အမေရိကန်နိုင်ငံမှ နာမည်ကြီးတရားဟောကက်သလစ်ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြှောက်ရန် လုပ်ဆောင်မှုအတွက် ညှိနှိုင်းနေဆဲ

004b
စက်တင်ဘာလ ၅၊ နယူးရောက်

အမေရိကန်နိုင်ငံ၊ ပေအိုရီယားကက်သလစ်သာသနာနှင့် နယူးရောက်ကက်သလစ်ဂိုဏ်းချုပ်သာသနာတို့သည် မိမိတို့ သာသနာနှစ်ခုအကြားက ရှိနေသော မပြေလည်မှုကြောင့် ရပ်ဆိုင်းထားသော ပျံလွန်တော်မူပြီဖြစ်သော ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြောက်ခြင်း ဆိုင်ရာ လုပ်ငန်းကို စတင်နိုင်ရန်အတွက် ပြန်လည်ပူးပေါင်းလုပ်ဆောင်ရန် သဘောတူလိုက်ပြီဟု သတင်းရရှိသည်။ ဆရာတော်ကြီး ဖူလ်တွန်ရှင်းသည် ၁၈၉၅ ခုနှစ် မေလ ၈ ရက်နေ့ တွင် ပေအိုရီယားကက်သလစ်သာသနာ၌ မွေးဖွားတော်မူခဲ့သည်။ သို့သော် ဆရာတော်ကြီးသည် နယူးရောက်မြို့တွင် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အကြီးအဖြစ် ဘုရားရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ရင်း ၂၀ ရာစု၏ နာမည်ကြီး တရားဟောဆရာတော်ကြီးအဖြစ် လူသိများခဲ့သော ဆရာတော်ကြီး ဖူလ်တွန်ရှင်း၏ ရုပ်အလောင်းကို  လွှဲပြောင်းပေး ရန်အတွက် ဆရာတော်ကြီး တာဝန်ထမ်းဆောင်ခဲ့သော နယူးယောက်ကက်သလစ်သာသနာကို ပေအိုရီယားကက်သလစ် သာသနာက တောင်းဆိုခဲ့သော်လည်း နယူးယောက်ကက်သလစ်သာသနာက ၎င်းတောင်းဆိုချက်ကို ငြင်းဆန်နေလေ သည်။

