နိုင်ငံ၏စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းသည် တရားမဝင် လုပ်ငန်းများ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ပြော


ပိုင်စိုးသူ၊ ရဲနိုင်
လက်ရှိ နိုင်ငံ၏ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်း သည် တရားမဝင် လုပ်ငန်းများ သည်ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒီဇင်ဘာ ၉ ရက်တွင် နေ ပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ (၂)အတွင်း ပြုလုပ်သည့် ဃနဃ အ

စည်းအဝေးအပြီး သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ဒီဇင်ဘာ ၇ ရက်၌ မြန်မာ နိုင်ငံသည် ခြစားမှုအမြစ်တွယ်နေ သည်ဟု ပြောကြားခဲ့မှုနှင့်ပတ် သက်၍ လက်ရှိ ပါတီတွင်းနှင့် အစိုးရအတွင်း ယင်းကဲ့သို့ဖြစ်ပွား မှုများရှိခဲ့သလားဟု မေးမြန်းမှုအ ပေါ် ‘‘ကျွန်တော်တို့ ဒီနိုင်ငံပြောခဲ့ ပါတယ်။ ကျွန်တော်တို့ စီးပွားရေး တွေဆိုလည်း ၉၀ ရာခိုင်နှုန်းက တရားမဝင်လုပ်ငန်းတွေပါ။ အဲဒီတော့ ဒီစီးပွားရေးလုပ်ငန်းတွေ အပြင် ရုံးလုပ်ငန်းအားလုံးဟာ နားလည်မှုသက်သက်နဲ့ပဲ နေသား ကျနေပါတယ်။ အဲဒီတော့ ဒီဟာလေးကို ပြောင်းဖို့ကိစ်္စမှာကတော့ နေရာတိုင်းမှာ တဖြည်းဖြည်း ပြောင်းလဲရပါတယ်။ အဓိက အရေးအကြီးဆုံးက ပြည်သူတွေ သဘောပေါက်ပြီး ပါဝင်လာဖို့ ကအရေးအကြီးဆုံးပါပဲ။ အဲဒီလို ပါဝင်လာဖို့ ကျွန်တော်တို့အစွမ်း ကုန် ကြိုးစားပါမယ် ဟု ဒေါက် တာမျိုးညွန့်က ပြန်လည်ဖြေကြား သည်။

ရှေးခေတ် အဆက်ဆက် အစိုးရများက နိုင်ငံတည်ဆောက် ရေးတွင် သဘာဝသယံဇာတများ မှ ရရှိသည့်ငွေများဖြင့် ဆောင်ရွက်ခဲ့သော်လည်း ခေတ်မီဖွံ့ဖြိုးတိုး တက်သော ဒီမိုကရေစီနိုင်ငံတစ် ခုကို တည်ဆောက်နိုင်ရေး ဆောင်ရွက်ရာတွင် ထိုက်သင့်သောအ ချိုးအစားများဖြင့် နိုင်ငံတော်ကို အခွန်ပေးဆောင်ရန် ဒေါက်တာ မျိုးညွန့်က တိုက်တွန်းသည်။

‘‘ကျွန်တော်တို့က တကယ် တမ်း စည်းစနစ်နဲ့ ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံလုပ်ဖို့ဆိုရင် အခွန်အပေါ်မှာ ရပ်တည်နိုင်တဲ့နိုင်ငံဖြစ်အောင် တဖြည်းဖြည်းချင်း ပြောင်းလဲရမှာ ပေါ့။ တရားမဝင်လုပ်ငန်းလို့ပြော တယ်။ တချို့နေရာတွေက တွေ့ တယ်။ တရားမဝင် ထမင်းဆိုင် တွေ တွေ့မယ်။ အင်မတန် ကောင်းတဲ့ လုပ်ငန်းကြီးတွေ တွေ့မယ်။ ဒါတွေဟာ တကယ်တမ်း နိုင်ငံတော်ကို အခွန်ပေးဆောင် နေရဲ့လား။ ဒါအားလုံးသိပါ တယ် ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

နိုင်ငံအတွင်း အခွန်တိမ်း ရှောင်သော လူအများစုရှိနေပြီး ရုံးလုပ်ထုံးလုပ်နည်းများတွင်လည်း တရားမဝင် နည်းလမ်းများကို သုံးစွဲနေသည်ဟု ဒေါက်တာမျိုး ညွန့်က ဆိုသည်။

‘‘အခွန်ရှောင်တဲ့သူတွေ ရှိ တယ်။ ပြီးတော့ ရုံးလုပ်ထုံးလုပ် နည်းတွေမှာ ပုံမှန်အတိုင်း မလုပ် ဘဲ လွယ်ကူအောင်လို့ လုပ်နေ တယ်။ အဲဒါတွေက တရားမဝင် နည်းလမ်းတွေပါပဲ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

713  Views
Previous: “မေတ်္တာဟာ အရာအားလုံးရဲ့ အခြေခံပါပဲ” (အင်တာဗျူး)
Next: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား