နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေ မြန်မြန်ကြည့်ချင်နေပြီဗျို့

03-b

ရန်ကုန်ကက်သလစ်သာသနာမှ ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၇-၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဇတ်ရုံတွင် နှစ်ညဆက်တိုက်ကျင်းပပြု လုပ်ခဲ့သော ““နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေ”” သည် အခုထိ ထွက်လာသေးခြင်း မရှိသေးသည့် အပေါ်တွင် ၎င်းအခွေကို ကြည့်ရှုချင်ကြသော မြန်မာနိုင်ငံတစ်ဝှမ်းက ကက်သလစ်ဘာသာဝင်များထံမှ ဝေဖန်သံများနှင့်အတူ တောင်းဆိုသံ များ ထွက်ပေါ်လာနေသည်။

ဟားခါးမြို့ပေါ်က ဒေါ်စီစီလျားက ““နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေက ထွက်အုံးမလား။ ပိုက်ဆံမရှိလို့ မထုတ်နိုင်တော့ တာလား”” ဟု ဂလိုရီးယားသတင်းဂျာနယ်တိုက်သို့ ဖုန်းဖြင့်လှမ်းမေးသည်။ ကလေးမြို့က ဦးပေါလှံမုန်းက ““ဆရာတော်ချားလ်စ်က ဒီအခွေကို အမေရိကာမှ တည်းဖြတ်ရေးလုပ်နေတယ်လို့ ကြားတယ်။ အမေရိကမှာ ဒီလောက် ခေတ်မှီတာ အခုထိအခွေက တစ်နှစ်တောင် ရှိတော့မယ်။ ဘာဖြစ်လို့ မထွက်သေးတာလဲ”” ဟု ဂလိုရီးယားသတင်းဂျာနယ်တိုက်သို့ ဖုန်းဖြင့်လှမ်းမေးသည်။ မန္တလေးက ဦးအန်ထော်နီက ဘုန်းတော်ကြီး မောင်မောင်ထွန်းက အမေရိကကို သွားလိုက်လို့ ဒီအခွေ တည်းဖြတ်မှုပိုင်းမှာ အဆက်ပြတ်သွားတာလားဟု ဂလိုရီးယားသတင်းဂျာနယ်တိုက် သို့ ဖုန်းဖြင့်လှမ်းမေး သည်။ မြစ်ကြီးနားဖက်က ဒေါ် စဲန်ရော်က ““မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများလက်အောက်ရှိ လူထုဆက် သွယ်ရေးကော်မရှင်က ဘာဖြစ်လို့ အခုထိ ဒီအခွေကို မထုတ်နိုင်သေးတာလဲ”” ဟု ဂလိုရီးယားသတင်းဂျာနယ်တိုက်သို့ ဖုန်းဖြင့်လှမ်းမေးသည်။ ရန်ကုန်မြို့ပေါ်က ဒေါ် ဂရေစီက ““ဖရေဒီက ဒီအခွေကို တာဝန်ယူထားတယ်လို့ ပြောသံကြားတယ်။ ဒီတည်းဖြတ်တဲ့အပိုင်းကို ဖရေဒီကို မလုပ်ခိုင်းဘဲနဲ့ တခြားလူကို လုပ်ခိုင်းလို့ မရဘူးလား”” ဟု ဂလိုရီးယားသတင်း ဂျာနယ်တိုက်သို့ ဖုန်းဖြင့်လှမ်းမေးသည်။

