ယုံကြည်ခြင်းသည် ဒီဂရီဘွဲ့လက်မှတ်ပေါ်တွင် မမူတည်ဘဲဘုရားရှင်မြတ်ပေါ်တွင် အခြေခံကြောင်းဖြင့် ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ

006b

စက်တင်ဘာလ ၁၊ ဗာတီကန်၊

ရဟန်းမင်းကြီးဖရန်စစ်က ယုံကြည်ခြင်းသည် လူသားတို့၏ ပညာတတ်ကျွမ်းမှုအပေါ် အခြေမခံဘဲ ဘုရားသခင်၏ တန်ခိုးတော်အပေါ်တွင် အခြေခံထားကြောင်းဖြင့် မိန့်ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီးက ““ကျွန်တော်တို့သည် ဘုရားရှင်နှုတ်ထွက်စကားတော်ကို သင်ယူမှု သက်သက်အတွက်သာ ဖတ်ကြားခြင်းမဟုတ်ဘဲ ခရစ်တော်ယေဇူး ဘုရားကို တွေ့ရှိရန်အတွက် ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ ယေဇူးဘုရား သည် အရှင်မြတ်၏နှုတ်ထွက်စကားတော်များ၊ အရှင်မြတ်၏ဧဝံဂေလိကျမ်းစာများထဲတွင် တည်ရှိနေကြောင်း”” ဖြင့် တရားနာ ပရိသတ်များအား မီးမောင်းထိုးပြတော်မူ သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက ““လူတိုင်းက နှုတ်ထွက်စကားတော်ကို ခရစ်တော်ဘုရားကို လက်ခံသလို ပွင့်လင်းသော နှလုံးသား၊ နှိမ့်ချသောနှလုံးသား၊ မင်္ဂလာတရားရှစ်ပါးစိတ်ဓါတ်ဖြင့် ဖတ်ရှုလက်ခံသင့်ကြောင်း၊ ခမည်းတော်ဘုရား ၏ နှုတ်ထွက်စကားတော်သည် ခရစ်ယေဇူးဘုရားပင် ဖြစ်ကြောင်း”” ဖြင့် ဟောကြားတော်မူသည်။ ရဟန်းမင်းကြီးက ““ယေဇူးဘုရားသည် အာနုဘော်ဖြစ်ကြောင်း၊ အကြောင်းရင်းကား အရှင်မြတ်သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဆီးဖြင့်လိမ်းကျံခြင်းကို ခံရကြောင်း၊ ထို့ကြောင့် မိမိတို့သည် မြတ်စွာဘုရားသခင် ၏ နှုတ်ထွက်စကားတော်ကို ကြားနာလိုပြီး လက်ခံလိုလျှင် ဝိညာဉ်တော်ဘုရားထံတော်သို့ ဆုတောင်းရပြီး မင်္ဂလာရှစ်ပါးတရားတော်၏ စိတ်ဓါတ် ကို ပိုင်ဆိုင်ရန်အတွက် တောင်းခံသင့်ကြောင်း”” ဖြင့် တရားနာသူများအား ရှင်းပြတော်မူသည်။

အရှင်သူမြတ်က ““ကျွန်တော်တို့ရဲ့ယုံကြြည်ခင်းသည် လူသားတို့၏ ဉာဏ်ပညာပေါ်တွင် မမူတည် ဘဲ မြတ်စွာဘုရား သခင်၏  တန်ခိုးတော် ပေါ်တွင် မူတည်နေကြောင်း၊ ဘုရားရှင်၏နှုတ်ထွက်စကားတော်သည် လူသားတို့၏နှုတ်ဖျားမှ ထွက်သော စကားများနှင့် မတူကြောင်း၊ ပညာရှိစကားမဟုတ်သလို သိပ္ပံပညာဆိုင်ရာစကားလည်း မဟုတ်ကြောင်း၊ ဒဿနိကစကားလည်းမဟုတ်ဘဲ တခြားတမူထူးခြား သောနည်းလမ်းမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း”” ဖြင့် ခရစ်ယာန်ဘာ သာဝင်များအား သွန်သင်ပေးတော်မူသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ အနေဖြင့် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုသင့်ကြောင်း၊ ဖြစ်နိုင်လျှင် အိတ်စောင် ကျမ်းစာကို ဝယ်ပြီး သွားလေရာတါင် ထည့်ထားရင်း ဖတ်ရှုသင့်ကြောင်းဖြင့် တိုက်တွန်းတော်မူလိုက်သည်။ ၀၀၆ ဂျိုးဇက်

1375  Views
Previous: ဘုန်းတော်ကြီးဂျိုးဇက်မောင်ဝင်းက ကက်သလစ်သာသနာတော်၏ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတစ်ဝတည်းဖြစ်ရေးလုပ်ငန်းကို ရှင်းပြတော်မူ
Next: ဖိလစ်ပိုင်နိုင်ငံ၏ပညာရေးရည်မှန်းချက်ဆောင်ပုဒ်တွင် ထည့်သွင်းဖော်ပြထားသော ““ဘုရားသခင်”” ဟူသော အသုံးအနှုန်း ပယ်ဖျက်ခြင်းကို ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များက ရှုတ်ချလိုက်