မြန်မာနိုင်ငံသို့ကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ဂျူဗလီပွဲတော်ကို ရန်ကုန်မြို့တော်တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့ပြီ

85-b

ရန်ကုန်၊ နိုဝင်ဘာလ ၂၄

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ဂျူဗလီပွဲတော် ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ၎င်းပွဲတော်သို့ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ အထူးသံတမန်အဖြစ် အိန္ဒိယနိုင်ငံမှ ဘုံဘေကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ဆရာတော်ကြီး အော်ဆွေဂရား စီယားစ် က ကြွရောက်တော်မူပြီး ဂျူဗလီပွဲတော်ကြီးကို ၂၁ ရက်နေ့ နိုဝင်ဘာလ ၂၀၁၄ ခုနှစ်၊ နံနက် ၉ နာရီ တွင် စတင်ဖွင့်လှစ်ပေး တော်မူခဲ့သည်။ ၎င်းပွဲတော်သည် တခြားသော ပွဲလမ်းသဘင်ကဲ့သို့မဟုတ် ဘဲ နံနက် ၉ နာရီမှ ညနေ ၃း၃၀ နာရီအထိ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းဖြင့် ပွဲရက် နှစ်ရက်ကိုမူ ကုန်ဆုံးကြသည်မှာ လွန်စွာပင်ထူးခြားပေသည်။ ၎င်းပွဲတော်သို့ မြန်မာနိုင်ငံတစ်ဝှမ်းနှင့် နိုင်ငံခြား များမှ ကာဒီနယ်ဆရာတော်ကြီးတစ်ပါး၊ ဆရာတော်ကြီးများ (၂၄) ပါး၊ ရဟန်းတော်များ (၃၀၀) ကျော်၊ သီလရှင်များ (၅၀၀) ကျော်နှင့်ဘာသာဝင်ပေါင်း တစ်သိန်းကျော် ပါဝင်ဆင်နွဲ ဆုတောင်းချီးမွမ်းခဲ့ကြသည်ဟု ခန့်မှန်းရပါသည်။

ကာဒီနယ်ဆရာတော်ကြီး အော်ဆွေဂရားစီယားစ်က ဂျူဗလီဖွင့်ပွဲနေ့တွင် ဘုရားဖူးဘာသာဝင်များ အား သြဝါဒမိန့်ကြားရာတွင် ““မိမိအနေဖြင့် ဗမာစကားကို မပြောတတ်သော်လည်း ဆရာတော် ကြီးချားလ်စ်ဘိုက သင်ကြားပေးသော ““ကျေးဇူးပဲ”” ဟူသော ဗမာစကား တစ်ခွန်းကိုမူ ပြော တတ်ပါကြောင်း၊ အခုဒီပွဲတော်ကိုလာရောက်ကြတဲ့ မြန်မာနိုင်ငံကက် သလစ်ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သူတော်စင်များနှင့်ဘာသာဝင်များ အားလုံးကို နှုတ်ခွန်းဆက်စကားပြောလိုပါ တယ်။ မိမိအနေဖြင့် ရဟန်းမင်းကြီး၏အထူးသံတမန်အဖြစ် လာရောက်ရတဲ့အတွက် စိတ်သိမ် ငယ်မိကြောင်း၊ ရဟန်းမင်းကြီးက ခင်ဗျားတို့အားလုံးကို ပါးလိုက်တဲ့စကားကတော့ မိမိအနေနဲ့ ဒီပွဲတော်ကို လာရောက်ပြီး သားသမီးများနဲ့အတူ နေချင်ပေမယ့် ဘယ်လိုမှမဖြစ်နိုင်တာမို့ မိမိကိုယ် စားလှယ်ကို စေလွှတ်ခဲ့ရာပါကြောင်း၊ ကျွန်ုပ်က ခင်ဗျားတို့အတွက် ရဟန်းမင်းကြီးရဲ့ ချစ်ခြင်းမေတ်္တာတွေနဲ့နှုတ်ခွန်းဆက်စကားတွေနဲ့ကောင်းချီးတော်တွေကို သယ်ဆောင်လာ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဟာ အသင်းတော်ကြီးအတွက် အင်မတန်မှထူးခြားတဲ့နိုင်ငံဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံအသင်းတော်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်၊ အခက်အခဲတွေ အများကြီး ရှိတယ်။ တဆက်တည်းမှာပဲ အနာဂါတ်မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ရဟန်း မင်းကြီးက အားငယ်တဲ့အသင်းတော်၊ ဒုက်္ခရောက်တဲ့အသင်းတော်တွေကို ထူးခြားတဲ့မေတ်္တာ ထားရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံဟာ ရဟန်းမင်းကြီးအတွက် ထူးခြားတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်ုပ်အတွက်လည်း မြန်မာနိုင်ငံဟာ ထူးခြားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လွန်ခဲ့နှစ် ၅၀ က အိန္ဒိယနိုင်ငံကနေ မိမိနဲ့နာမည်တူတဲ့ ကာဒီနယ်ဟာ ရဟန်းမင်းကြီး ကိုယ်စား မြန်မာပြည် ကို ကြွရောက်ခဲ့ဖူးပါတယ်။ အခု မိမိလည်း သူ့လိုပဲ မြန်မာပြည်ကို လာရောက်ပါတယ်။ ဒီကာဒီနယ် ကို မိမိအနေနဲ့ ပုဂ်္ဂိုလ်ရေးအရ သိခဲ့ပါတယ်။ သူက ကျွနု်ပ်ကို ရဟန်းဖြစ်သင်ကျောင်း ဝင်တော့ ကောင်းကောင်း လက်ခံခဲ့တယ်။ မိမိကို ရဟန်းသိက်္ခာပေးတယ်။ သူ့အတွက် အလုပ်တွေ အများကြီး လုပ်ပေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့နှစ် ၅၀၀ က ယုံကြည်ခြင်း သတင်းကောင်းကို ရရှိခဲ့ကြတယ်။ လက်ခံခဲ့ကြတယ်။ ဒီအတွက် ဂုဏ်ယူမဆုံး ဖြစ်ကြရပါတယ်။ ကျွန်ုပ်တို့အတွက် ယုံကြည်ခြင်းဆိုတဲ့အရာဟာ အထူးခြားဆုံး၊ အမွန်မြတ်ဆုံး သော ဘုရား သခင်ရဲ့လက် ဆောင်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူ့ဘဝမှာ ဘုရားသခင်ကို သိရှိရခြင်းနဲ့ ဆက်ဆံရခြင်းဟာ အထူးခြား ဆုံးသော ကျေး ဇူးတော် ဖြစ်ပါတယ်။ အခုလို ဒီနေ့ နှစ် ၅၀၀ ဂျူဗလီကို ကျင်းပနေကြတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ရရှိခဲ့ကြတဲ့ ယုံကြည်ခြင်းကျေးဇူးတော် အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြရမယ်။ ဒါပေမယ့် တဆက်တည်းမှာလည်း ကျွန်တော် တို့ဟာ နှိမ့်ချခြင်းနဲ့မိမိကိုယ်ကို ပြန်လည် သုံးသပ်ကြရမယ်။ ကျွန်တော်တို့ဟာ ယုံကြည်ခြင်း မှာ မွေးဖွားခဲ့ကြရတယ်ဆိုတဲ့အသိတရားနဲ့ ကျေးဇူးတင်ရင်း စိန်ခေါ်မှုတွေကိုလည်း တွန်းလှန်ကြရ မယ်။ ဒီအချိန်မှာ ကျေးဇူးတင်ရတဲ့အချိန်ဖြစ်သလို ဆင်ခြင်သုံးသပ်ရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဆင်ခြင်သုံးသပ်ရမှာက ကျွန်တော်တို့ ခံယူရရှိခဲ့ကြတဲ့ ယုံကြည်ခြင်းကျေးဇူးတော်၊ ဧဝံဂေလိ သတင်းကောင်းကို ဘယ်လို သစ်္စာရှိစွာ နေထိုင်သွားကြရမလဲဆိုတာကို စဉ်းစားကြရမယ်။ ကျွန်တော်တို့ဟာ ရက်ရောတဲ့စိတ် ရှိဖို့လိုအပ်ပါတယ်။ ဧဝံဂေလိသတင်း ကောင်းကို ရက်ရောစွာ နဲ့ဟောပြောကြရမယ်။  ဒီနေ့ကမ်္ဘာကြီးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်။ မြန်မာနိုင်ငံမှ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။ အာရှတိုက်မှာ စိန်ခေါ်မှုတွေ ရှိနေတယ်။  အဲဒီစိန်ခေါ်မှုတွေက  ဘာတွေလည်းဆိုရင် ကိုယ်ကျင့်တရားရေးရာမှာ ချိုးဖောက် လာကြပြီးတော့ ဖောက်ပြန်လို တဲ့စိတ်တွေ ကမ်္ဘာကြီးမှာ များပြားလာတယ်။ ဘုရားသခင် မရှိရင် လည်း နေလို့ရ ပါတယ်၊ သတင်းကောင်း ဆိုတာ မရှိရင်လည်း နေလို့ရပါတယ်၊ ခရစ်တော်ဆိုတာ မလိုဘူးဆိုတဲ့စိတ်တွေ ကမ်္ဘာကြီးမှာ ပြည့်နှက်နေတယ်။ အသင်းတော်ဆိုတာ မလိုဘူးဆိုတဲ့စိတ်တွေ များနေတယ်။ ဒီစိန်ခေါ်မှုတွေအကြား ထဲမှာ ကျွန်တော်တို့ ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်လိုတုံ့ ပြန်ကြ မလဲဆို တာ ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ ကမ်္ဘာကြီးမှာ ရန်လိုတဲ့စိတ်တွေ၊ ဖျက်ဆီးလိုတဲ့စိတ်တွေ များနေ တယ်။ သေကြေနေကြတယ်။ သတ်ဖြတ်နေကြတယ်။ ဒီကမ်္ဘာကြီး ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေ ခံစားနေကြရတယ်။ ဒီစိန်ခေါ်မှုတွေကို ဧဝံဂေလိတရားတော်က သွန်သင်ပေးနေ တဲ့ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြတယ်ဆိုတဲ့စိတ်နဲ့သာ ရင်ဆိုင်ဖြေ ရှင်း နိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ၊ အိန္ဒိယနိုင်ငံမှာ အာရှတိုက်မှာရော ခရစ်တော်ရဲ့ တရားတော်ကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံရော ကမ်္ဘာကြီးကရော ခရစ်တော်ကို လိုအပ်ပါတယ်။ ရဟန်္တာရဟန်းမင်းကြီးယောဟန်ပေါလူး (၂) က ဘယ်သူကမျှ ခရစ်တော်ကိုရော ခရစ်တော်ရဲ့ တရားတော်ကိုလည်း ကြောက်ဖို့မလိုပါဘူး။ ကျွန်ုပ်တို့က ဘယ်သူကိုမျှ ဖျက်ဆီးဖို့လာတာ မဟုတ်ဘူး။ ခရစ်တော်ရဲ့ တရားတော်ဟာ လူသားကို ပိုကောင်းစေဖို့အတွက်သာ ဖြစ်ပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။ နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးက ခင်ဗျားတို့ကို တစ်ခုတောင်းဆိုပါတယ်။ အဲဒါကတော့ သူ့အတွက် ဆုတောင်းပေးကြပါတဲ့။ ခင်ဗျားတို့အားလုံးက သူ့အတွက် ဆုတောင်းပေးမယ်လို့ ယုံကြည်ပါတယ်။ အခုလိုနှစ် ၅၀၀ ဂျူဗလီပွဲတော်ကြီးကို ကျင်းပနိုင်တဲ့ အတွက် အားလုံးကို ဂုဏ်ယူပါတယ်။ ကျွန်ုပ်အပေါ် နွေးထွေးတဲ့ကြိုဆိုမှုတွေ အတွက် ကျေးဇူး တင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဖော်ရွှေမှုတွေ၊ ခံစားချက်တွေနဲ့ခရစ်တော်ရဲ့ တရားတော် အတိုင်း အသက်ရှင်ဖို့ ကြိုးစားနေကြတဲ့ခင်ဗျားတို့ရဲ့ ခံယူချက်တွေကို ရဟန်းမင်းကြီး ဖရန်စစ်ထံ သယ်ဆောင်ပြောကြားပေး မည်ဖြစ်ကြောင်း”” မိန့်ကြားတော်မူသည်။

နှစ် ၅၀၀ ဂျူဗလီပွဲတော်သို့ လာရောက်ကြသူများ၏ ခံစားချက်နှင့်သုံးသပ်ချက်များကို ဂလိုရီးယား သတင်းဂျာနယ်မှ လိုက်လံမေးမြန်းရာ၊ ““ဗန်းမော်ကက်သလစ်သာသနာမှ ဒေါ်ကျီးနန်က ကျွန်မရဲ့ ခံစားချက်ကို မပြောတတ်ကြောင်း ပြောသည်။ ဒေါ်ခွန်ဒွန်ကလည်း ဒီမှာလည်း မရောက် ဖူးတော့ ရောက်ဖူးသည်ရှိအောင် လာတာလည်းပါသလို ဒီပွဲတော်ရဲ့ခံစားချက် ကိုတော့ ပြောမ တတ်ကြောင်း၊ နှစ် ၅၀၀ ဆိုတာ ဘယ်တော့မှ ကြုံနိုင်မှာ မဟုတ်တာကြောင်း အခုလိုလာ ရခြင်းဖြစ်ကြောင်း ပြောပြသည်။ အသင်းတော်ရဲ့သာသနာလုပ်ငန်းတွေ အပေါ်မှာလည်း အား ရကြောင်း ပြောဆိုသလို ဗန်းမော်သာသနာ၊ ဖူးညီနားလိုင်သာသနာဖက်က စစ်ဘေးဒုက်္ခ သည်တွေရဲ့အခြေအနေကို မေးကြည့်တော့ အစတိုက်ပွဲဖြစ်တုန်းကတော့ ကျွန်မတို့ဖက် တတ်နိုင်သလောက် ကူညီပေးရကြောင်း၊ နောက်ပိုင်းမှာတော့ ကူညီပေးမဲ့အဖွဲ့ အစည်းတွေ ရောက်လာတော့ ကျွန်မတို့ကတော့ မကူညီတော့ကြောင်း၊ ဒုကသည်တွေ ကိုယ်တိုင်လည်း တောမှာကိုယ့်ဟာကိုယ် ရှာစားတတ် နေပြီဖြစ်ကြောင်း၊ တချို့က တိုက်ပွဲဖြစ်မှာ စိုးလို့ ကြိုတင်ပြေးရတာလည်း ရှိကြောင်း၊ သူတို့က အဒေါ်တို့နဲ့က ရှစ်မိုင်လောက် ဝေးတယ်။ တိုက်ပွဲကတော့ ဖြစ်တယ်လို့ ပြောရခက်တယ်”” ဟု ဖြေကြားပေးသည်။ မြောင်းမြ က ဒေါ်မာရီယားကတော့ မရောက်ဖူးတဲ့နေရာလာတော့ ပျော်တယ်။ မနက်မှရောက်တော့ ဘယ်မှာမှ မတည်းရသေးဘူးဟု ဖြေကြားပေးသည်။ ဗန်းမော်သာသနာကနေလာတဲ့ ဦးမောင်စိုး ကို မေးကြည့်တော့ ““ကျွန်တော်က ရှမ်းလူမျိုးပါ။ ဗုဒ်္ဓဘာသာကနေ ကက်သလစ်ခရစ်ယာန်ဘာ သာကို ပြောင်းလာတာမကြာသေးဘူး။ ဘာဖြစ်လို့ ပြောင်းလာသလဲဆိုတာမေးတော့ ခရစ်ယာန်ဘုရားကျောင်းကို ခဏခဏ သွားလည်ရင်း ဒီဘာသာကို ပိုကောင်းတယ်ဆိုတာ သိသွားလို့ ပြောင်းလာ တာဖြစ်ပါတယ်ဟု ဖြေကြားပေးသည်။ ဦးပေါက်အောင်က သာသနာရဲ့ လုပ်ငန်းတွေအပေါ် သုံးသပ်ခိုင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် မထိရောက်သေးဘူး။ ဒီကိုလာတာလည်း သူများတွေ ဘယ်လိုလုပ်နေကြ သလဲ ဆိုတာကို လေ့လာချင်တာလည်း ပါပါတယ်ဟု သုံးသပ်သည်။ မိုးကောင်းက လာတဲ့ လူငယ်အမျိုးသမီးကတော့ ဒီပွဲတော်ကို လာဖြစ်အောင် ဆုတောင်းခဲ့ရကြောင်း၊ အခုလို ဒီကျောင်းတော်ကြီးမှာ ဒီပွဲတော်ကြီးကို ကျင်းပတော့ အင်မတန်မှ ပီတိဖြစ်နေကြောင်း၊ ဂုဏ်လည်းဂုဏ်ယူ မိကြောင်း ပြောပြ သည်။ တောင်ငူ သာသနာမှ ဘုန်းတော်ကြီးက ““မြန်မာပြည်ကက်သလစ်သာသနာတော်ရဲ့ ဖွဲ့စည်းပုံတွေဟာ အလုပ်မဖြစ်၊ မထိရောက်ဘူး၊ အလုပ်ဖြစ်အောင် ပြုပြင်ဖို့လိုအပ်နေပါပြီ၊ ကျန်တာ ကတော့ ဂုဏ်ယူပါတယ်”” ဟု ဖြေကြားပေးသည်။ ကျိုင်းတုံသာသနာမှ ဘာသာသူတစ်ဦးက ““ဒီကိုလာရတာက မရောက်ဖူး တာရယ်၊ ဒီဂျူဗလီပွဲတော်အပေါ်ကျွန်မရဲ့ခံစားချက်ကတော့ မပြောပြတတ်လောက်အောင် ကို ပျော်တယ်။ သာသနာလုပ်ငန်းတွေအနေနဲ့ကတော့ စစ်္စတာရ်တို့ က ရွာအထိဆင်းပြီးတော့ ကျွန်မတို့ဘာသာဝင်တွေကို ဘုရားစကားတွေ လိုက်သင်ပေးနေပါ တယ်”” ဟု ဖြေကြားပေးသည်။ ဗီယက်နမ်နိုင်ငံမှ ကြွရောက်လာတော်မူသော ဆရာတော်ကြီး ပီတာက ““အခုလို ဒီပွဲကိုလာနိုင်တာက သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ချားလ်စ်ဘိုက ဖိတ်လို့ လာဖြစ်တာပါ။ ဒီပွဲတော်ကို ကြည့်ပြီးတော့ မြန်မာပြည်က အစိုးရရော၊ ဆရာတော်တွေရော ဘာသာဝင်တွေရော ဘယ်လောက် ပူးပေါင်းဆောင်ရွက်ကြသလဲဆိုတာ ပေါ်လွင်နေပါ တယ်။ မြန်မာပြည်က ကက်သလစ်ဘာ သာဝင်တွေရဲ့ယုံကြည်ခြင်းက တော်တော်ရင့်ကျက်နေပြီလို့ သုံးသပ်မိပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း ကက်သလစ်သာသနာတော် ရောက်ရှိလာတာ နှစ် ၄၀၀ ရှိနေပြီ”” ဟု ဖြေကြားပေးတော်မူသည်။

နောက်ဆုံးနေ့ဖြစ်သော နိုဝင်ဘာလ ၂၃ ရက်နေ့တွင်မူ ဂျူဗလီမစ်္ဆားတရားတော်မြတ်ကို သုဝဏ္ဍ ဘောလုံးကွင်းလေ့ကျင့်ရေးကွင်း (၃) တွင် နံနက် (၇) နာရီတွင် စတင်ကျင်းပကြသည်။ ၎င်းဆုတောင်းပွဲတွင် သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာန၊ ဘာသာရေးအဖွ့ဲအစည်းများ မှ ပေးပို့ ကြသော သဝဏ်လွှာများကို ဖတ်ကြားကြသည်။ ထို့တနင်္ဂနွေနေ့၊ သုဝဏ္ဍလေ့ကျင့်ရေးကွင်းတွင် ကျင်းပပြုလုပ်သော ဂျူဗလီနောက် ဆုံးနေ့ဖြစ်သော နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မိန့်ကြားတော် မူသော ကာဒီနယ်ဆရာတော်ကြီး အော်ဆွေဂရားစီယားစ်က ““မိမိအနေဖြင့် မြန်မာပြည်ကက် သလစ်ဆရာတော်ကြီးများနဲ့စကားပြောဆိုရာတွင် သတိထားမိသောအချက်မှာ ကက်သလစ်ခရစ် ယာန် မိသားစုဝင်များအကြား အိမ်ထောင်ရေးပြိုကွဲမှုပြဿနာ နည်းပါးသေးသည့်အချက်ကို ကြားသိရ ပါကြောင်း၊ ဒါကြောင့်မို့ ကက်သလစ် ခရစ်ယာန်မိသားစုဝင်များအကြား အိမ်ထောင်ရေးပြို ကွဲမှုပြဿနာ ဖြစ်ပေါ်လာမည့်အချိန်ကို စောင့်မနေကြဘဲ ကက်သလစ် ခရစ်ယာန်မိသားစုဝင်များ အနေဖြင့် ညတိုင်း အတူတူဆုတောင်းခြင်းကို ပြုလုပ်ကြလျှင် မိသားစုအတွင်းပြသာနာများ၊ အိမ်ထောင်ကွဲခြင်းများ ရှိမည်မဟုတ်ကြောင်း”” ဖြင့် ဘုရားဖူးဘာသာဝင်များ အား ဟောကြားပေးတော်မူလိုက်သည်။

 

တဖန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် ရဟန်းမင်းကြီး၏ အထူးသံတမန်ကြွရောက်တော်မူသော  ကာဒီနယ်ဝါ (၇) နှစ်ပြည့်သောနှစ်ပတ်လည်ကို စိန်မေရီ ဘုရားကျောင်းတွင် ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများ၊ ရဟန်းတော်များ။ သီလရှင်များနှင့် ဘာသာဝင်များ တက်ရောက်ပြီး ဂုဏ်ပြုဆုတောင်ပေးကြပါသည်။ ဆုတောင်းခြင်းအပြီးတွင် ကာဒီနယ်ဆရာတော်ကြီးနှင့် ဆရာတော်များ၊ ရဟန်းးတော်များ၊ သီလရှင်များက ဆွေးနွေး ပွဲပြုလုပ်ကြရာတွင် ကက်သလစ်သာသနာတော် အလွှာ ၄ ခုမှ မေးခွန်း (၅) ခုကို မေးမြန်းကြ သည်။ ကက်သလစ်ဘာသာဝင်များထဲမှ ဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦး (ဂလိုရီးယား သတင်းဂျာနယ်၏ အယ်ဒီတာချုပ်) က မြန်မာနိုင်ငံတွင် ကက်သလစ်သာ သနာတော် ရောက်ရှိ သည်မှာ နှစ်ပေါင်း (၅၀၀) ရှိနေပြီဖြစ်သည့်အပြင် ဂိုဏ်းချုပ်ဆရာတော်လည်း (၃) ပါး ရှိကြသည်ဖြစ်သောကြောင့် သူတို့သုံးပါးထဲမှာ တစ်ပါးပါးကို ကာဒီနယ်အဆင့်သို့ တိုးမြှင့်ပေး ပါရန် ဖြစ်နိုင်ခြင်းရှိမရှိကို ရဟန်းမင်းကြီးအား မေးမြန်းပေးပါရန် လျှောက်ထားတော် မူသည်။ ကာဒီနယ်ဆရာတော်ကြီးက ဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦး၏မေးခွန်း ကို ပြန်ဖြေရာတွင် ““ဖြစ်နိုင်ပါကြောင်း၊ ရဟန်းမင်းကြီးကိုလည်း ပြောပေးမည်ဖြစ်ေ ကြာင်း”” ဖြင့် ပြန်လည်ဖြေ ကြားပေးတော်မူသည်။

 

ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီကို ကျင်းပရခြင်းသမိုင်းကျဉ်းကမူ၊ မြန်မာပြည်တွင် ခရစ်ယာန်ဘာသာ၏အမှတ်လက်္ခဏများကို ပုဂံမြို့ ကျန်စစ်သားမင်းတည်ထားကိုးကွယ်ခဲ့သော အာနန်္တာစေတီအတွင်း အုတ် နံရံပေါ်က ပဒုမာကြာပွင့်၏ ပွင့်ရွက်တွေအပေါ်တွင် လာတင်းခရူစူးကားတိုင်လေးခု၊ ဂရိတ်ခရူစူးကား တိုင်လေးခု၊ ကြာပွင့်ဗဟိုတွင် လာတင်း ခရူစူးတစ်ခုတို့ကို စတင်တွေ့ရှိခဲ့ခြင်းမှ သာသ နာတော် ရောက်ရှိလာသည့် ၁၅၁၁ ခုနှစ်ကိုအခြေခံပြီး စတင်ရေတွက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။  ကက်သလစ်သာသနာတော်သည် ခရစ်တော်ယေဇူးဘုရားက အေဒီ ၃၃ ခုနှစ်တွင် တည်ထောင်တော်မူခဲ့သော တစ်ခုတည်းသော ခရစ်ယာန်အသင်းတော် ဖြစ်သည်။ လက်ရှိမြန် မာနိုင်ငံတွင် ကက်သလစ်ခရစ်ယာန်ဘာသာဝင်ပေါင်း (၇) သိန်းဝန်းကျင်၊ ဆရာတော်ပိုင်သာ သနာ (၁၆) ခုတွင် ဆရာတော် (၂၄) ပါး၊ ရဟန်းတော်များ (၉၀၀) ပါးကျော်၊ သီလရှင်ပေါင်း (၁၅၀၀) ကျော် ရှိနေပြီဟု သိရှိရသည်။ ၀၀၁ အယ်ဒီတာချုပ်

1421  Views
Previous: ဆရာတော်ကြီးစတီးဗင်းတေဖေအား လွိုင်ကော် ကက်သလစ် ဂိုဏ်းအုပ် ဆရာတော် အဖြစ် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ရာထူးတိုးပေး တော်မူ
Next: ၂၀၁၅ ခုနှစ်မှာ သူတော်စင် (ဘရာသာရ်များ၊ စ⁠စ္စတာရ်) တို့ကို များများလှူဒါန်းကြပါ။