ဤအခွေထုတ်လုပ်နေရေးနှင့်ပတ်သက်ပြီး ဦးဆောင်သူဖြစ်တော်မူသော ဆရာတော်ကြီးချားလ်စ်ဘိုအား ယခုကဲ့သို့ အခွေထွက်ရှိမှုနှောင့်နှေး နေခြင်း အပေါ် အောက်တိုဘာလ ၈ ရက်နေ့က လျှောက်တော်မူရာ၊ ဆရာတော်ကြီးက ““နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေ  ထွက်ရှိဖို့အတွက် တည်းဖြတ်ရေးတာဝန်ယူထားသူနဲ့သာ သက်ဆိုင်ကြောင်း၊ တည်းဖြတ်ရေးတာဝန်ယူထားသူဖက်က ဒီနှစ်အတွင်း မထုတ် ဝေနိုင်ရင် တခြားသူကို လွဲှအပ်ဖို့ စီစဉ်နေကြောင်း”” ဖြင့် ဂလိုရီးယားသတင်း ဂျာနယ်တိုက်သို့ မိန့်ကြားတော်မူသည်။ ယခုကဲ့သို့ ““နာဇရက်မြို့ သားယေဇူး၏ ပြဇာတ်ဗီဒီယို အခွေ”” ထွက်ရှိမှုနှောင့်နှေးနေခြင်းအပေါ် ကိုဖရေဒီအား ဖက်စ်ဘွတ်မှတဆင့် ဆက်သွယ်မေးမြန်းခဲ့ ဖရေဒီက ““ဂျူဗလီမှာ ထွက်ချင်တဲ့အခွေတွေက များနေတယ်၊ နောက်ဂျူဗလီမှာ ထွက်သင့်တဲ့အခွေတွေက များနေတယ်။ ပြီးတော့ အဲဒီအခွေထဲမှာ ပါတဲ့သူတွေကပဲ နောက်အခွေမှာ ပါနေသလို ဖြစ်နေလို့ ကျွန်တော်တို့ရဲ့ နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေကို နောက်ဆုတ်ပေး လိုက်တယ်။ နောက်တစ်ခုကတော့ ဒါရိုက်တာကိုယ်တိုင်က ဘာသာပြန်တဲ့အပိုင်းလေးကို အားမရသေးတာလည်း ချွင်းချက်တစ်ခုပေါ့လေ။ ကျန်တဲ့အပိုင်းတွေက ပြီးပြီဗျ။ ကူးမှာတောင် ဘန်ကောက်မှာ။ ီဠီ ၉ နဲ့သေသေချာချာလည်း လုပ်ပေးချင်လို့ ထွေလာတောင် အင်တနက်မှာ တင်ထားတာပေါ့”” ဟု ပြန်လည်ဖြေဆိုပေးလိုက်ပါသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများလက်အောက်ရှိ လူထုဆက်သွယ်ရေးကော်မရှင် ဒါရိုက်တာဖြစ်တော်မူသော ဘုန်းတော်ကြီး လီအိုမန်းအား ယခုကဲ့သို့ ““နာဇရက်မြို့သားယေဇူး၏ ပြဇာတ်ဗီဒီယိုအခွေ”” ထွက်ရှိမှုနှောင့်နှေးနေခြင်းအပေါ် အောက်တိုဘာလ ၉ ရက်နေ့က လျှောက်တော်မူရာ၊ ဘုန်းတော်ကြီး လီအိုက ငွေကြေးကိစကိုတော့ မိမိနဲ့မသက်ဆိုင်ကြောင်း၊ ဒီအခွေကို အင်္ဂလိပ်လို့ ဘာသာပြန်တော့ ဘာသာပြန်တဲ့နေရာမှာ တီးလုံးက အစ ဇာတ်တစ်ခုလုံးကို ဘာသာပြန်တဲ့နေရာမှာ အချိန်ယူရတာကြောင့်ရယ်၊ တည်းဖြတ်ရေးတာဝန်ခံ ကိုဖရေဒီဖက်ကလည်း တခြားအလုပ်တွေကို ဦးစားပေးနေရတာကြောင့် အခုထိ မထွက်လာသေးတာဖြစ်ကြောင်း၊ တကယ်တော့ ဒီအခွေကို အရည်အသွေးအကောင်းဆုံး ဖြစ်အောင် နိုင်ငံခြား (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့) မှာ လုပ်ထားပါကြောင်း၊ ဒါပေမယ့်လို့ တစ်နှစ်ကျော်အထိ မထွက်လာတာကတော့ ပြောစရာဖြစ် တာတော့ အမှန်ဖြစ်ကြောင်း”” ဖြင့် ဖြေကြားပေးတော်မူသည်။ ၀၀၅ကုန်ဇမှုန်း

1650  Views
Previous: ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံ (၄၅) ကော်မတီအစည်းအဝေးကို ဇန်နဝါရီလတွင် ဟားခါးမြို့တွင် ကျင်းပရန်ရှိ
Next: မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်မှ လစဉ်သတင်းစာစောင်သစ်တစ်ခုကို ဗမာဘာသာစကားဖြင့် ထုတ်ဝေရန်ရှိ