နယူးယောက်ကက်သလစ်သာသနာမှ ဆက်သွယ်ရေးတာဝန်ခံ ဂျိုးဇက် ဇွီလင်းက နယူးယောက်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်တီမောတေ ဒိုလန်းက ဗာတီကန်ရုံးမှညွန်ကြားချက် တစ်စုံတစ်ရာ မရရှိမခြင်းနှင့် ဆရာတော်ရှင်း၏မိသားစုများ၏ သဘောတူညီချက်မပါဘဲ ဆရာတော်ကြီး ဖူလ်တွန်ရှင်း၏ ရုပ်လောင်းကြွင်း ကျန်များကို ပေအိုရီယားကက်သလစ်သာသနာထံ မလွဲပေးနိုင်ကြောင်းဖြင့် ကြေညာချက်တစ်စောင်တွင် ထုတ်ပြန်ဖော်ပြ ထားသည်။ ထို့အပြင် ၎င်းကြေညာချက်တွင် ““ဆရာတော်ရှင်းရဲ့ အနီးစပ်ဆုံး ဆွေမျိုးတွေက မိမိ၏ရုပ်အလောင်းကို နယူးရောက်တွင် သဂြိုလ်ရန်မှာထားတော်မူခဲ့သော ဆရာတော်၏ ဆန်္ဒကို လေးစားသင့်ကြောင်းဖြင့် ဖော်ပြထားသည်။ ဆက်လက်ပြီး ဂျိုးဇက် ဇွီလင်းက ““ကာဒီနယ်တီမောတေ ဒိုလန်းကအနေဖြင့် ဆရာတော်ရှင်းရဲ့ ရုပ်အလောင်းရဲ့ အစိတ်အပိုင်းကို ယူတာကို ကန့်ကွက်တာမဟုတ်ပါဘူး။ အဲဒီရုပ်အလောင်းကို ရိုရိုသေသေနဲ့ ယူမယ်ဆို ရင် ပေအိုရီယားကက်သလစ်သာသနာကို ရက်ရက်ရောရောနဲ့ မျှဝေချင်ပါတယ်။ တကယ်လို့များ ဆရာတော်ရှင်းကို ရဟန်္တာတင် မြောက်ဖို့လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်ကို ရပ်ဆိုင်းပြီး ဗာတီကန်ရုံးကို တာဝန်လွှဲဖို့ ပေအိုရီယား ကက်သလစ်သာသနာရဲ့ဆုံးဖြတ်ချက်က နောက်ဆုံးအတည်ဖြစ်မယ်ဆိုရင်တော့ နယူးယောက်ကက်သလစ်သာသနာ အနေနဲ့က ဒိလုပ်ငန်းစဉ်ကို ပြန်စဖို့အတွက် ကူညီဖို့ အစဉ်သင့် ဖြစ်ကြောင်း”” ဖြင့် ဖြည့်စွက်ရေးသားထားသည်။ ရာသက်ပန်ဦးပဥင်းကြီး ဂရေဂေါ်ရီ ကဲင်ဒရာက ““အခုလို ဆရာတော်ရှင်းရဲ့ရုပ်ကြွင်းကျန်ကို တောင်းဆိုတာဟာ ရဟန်္တာတင်မြောက်ဖို့ အတွက် ပထမဆုံးလုပ်ရတဲ့ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ပေးလည်းပေးသင့်ပါတယ်”” ဟု သူ၏အင်တနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပေအိုရီယားကက်သလစ်သာသနာမှ စက်တာဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသော ကြေညာချက်တစ်စောင်တွင်မူ၊ ““ဗာတီကန်ရုံး၏ ရဟန်္တာတင်မြောက်ခြင်းဆိုင်ရာ ကော်မရှင်နဲ့ ဘက်ပေါင်းစုံဆွေးနွေးပြီးတဲ့နောက်ပိုင်း၊ ဆရာတော်ရှင်း၏ ရဟန်္တာတင်မြောက်ခြင်းဆိုင်ရာ အဆင့်ကို လျှော့ချရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း”” ဖြင့် ဖော်ပြထား သည်။ ပေအိုရီယားကက်သလစ်ဆရာတော် ဂျင်ဂီက ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြောက်ခြင်း ဆိုင်ရာ လုပ်ငန်းစတင်ရန် နယူးရောက် ကက်သလစ်သာသနာနဲ့ ဆွေးနွေးရာ နယူးရောက် ကက်သလစ်ဆရာတော် ကာဒီနယ် အီကန်က စိတ်မဝင်စားကြောင်းဖြင့် ပြောကြားလိုက်ပြီးနောက် ပေအိုရီယားကက်သလစ်ဆရာတော် ဂျင်ဂီသည် ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြောက်ခြင်း ဆိုင်ရာ လုပ်ငန်းကို ၂၀၀၂ ခုနှစ်က စတင်လာ ခဲ့ဖြင်း ဖြစ်သည်။၂၀၀၄ ခုနှစ်တွင်မူ ဗာတီကန်ရုံး၏ ရဟန်္တာတင်မြောက်ခြင်းဆိုင်ရာ ကော်မရှင်က ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြောက်ခြင်း ဆိုင်ရာ လုပ်ငန်းသည် အချိန်မ သင့်တော်သေးေ ကြာင်း ပေအိုရီယားကက်သလစ်ဆရာတော် ဂျင်ဂီထံသို့ ပြန်ကြားခဲ့သည်။ အကယ်၍သာ ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြောက်ခြင်း ဆိုင်ရာ လုပ်ငန်းကို မရပ်ဆိုင်းလျှင်မူ ၂၀၁၅ ခုနှစ်လောက်တွင် ဆရာတော်ကြီး ဖူလ်တွန်ရှင်းကို ရဟန်္တာအဖြစ် တင်မြောက်နိုင်ကြောင်းဖြင့် မှန်းထားနေကြပြီး ဖြစ်သည်။

ဆရာတော်ကြီး ဖူလ်တွန်ရှင်းသည် ၁၈၉၅ ခုနှစ် မေလ ၈ ရက်နေ့တွင် မွေးဖွားတော်မူပြီး မွေးချင်း ၈ ယောက်ထဲက စတုတ်္ထမြောက် သား ဖြစ်ကာ ၁၉၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရဟန်းသိက်္ခာကို ခံယူရရှိသည်။ ၁၉၂၃ ခုနှစ်တွင်မူ ဘယ်လ်ဂျီယမ်နိုင်ငံရှိ လွမ်ဗင်ကက်သလစ်တကသိုလ်မှ ဒဿနိကဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၁ ခုနှစ်တွင်မူ ဆရာတော်သိက်္ခာကို ရရှိတော်မူပြီး နယူးယောက်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံရကာ ၁၉၆၅ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့သည်။ ဆရာတော်ကြီးသည် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင်မူ ပျံလွန်တော်မူသည်။ ၀၀၄ ဝင်းလှိုင်ဦး

1634  Views
Previous: မြောက်ကိုရီးယားနိုင်ငံမှ တရားတော်အတွက် အသတ်ခံသော ကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဟောင်ယောင်နှင့်အဖွဲ့သား (၈၀)တို့အား ရဟန်္တာတင်မြှောက်ဖွယ် ရှိ
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဥရောပသမဂ္ဂပါလီမန်တွင် မိန့်ခွန်းမိန့်ကြားမည်