ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဥရောပသမဂ္ဂပါလီမန်တွင် မိန့်ခွန်းမိန့်ကြားမည်

001b
စက်တင်ဘာလ ၁၂၊ ဗာတီကန်၊

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဥရောပသမဂ္ဂပါလီမန်တွင် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လွှတ်တော်အမတ်များအား မိန့်ခွန်းမိန့်ကြားတော်မူမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂပါလီမန်ဥက္ကဌ မာတင်းစခူဇ်က ထုတ်ပြန်လိုက်သည်။ သူ၏ထုတ်ပြန်ချက်ကို ဗာတီကန်ပြန်ကြားရေးဌာနက ချက်ချင်းဆိုသလိုပင် အတည်ပြုလိုက်သည်။

ဥရောပသမဂ္ဂပါလီမန်ဥက္ကဌ မာတင်းစခူဇ်သည် ရဟန်းမင်းကြီးအား ဗာတီကန်ရုံးတော်သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ တုန်းက လာရောက်ဖူးမျှော်တွေ့ဆုံစဉ် ဥရောပသမဂ္ဂပါလီမန်တွင် မိန့်ခွန်းမိန့်ကြားရန် ရဟန်းမင်းကြီးအား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဗာတီကန်မှ ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီးလွမ်ဘားဒီက ““ရဟန်းမင်းကြီးက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သွားရောက်ပြီး မိန့်ခွန်းပြောကြားပြီးတာနဲ့ ချက်ချင်းပဲ ဗာတီကန်ကို ပြန်လာမှာ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ဒီခရီးစဉ်က ရဟန်းမင်းကြီးရဲ့ပြင်သစ်နိုင်ငံခရီးစဉ်မဟုတ်ကြောင်း”” ဖြင့် ထပ်မံရှင်းလင်းပေးလိုက်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ ဥရောပသမဂ္ဂပါလီမန်ခရီးစဉ်နှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂကက်သလစ်ဆရာတော်ကြီးများ၏ ဥက္ကဌ၊ ဂျာမနီကက်သလစ်ဆရာတော်ကြီးကာဒီနယ် ရင်းဟတ်မာစ်က ““ရဟန်းမင်းကြီးက အခုခရီးစဉ်မှာ ဥရောပပါလီ မန်များကို အားပေးမှာဖြစ်သလို ဥရောပသမဂ္ဂ၏ အုတ်မြစ်တန်ဖိုးဖြစ်တဲ့ ခရစ်ယာန်ယုံကြည်ချက် မနက်ဖြန်ဥရောပ ဆိုတဲ့ရည်မှန်းချက်ကို ဘယ်လို ဖန်တီးပေးနိုင်မလဲဆိုတာတွေကို လမ်းညွန်မီးမောင်းထိုးပြမှာဖြစ်ကြောင်း”” ဖြင့် ကြိုတင် မှတ်ချက်ပြုလိုက်သည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဥရောပသမဂ္ဂပါလီမန်တွင် မိန့်ခွန်းပြောကြားသော ဒုတိယမြောက် ရဟန်းမင်းကြီးအဖြစ် သမိုင်း တွင်မည်ဖြစ်သည်။ ဥရောပသမဂ္ဂပါလီမန်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြော ကြားတော်မူသော ရဟန်းမင်းကြီးမှာ ဂျွန်ပေါလ် (၂) ဖြစ်တော်မူ ပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ၎င်းမိန့်ခွန်းကို မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်သည်။ ရဟန်းမင်းကြီးမှာ ဂျွန်ပေါလ် (၂)က ဥရောပသမဂ္ဂပါလီမန်တွင် မိန့်ခွန်းပြောကြားနေစဉ် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က အသက် ၈၆ နှစ်ဖြင့် သေဆုံးသွားသော ပထမဆုံးသောမြောက်အိုင်ယာလန် ဒီမိုကရက်တစ်ပါတီမှ ဝန်ကြီးချုပ်ဖြစ်သူ အိုင်ပေစ်လီက ရဟန်းမင်းကြီးအား ““ခရစ်တော်၏ရန်သူ၊ မင်းကို စွန့်လွှတ်တယ် မင်းရဲ့ယုံကြည်ချက်တွေကို စွန့်လွှတ်တယ်”” အော်ဟစ်နှောင့်ယှက်ခဲ့သောကြောင့် ပါလီမန်အဆောက်အအုံထဲရှိ တခြားလွှတ်တော်အမတ်များကို ၎င်းဝန်ကြီးချုပ် ဝိုင်းဝန်းရှုတ်ချရင်း အပြင်သို့ ဆွဲထုတ်ခဲ့ကြသည်။ ၀၀၁ ဝင်းလှိုင်ဦး

1574  Views
Previous: အမေရိကန်နိုင်ငံမှ နာမည်ကြီးတရားဟောကက်သလစ်ဆရာတော်ကြီး ဖူလ်တွန်ရှင်းအား ရဟန်္တာတင်မြှောက်ရန် လုပ်ဆောင်မှုအတွက် ညှိနှိုင်းနေဆဲ
Next: ဘုန်းတော်ကြီးဂျိုးဇက်မောင်ဝင်းက ကက်သလစ်သာသနာတော်၏ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတစ်ဝတည်းဖြစ်ရေးလုပ်ငန်းကို ရှင်းပြတော်မူ