မကြာခင်ကရဟန္တာအဖြစ်တင်မြှောက်ခြင်းခံရတော်မူသော ရဟန်းမင်းကြီးတစ်ပါးစီ၏ ရဟန္တာပွဲနေ့ကို ဗာတီကန်က သတ်မှတ်ထုတ်ပြန်

010b
စက်တင်ဘာလ ၁၂၊ ဗာတီကန်၊

၂၀၁၄ ခုနှစ်၊ သြဂုတ်လက ရဟန္တာများအဖြစ်တင်မြောက်ခြင်းခံရတော်မူသော ရဟန်းမင်းကြီးယောဟန် (၂၃)နှင့် ဂျွန်ပေါလ် (၂)တို့၏ ရဟန္တာပွဲနေ့ကို အောက်တိုဘာလ ၁၁ ရက်နေ့နှင့် အောက်တိုဘာလ ၂၂ ရက်နေ့တို့တွင် အောက်မေ့ကျင်းပရန် ကက်သလစ်သာသနာတော် ၏ ပြက္ခဒိန်ထဲတွင် ထည့်သွင်းရန် ဗာတီကန်က စက်တင်ဘာလ ၁၂ ရက်နေ့တွင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ထိုကဲ့သို့သော ရက်စွဲများသတ်မှတ်ပေးခြင်းနှင့်စပ်လျဉ်းပြီး ဗာတီကန်၏ထုတ်ပြန်ချက်တွင် ““ကမ္ဘာတစ်ဝှမ်းက လူပေါင်းသန်းနဲ့ချီတဲ့သူတွေ က တောင်းဆိုတာများ တာကြောင့် အခုလို နေ့ရက်အတိအကျကို သတ်မှတ်ပေးရခြင်းဖြစ်ကြောင်း၊ ဒါပေမယ့် ဒီနေ့ရက်တွေ မှာ သူတို့ကို အောက်မေ့သတိရတဲ့ပွဲတွေ ကျင်းပရမည့်  တာဝန်တော့ မရှိကြောင်း၊ ကျင်းပလိုသူများက ကျင်းပနိုင်သလို မကျင်းပလိုသူများလည်း မကျင်းပဘဲ နေနိုင်ကြောင်း”” ဖြင့် ထည့်သွင်းဖော်ပြ ထားသည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပျံလွန်တော်မူသွားကြသော ယောဟန် (၂၃)နှင့် ဂျွန်ပေါလ် (၂)တို့ကို ရဟန္တာများအဖြစ် ၂၀၁၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က တင်မြောက်တော်မူခဲ့ခြင်း ဖြစ်သည်။ ၀၁၀

1427  Views
Previous: ခရစ်ယာန်တစ်ဦး၏ဂုဏ်ဝိသေသသည် ဓမ္မပညာဘွဲ့များမှ ရလာခြင်းမဟုတ်ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိန့်ကြားတော်မူ
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကလေးသူငယ်များအား စစ်တပ်ထဲအတင်းသွင်းခြင်းကို ရပ်ဆိုင်းရေးအတွက် လုပ်ဆောင်ကြရန် ကွန်ဂိုကက်သလစ်ဆရာတော်ကြီးများ မိန့်ကြားတော်မူ