်များကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၊ ယူနီဆက်(မြန်မာ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ က ကလေးသူများ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ၏ အဓိက အချက်များကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ရှေးဦးအရွယ် ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ဝန်ဆောင်မှု ကမ်္ဘာ့အမြင်နှင့် မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ဆောင်မှုလုပ်ငန်း၊ လူမှုဝန်ထမ်းဦးစီး ဌာန၏ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီ အစဉ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ပေးရေးအစီအစဉ်နှင့် ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးကို တိုင်းတာစစ်ဆေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ်္စရပ်များကို ပြည်တွင်းပြည်ပပညာရှင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိကြီးများက ဆွေးနွေး ဟောပြောကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်အထိ နေပြည်တော်ရှိ ုနာစငညျုင ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

698  Views
Previous: နိုင်ငံ၏စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းသည် တရားမဝင် လုပ်ငန်းများ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ပြော
Next: ဘုရားသခင်သည် တခြားခရစ်ယာန်ဘာသာဝင်များကို ကောင်းကြီးမပေးဟု ပြောဆိုခြင်းသည် အပြစ်ကြီးဖြစ်သည်ဟု ရဟန်းမင်းကြီးက သွန်သင်တော်မူ