မြောက်ကိုရီးယားနိုင်ငံမှ တရားတော်အတွက် အသတ်ခံသော ကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင်နှင့်အဖွဲ့သား (၈၀)တို့အား ရဟန်္တာတင်မြှောက်ဖွယ် ရှိ

003
စက်တင်ဘာလ ၁၅၊ ပြုံးယမ်း၊

မြောက်ကိုရီးယားနိုင်ငံတွင် တရားတော်အတွက် အသတ်ခံရသော ပြုံးယမ်းကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင်နှင့်အဖွဲ့သား ၈၀ ဦးတို့အား ရဟန်္တာအဖြစ် မကြာခင်တင်မြောက်ဖွယ်ရှိသည်ဟု ဗာတီကန်မှ ထုတ်ပြန်လိုက်သည်။ ပြုံးယမ်းကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင်သည် မြောက်ကိုရီးယားနိုင်ငံကို ကွန်မြူနစ်အစိုးရက အုပ်ချုပ်သည့် ၁၉၄၉ ခုနှစ်မှစတင်ပြီး ပျောက်ဆုံးနေခဲ့သည်။

ဆရာတော်ကြီး၏ သေဆုံးမှုကို အတည်ပြုပြီးနောက် တောင်ကိုရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၎င်းဆရာတော်ကြီးနှင့် အဖွဲ့သား ၈၀ ဦးတို့အား ရဟန်္တာအဖြစ်တင်မြောက်နိုင်မည့် အဆင့်သို့လုပ်ဆောင်ပေးပါရန် တရားဝင်တောင်းဆိုလိုက်သည်။ ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင်သည် ပြုံးယမ်းမြို့တွင် ၁၉၀၆ ခုနှစ်က ဖွားမြင်ခဲ့ပြီး ဂျပန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို သိမ်းပိုက်နေချိန်ဖြစ်သော ၁၉၃၃ ခုနှစ်တွင် ရဟန်းသိက်္ခာကို ရရှိတော်မူခဲ့သည်။ ၁၉၄၄ ခုနှစ်တွင်မူ ဆရာတော်ကြီးသည် ပြုံးယမ်းကက်သလစ်သာသနာတော်၏ဆရာ တော်ကြီးအဖြစ် ဆရာတော်သိက်္ခာ ကို ရရှိပြီး ခန့်အပ်ခြင်း ခံရတော်မူသည်။ ၁၉၄၅ ခုနှစ်တွင်မူ ဒုတိယကမ်္ဘာစစ်ပြီးဆုံးသည့်အခါ၊ ကိုရီးယားနိုင်ငံ၏ တောင် ပိုင်းကို အမေရိကန်က အုပ်ချုပ်ပြီး မြောက်ပိုင်းကို ရုရှားနိုင်ငံကို စတင်အုပ်ချုပ်ရင်း နိုင်ငံတစ်ခုကို နှစ်နိုင်ငံအဖြစ် ခွဲထုတ်လာခဲ့ကြသည်။ ထိုသို့ဖြင့် မြောက်ကိုရီးယားက ကွန်မြူနစ်စနစ်ကို ကျင့်သုံးပြီး တောင်ကိုရီးယားနိုင်ငံက အရင်းရှင်စနစ်ကိုကျင့်သုံးလာခဲ့ ကြတော့သည်။ ထောင်သောင်းချီသော ခရစ်ယာန်များသည် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။ ဆိုးလ်အငြိမ်းစား ကာဒီနယ်ဆရာတော်ကြီး နီကော်လပ်စ် ချွန်ကျင်ဆတ်သည် ၂၀၀၆ ခုနှစ်က ရက်ပေါင်း ၃၀ ဟောကြားပြီး ၁၉၅၀ခုနှစ်မှ စတင်ပြီး မြောက်ကိုရီးယားနိုင်ငံအစိုးရသည် ကက်သလစ်ရဟန်း ၁၆၆ ပါးနဲ့သူတော်စင်များစွာကို သတ်ဖြတ်ဖျောက်ပစ်ခဲ့သည်ဟု မိန့်ကြား တော်မူခဲ့ဖူးသည်။

၁၉၄၉ ခုနှစ်နောက်ပိုင်းတွင်မူ ပြုံးယမ်းကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင် သည် ထောင်ချခံရ ပြီးနောက် ပျောက်ချင်းလှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဗာတီကန်ရုံးတော်ကမူ ဆရာတော် ဖရန်စစ်ဟောင်ယောင် ကို ပျောက်ဆုံးနေသော ပြုံးယမ်းဆရာတော် အဖြစ် ၂၀၁၃ ခုနှစ်အထိ နှစ်စဉ် စာရင်းထည့်သွင်းဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ်အထိကို ရေတွက်ရသော် ဆရာတော်ကြီးဟောင်ယောင်သည် အသက်တော် ၁၀၆ နှစ်ရှိပြီဟု မှတ်သားထားရသည်။ ဆိုးလ်အငြိမ်းစား ကာဒီနယ်ဆရာတော်ကြီး နီကော်လပ်စ် ချွန်ကျင်ဆတ်ကမူ ဆရာတော်ကြီးဟောင်ယောင် ကို ပျောက်ဆုံးနေဆဲသူအဖြစ် အသိအမှတ်ပြုထား ဗာတီကန်ရုံးတော်ကမူ ဆရာတော်ကြီးဟောင်ယောင်နှင့် ပတ်သက်သော ကြေညာချက်တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံရှိကက်သလစ် သာသနာတော်သည် အခက်အခဲမျိုးစုံကို ဖြတ်ကျော်တွေ့ကြုံနေရသည်ဟု၍သာ ထုတ်ပြန်ခဲ့သည်။

