ပုပ်ရဟန်းမင်းကြီးနှင့် ဘုရင်မ အဲလိဇဘက်တို့သည် ပျော်ရွှင်စွာနဲ့ လက်ဖက်ကြမ်းအတူ သုံးဆောင်တော်မူခဲ့ကြောင်း

queenlarge
အချိန်တိုတောင်းနေသော်လည်း ရဟန်းမင်းကြီးနှင့် ဘုရင်မ အဲလိဇဘက်တို့သည် ဧပြီ (၃)ရက်နေ့တွင် ဗာတီကန်၌တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။ ထိုတွေ့ဆုံခြင်း၌ နှစ်ဦးအကြား လက်ဆောင်ပစ္စည်းများ အပြန်အလှန် ဖလှယ် ကြပြီး ရင်းရင်းနှီးနှီးစကား စမြည်ပြောဆိုတော်မူ ကြသည်။
ရောမမြို့၏ ဆရာတော်ကြီးနှင့် ဗြိတိသျှဘုရင်မ၏ တွေ့ဆုံခြင်းသည် ဘုရင်မနှင့် အီတလီနိုင်ငံ သမ္မတ ဂျော်လ်ဂျီအိုနပိုလီတီနိုတို့ မိတ်ဆုံ နေ့လည်စာသုံးဆောင်ပြီးမှ ပြုလုပ်တော်မူခြင်းဖြစ်ရာ ဗာတီကန်နန်းတော်ရှိ ပေါလု (၆)၏ ခန်းမတွင် ပြုလုပ်ပြီး (၁၇)မိနစ်ခန့်ကြာမြင့် တော်မူသည်။
ထိုခရီးစဉ်တွင် ဘုရင်မသည် သူမ၏အမျိုးသား အေဒင့်ဘတ်မြို့စား မင်းသားဖိလစ်နဲ့ အတူ လိုက်ပါတော်မူသည်။ သူတို့နှစ်ဦးသည် ရောမမြို့ တွင် တစ်ရက်တာခရီး ရောက်လာတော်မူခြင်း ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း သမ္မတ နပိုလီတီနို ၏ ဖိတ်ကြားချက်ကို ကျန်းမာရေးအခြေအနေ ကြောင့် ကြရောက်ခြင်း မပြုနိုင်သောကြောင့် ဒီနှစ်မှာ ကြရောက်လာကြခြင်းဖြစ်ပါသည်။
ဗာတီကန်သို့ ကြရောက်တော်မူသောအခါ၌ ဘုရင်မက ““ကျွန်မတို့ နောက်ကျလို့ အကြာကြီး စောင့်ရတဲ့အတွက် စိတ်မကောင်းပါဘူး””လို့ တောင်းပန်တော်မူသည်။ ““ကျွန်မတို့ သမ္မတနှင့် အတူ နေ့လည်စာသုံးဆောင်နေတာ””လို့ မိန့် တော်မူသည်။
ကြိုဆိုနှုတ်ဆက်ကြပြီး ရဟန်းမင်းကြီးက တော် ဝင်စုံတွဲအား လက်ဖက်ရည်သုံးဆောင်မည့် အခန်းထဲသို့ ခေါ်ဆောင်တော်မူသည်။ အရှင်သူ မြတ်က သူတို့အား အရှေ့မှာသွားဖို့ တောင်းဆို တော်မူရာ၊ မင်းသား ဖိလစ်က ““အရှင်သူမြတ် အရှေ့မှာကြပါ၊ ဘာဖြစ်လို့လဲဆိုတော့ အရှင် သူမြတ်လမ်းပြရမှာလေး””လို့ မိန့်တော်မူသည်။
ထိုသို့ တွေ့ဆုံစဉ်တွင် ရဟန်းမင်းကြီးနှင့် ဘုရင်မ တို့သည် လက်ဆောင်ပစ္စည်းများဖလှယ်ကြပြီး ဘုရင်မက ရဟန်းမင်းကြီးအား သူတို့တော်ဝင်ကြင် ယာတော်နှစ်ဦး၏ လက်မှတ်ရေးထိုးထားသော ဓာတ်ပုံများကို ဆက်သတော်မူရာ ဘုရင်မက ““စိတ်မကောင်းပါဘူး၊ ဒီဓာတ်ပုံကိုတော့ ယူရ မယ်၊ မယူလို့မရဘူး””လို့ မိန့်တော်မူသည်။ ဘုရင်မ ဆက်သခဲ့သော လက်ဆောင်များထဲတွင် အင်္ဂလိပ် ရိုးရာပစ္စည်းများနဲ့ပြည့်နေသော ခြင်းတစ်လုံး လည်းပါဝင်ပြီး ၎င်းင်းခြင်းတောင်းထဲတွင် အရှင် သူမြတ်အတွက် သူတို့၏နယ်မြေများမှ ပစ္စည်း တစ်ခုစီပါဝင်ကြောင်း မိန့်တော်မူသည်။
ကြမ်းပြင်ကိုလက်ညိုးထိုးပြီး ဘုရင်မ ဧလိဇဘက် က ““ခြင်းတောင်းထဲမဆန့်တဲ့ ပစ္စည်းအပိုနှစ်ခုကို လည်း ယူဆောင်လာတယ်””လို့ မိန့်တော်မူသည်။ ထိုအရာနှစ်ခုမှာ ဝီစကီတစ်ပုလင်းနှင့် ပန်းသီး အရက်တစ်ပုလင်းဖြစ်ပါသည်။
ရဟန်းမင်းကြီး ဖရန်စစ်က တော်ဝင်မိသားစုအား မင်းသား ဂျော့စ်အတွက်ရည်စူးပြီး ငွေရောင်ကား တိုင်ပါသော အပြာရောင်ကျောက်အဝိုင်း တစ်ခု ကို ဆက်သတော်မူသည်။ ၎င်းင်းကျောက်ပေါ်တွင် ဓဏသစန ၤမညေခငျ အသ ံငျ ျွသပေူ ံငါ့ညနျျ ဏမငညခန ွနသမါန သ် ဃောဘမငိါနဓ ဟု ကဗ္ဗည်း ထိုးထားပါသည်။ ““ဒါက ကလေးအတွက်””ဟု ရဟန်းမင်းကြီးက ဘုရင်မအား ပြင်သစ်စကားဖြင့် မိန့်တော်မူရာ၊ ဘုရင်မက ““အဲဒါ ကောင်းတယ်၊ သူ အရွယ်ရောက်လာရင် အရမ်းဝမ်းသာ ပီတိ ဖြစ်မှာပါ””လို့ မိန့်တော်မူသည်။
ရောမ၏ဆရာတော်ကြီးက ဘုရင်မအား နှစ်စဉ် အောက်တိုဘာ (၉)ရက်နေ့တွင် ကျင်းပလေ့ရှိသော အင်္ဂလန်မှ ရဟန္တာအက်ဒွက်၏ ပွဲတော်အား ကက်သလစ်အသင်းတော်၏ ပြက္ခဒိန်ထဲ၌ ထည့် သွင်းသော ၁၆၇၉ ခုနှစ် အစီရင်ခံစာ၏ မူရင်း မိတ္တူကို ဆက်သတော်မူသည်။ ထို့အပြင် ရဟန်း မင်းကြီး၏ မျက်နှာပုံပါသော (ရွှေ၊ ငွေနှင့် ကြေး) သွန်းလုပ်ထားသော တံဆိပ်သုံးခုကိုလည်း ဆက် သတော်မူသည်။
လက်ဆောင်များကို လက်ခံရင်း မင်းသား ဖိလစ်က ““အိုး၊ ကျွန်တော့်ကို ရဟန္တာတင်မြှောက် ခဲ့တယ်၊ ဒီတံဆိပ်တွေကလည်း ကျွန်တော့်ဘဝမှာ ပထမဆုံးရရှိခဲ့တဲ့ ရွှေတံဆိပ်တွေပဲ””လို့ ရယ် မောရင်းမိန့်တော်မူသည်။
ဘုရင်မ ဧလိဇဘက်နှင့် ရဟန်းမင်းကြီး၏ တွေ့ဆုံခြင်းသည် အသက် (၈၇)နှစ်ရှိပြီဖြစ်သည့် ဘုရင်မအနေနဲ့ ရောမင်ကက်သလစ်ခေါင်း ဆောင်ကြီးများနဲ့ ပဉ္စမအကြိမ်မြောက် တွေ့ဆုံ ခြင်းဖြစ်ပြီး သူမသည် အိမ်ရှေ့မင်းသမီးအနေနဲ့ ဘုရင်မမဖြစ်မှီ တစ်နှစ် ၁၉၅၁ ခုနှစ်တွင် ရဟန်း မင်းကြီး ပီအူး (၁၂) အား ပထမဆုံးတွေ့ဆုံတော် မူခဲ့သည်။
သူမ၏ ဒုတိယအကြိမ်မြောက် ရောမမြို့ ဆရာ တော်ကြီးနဲ့တွေ့ဆုံခြင်းမှာ ဧပြီလကုန်တွင် ရဟန္တာအဖြစ်တင်မြှောက်ခြင်းခံရမည့် ဂျွန် (၂၃) နဲ့ ၁၉၆၁ ခုနှစ်၌ တွေ့ဆုံခြင်းဖြစ်သည်။
ဘုရင်မသည် ပြုပြင်ပြောင်းလဲပြီးသည့် နောက် ပိုင်း တော်ဝင်အမျိုးအနွယ်တစ်ဦးအနေနဲ့ ရဟန်း မင်းကြီး ဂျွန်ပေါလ် (၂)အား ဗြိတိန်သို့ ပထမဦး ဆုံးလက်ခံသူဖြစ်ပါသည်။ ရဟန်းမင်းကြီး ဘက်နဒစ်အားလည်း ၂၀၁၀ ခုနှစ်တွင် လက်ခံ တွေ့ဆုံတော်မူခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ရဟန်းမင်းကြီး ဖရန်စစ်နဲ့အတူ ဗာတီကန် အတွင်းရေးမှူးချုပ် ကာဒီနယ် ပေတရု ပါရိုလင်း၊ ပြည်ထဲရေး အတွင်းရေးမှူး မွန်ဆီညော် ဒိုနီနိ မန်ဘာလ်တီနှင့် မွန်ဆီညော် အန်တွိုင်း ကာမီလားရယ်တို့လည်း အတူရှိတော်မူခဲ့ကြ သည်။
Ref: CNS, Peter

1688  Views
Previous: သမ္မတ အိုဘားမားက ရဟန်းမင်းကြီး ဖရန်စစ်သည် လူ့သိက္ခာကို ပြန်လည်သတိပေးတော်မူသော ပုဂ္ဂိုလ်ဟုဆို
Next: Youtube ကို အသုံးပြုပြီး ဆီးရီးယားနိုင်ငံ ဟုမ်း(စ်)မြို့သူ မြို့သားများအတွက် အကူအညီတောင်းခံခဲ့သော Jesuit ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရ