ရဟန်းမင်းကြီး၏ကောင်းကြီးပေးမှတ်တမ်းလွှာကို ဆင်းရဲသားများထံမှတိုက်ရိုက်ရောင်းချရန် အရှင်သူမြတ်ဖရန်စစ်က အမိန့်ထုတ်ပြန်

012b

ရဟန်းမင်းကြီးဖရန်စစ်သည် လက်ထပ်မည့်သူများနှင့် ပထမကိုယ်တော်မြတ်ခံယူရကြမည့်သူများက အမှတ်တရအဖြစ် ဝယ်ယူတတ်ကြသော ရဟန်းမင်းကြီး၏ကောင်းကြီးပေးမှတ်တမ်းလွှာကို ဗာတီကန်ဝန်းထဲရှိ ဆိုင်ခန်းများမှ တဆင့် ရောင်း ချနေခြင်းကို ရပ်ဆိုင်းပြီး အင်တနက်မှ တဆင့် ရောင်းချခြင်းသို့ ပြောင်းလဲရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆိုင်ရှင်များအား အမိန့်ထုတ်ပြန်တော်မူလိုက်သည်။ ထိုသို့သော ရဟန်းမင်းကြီးက ကောင်းကြီးပေးထားသော အမှတ်တရ မှတ်တမ်းလွှာ များနှင့် ဘာသာရေးပစ္ဆည်းများအား ဆိုင်ခန်းများမှရောင်းချခြင်းကို ရပ်ဆိုင်းပြီး အင်တနက်မှရောင်းချခြင်းကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဟု ဗာတီကန်က ထုတ်ပြန်ထားသည်။

ဗာတီကန်ရုံးတော်ရှိ ရဟန်းမင်းကြီး၏ ကောင်းကြီးပေးထားသော အမှတ်တရ မှတ်တမ်းလွှာများနှင့် ဘာသာရေး ပစ္ဆည်းများတာဝန်ခံ ဆရာတော်ကြီး ဂွန်ဒရ ဂရာဂျေစကီက ““ဗာတီကန်ရဲ့ရောင်းဈေးက ယူရို ၃ ကျပ်လောက်ပဲ ရှိတယ်။ ဒါပေမယ့် ဆိုင်မှာကျတော့ ဗာတီကန်ကို လာရောက်ကြတဲ့ ဘုရားဖူးတွေနဲ့ ခရီးသွားဧည့်သည်တွေကို တစ်ခုကို ယူရို ၅၀ ကျပ် လောက်နဲ့ ရောင်းတော့ ဈေးကြီးတာလည်း ပါသလို ရဟန်းမင်းကြီးက ဘာသာရေးပစ္ဆည်းတွေကနေ ရလာတဲ့ငွေတွေကို ဆင်းရဲသားတွေဆီကို တစ်ခါတည်း ရောက်စေချင်တာလည်း ပါတဲ့အတွက် အခုလို စနစ်ကို ပြောင်း လိုက်ခြင်း ဖြစ်ကြောင်း”” ဖြင့် ရှင်းပြတော်မူလိုက်သည်။ ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုကို ဗာတီကန်ဝန်းထဲရှိ ဆိုင်ပိုင်ရှင်များက ကန့်ကွက်ကြသော်လည်း ဗာတီကန်၏ ၎င်း၏ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ထားသည်။

ရဟန်းမင်းကြီးသည် ရဟန်းမင်းကြီး၏ ကောင်းကြီးပေးထားသော အမှတ်တရ မှတ်တမ်းလွှာများနှင့် ဘာသာရေးပစ္ဆည်း များရောင်းချရာမှ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကျော်ကို ပြီးခဲ့သောလက ရရှိခဲ့ပြီး ဆင်းရဲသားများအား အကုန်လုံးလှုဒါန်း ခဲ့ကြောင်းဖြင့် သတင်းရရှိသည်။ ၀၁၂ ဂျိုးဇက်

1586  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကလေးသူငယ်များအား စစ်တပ်ထဲအတင်းသွင်းခြင်းကို ရပ်ဆိုင်းရေးအတွက် လုပ်ဆောင်ကြရန် ကွန်ဂိုကက်သလစ်ဆရာတော်ကြီးများ မိန့်ကြားတော်မူ
Next: အိန္ဒိယနိုင်ငံက အင်္ဂါဂြိုလ်ပေါ်သို့ အာကာသယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် လွှတ်တင်နိုင်ပြီ