ဗာတီကန်ရုံးတော်သည် ၁၉၆၂ ခုနှစ်က ပြုံးယမ်းကက်သလစ်အသင်းတော်ကို ဆရာတော်ကိုယ်စားလှယ်အုပ်ချုပ်သော သာသနာအဆင့်  (အ့န ဠငခမေငအေန ဗစသျအသူငခ) မှ ဆရာတော်ပိုင်သာသနာအဆင့် (အ့န ျအအေကျ သ် အ့န ီငသခနျန) သို့ မြှင့်တင်ပေးရန် ပြင်ဆင်ခဲ့ဖူးသည်။ သို့သော် ဆရာတော်ကြီးဟောင်ယောင် ပျံလွန်တော်မူပြီဟု ဗာတီကန်က ၂၀၁၃ခုနှစ်မှစတင်အသိအမှတ်ပြုပြီးနောက် ဆရာတော်ကြီး ဟောင်ယောင်အား ရဟန်္တာအဖြစ် တင်မြောက်မည့်လုပ်ထုံးလုပ်နည်းများကို စတင်လုပ်ဆောင်လာခဲ့လေတော့သည်။ ဆရာတော်ကြီး ဟောင်ယောင်အား ရဟန်္တာအဖြစ် တင်မြောက်မည့်လုပ်ငန်းစဉ် ကိုရီးယားကျွန်းဆွယ်ရှိ ကိုရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အကြောင်းအရာများစွာထဲက တစ်ခုအပါအဝင် ဖြစ်နေသည်။

ရဟန်းမင်းကြီးက တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ်လက အလည်အပတ်ကြွ ရောက်လာချိန် တွင် တောင်နဲ့မြောက် နှစ်နိုင်ငံပေါင်းစည်း ရေးအတွက် ဆုတောင်းခြင်းကို ဦးဆောင်ခဲ့သကဲ့သို့ ပြန်လည်သင့်မြတ်ရေးအတွက် ကိုလည်း ဆော်သြတော်မူခဲ့သည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် လက်ရှိဆိုးလ်မြို့တော်ကာဒီနယ်ဆရာတော်ကြီး အန်ဒရူး ဆိုကျွန်းကို ပြုံယမ်းကက်သလစ်သာသနာတော် ၏ စီမံအုပ်ချုပ်သူ အဖြစ် ခန့်အပ်တော်မူခဲ့ပြီးနောက် ကာဒီနယ် ဆရာတော်ကြီး အန်ဒရူး ဆိုကျွန်းသည် လည်း နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းလျက်ရှိနေ သည်။ တောင်ကိုရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်လက်အောက်မှ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး အထူးကော်မရှင်မှ အဖွဲ့ဝင်ဘုန်းတော်ကြီး တီမောတေ လီအွန်းဟွန်းက ““ကျွန်တော်တို့ရဲ့အရေးကြီးဆုံးပန်းတိုင်ကတော့ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့နေ သော မြောက်ကိုရီးယားနိုင်ငံကို သာသနာပြုဖို့ ဖြစ်ပါတယ်။ ပထမအဆင့် ကတော့ မြောက်ကိုရီးယားပြည်သူတွေကို ဘယ်လို အဆက်အသွယ်လုပ်နိုင်မလဲဆိုတဲ့လမ်းကြောင်းကို ရှာပါတယ်။ ဒုတိယအဆင့်မှာတော့ သူတို့ကို အကူအညီတွေ ပေးပါတယ်။ ဆရာတော်ကြီး ဟောင်ယောင်သာ ရဟန်္တာအဖြစ် တင်မြောက်နိုင်မယ်ဆိုရင်တော့ မြောက်ကိုရီးယား ပြည်သူတွေအတွက် ဘုရားသခင်ထံ တော်သို့ ကြားဝင် ဆုတောင်းပေးနိုင်မယ့် ပုဂ်္ဂိုလ်တစ်ဦး ပေါ်လာတော့ သိပ်ကောင်းမှာပါ”” ဟု ဗာတီကန်ရေဒီယိုသို့ မိန့်ကြားခဲ့သည်။ ၀၀၃ ဂျိုးဇက်

1611  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လက်ထပ်ထိမ်းမြားခြင်းကို တရားမဝင်ဖြစ်စေသည့်လုပ်ထုံးလုပ်နည်းကို လေ့လာမည့် အထူးကော်မရှင်တစ်ခုကို ဖွဲ့စည်း
Next: အမေရိကန်နိုင်ငံမှ နာမည်ကြီးတရားဟောကက်သလစ်ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြှောက်ရန် လုပ်ဆောင်မှုအတွက် ညှိနှိုင်းနေဆဲ